A d v e r t i s e m e n t With Us

တပ်ကုန်း​မြို့​နယ် အဖွဲ့​ချုပ်ဝင် ဦး​ဖိုး​ထောင် ဖမ်း​ဆီး​ခံရ

မန္တ​လေး​တိုင်း​ တပ်ကုန်း​မြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် ဦး​ဖိုး​ထောင်ကို တပ်ကုန်း​မြို့​ အာဏာပိုင်​တွေက မ​နေ့​က ဖမ်း​ဆီး​ထိန်း​သိမ်း​လိုက်ပါတယ်။ ဦး​ဖိုး​ထောင်ဟာ ဇူလိုင် ၁၉ ရက်​နေ့​က မိထ္တိလာမြို့​နယ် အဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပတဲ့​ အာဇာနည်​နေ့​ သွား​ပြီး​အပြန်မှာ ဖမ်း​ဆီး​ခံလိုက်ရတာလို့​ ဦး​ဖိုး​ထောင်ရဲ့​သား​ ကိုကူး​မား​က ​ပြောပါတယ်။ “မိတ္ထီလာက​နေ ပြန်လာပြီး​တော့​ တပ်ကုန်း​အဝင် စစ်​ဆေး​ရေး​ဂိတ်မှာ အဖမ်း​ခံလိုက်ရတယ်။ အက်စ်ဘီက​နေပြီး​တော့​ ဖမ်း​သွား​တာ။ မိတ္ထီလာသွား​လို့​ဆိုပြီး​ ဖမ်း​သွား​တာ။ သွား​လို့​ မရဘူး​ပေါ့​နော်။ သူတို့​ အရင်တ​ခေါက်ကလည်း​ ကျ​နော်တို့​ ဧည့်​နိုင်ငံသား​ဆိုပြီး​ အဲဒီလိုမျိုး​နဲ့​ သူ့​ကို ​ထောင်ချလိုက်ပါတယ်။” ဦး​ဖိုး​ထောင်ကို မ​နေ့​က ဖမ်း​ဆီး​ပြီး​နောက် လူဝင်မှုကြီး​ကြပ်​ရေး​ရုံး​မှာ ထိန်း​သိမ်း​ထား​ပြီး​ လူဝင်မှုကြီး​ကြပ်​ရေး​-လဝက ပုဒ်မ (၅)-၁ (နိုင်ငံခြား​သား​ခရီး​သွား​လာခွင့်​ တိုင်ကြား​ရာပျက်ကွက်မှု) အရ တရား​စွဲဆိုထား​တယ်လို့​ သား​ဖြစ်သူက ​ပြောပါတယ်။ ဦး​ဖိုး​ထောင်ဟာ ပြီး​ခဲ့​တဲ့​နှစ် မတ်လ ၅ ရက်​နေ့​က အဖွဲ့​ချုပ် မန္တ​လေး​ တိုင်း​နဲ့​မြို့​နယ်စည်း​ အဖွဲ့​ဝင်​တွေရဲ့​ အစည်း​အ​ဝေး​ကို တက်​ရောက်ပြီး​အပြန်မှာ အလား​တူ အမှုနဲ့​ တရား​စွဲဆိုခံရပြီး​ ​ထောင်ဒဏ် တနှစ်ခွဲ ချမှတ်ခံရပါတယ်။ ထောင်တွင်း​ ၁၃ လ ​နေခဲ့​ရပြီး​ ပြီး​ခဲ့​တဲ့​ ဧပြီ ၆ ရက်​နေ့​မှာ စစ်ကိုင်း​တိုင်း​ ကသာ​ထောင်က​နေ ပြန်လွတ်​မြောက်ခဲ့​တာဖြစ်ပြီး​ ၃ လအကြာမှာပဲ ထမ်မံ ဖမ်း​ဆီး​ခံရတာ ဖြစ်ပါတယ်။ ဦး​ဖိုး​ထောင်ဟာ မြန်မာနိုင်ငံမှာ ​မွေး​သူဖြစ်​ပေမယ့်​ မွတ်စလင်ဖြစ်တာ​ကြောင့်​ ဧည့်​နိုင်ငံသား​ကတ်ပြား​သာ ရရှိထား​သူဖြစ်ပါတယ်။ သူ့​ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်ဖြစ်တာ​ကြောင့်​ အခုလို အ​ရေး​ယူတာလို့​ မိတ္ထီလာမြို့​နယ် အဖွဲ့​ချုပ်ဝင် ​ဒေါ်မြင့်​မြင့်​အေး​က ​ဝေဖန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up