A d v e r t i s e m e n t With Us

မြန်မာ့​လူ့​အခွင့်​အ​ရေး​ကို ​ဝေဖန်​ထောက်ပြရန် အိန္ဒိယအစိုး​ရကို တိုက်တွန်း

ဟီလာရီ ကလင်တန် (ဓာတ်ပံု - ရိုက်တာ)
မြန်မာနိုင်ငံမှာ ဒီမိုက​ရေစီနဲ့​လူအခွင့်​အ​ရေး​ တိုး​တက်​ရေး​ အိန္ဒိယအစိုး​ရအ​နေနဲ့​ဆောင်ရွက်​ပြောဆိုဖို့​အိန္ဒိယနိုင်ငံ ချင်နိုင်း​မြို့​ကို ​ရောက်​နေတဲ့​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်က ဇူလိုင် ၂၀ ရက်က ​ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မူ​တွေဟာ ဆိုး​ဝါး​နေဆဲဖြစ်ပြီး​ အိန္ဒိယအစိုး​ရအ​နေနဲ့​မြန်မာနိုင်ငံက လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို လူသိရှင်ကြား​ ​ဝေဖန်​ထောက်ပြဖို့​၊​ မြန်မာအာဏာပိုင်​တွေနဲ့​ ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​ကြည်တို့​ ​တွေ့​ဆုံ​ဆွေး​နွေး​နိုင်​ရေး​အတွက် တိုက်တွန်း​စေလို​ကြောင်း​ ​ပြောဆိုခဲ့​ပါတယ်။ [caption id="attachment_13037" align="alignright" width="310" caption="ဟီလာရီ ကလင်တန် (ဓာတ်ပုံ - ရိုက်တာ)"][/caption] မြန်မာနဲ့​ဆက်ဆံရာမှာ အိန္ဒိယနိုင်ငံအတွက် အကျိုးစီး​ပွား​တွေ ရှိ​နေတယ်ဆိုတာနား​လည်း​သ​ဘော​ပေါက်​ပေမယ့် မြန်မာအစိုး​ရနဲ့​ဆက်ဆံမူ့​တွေ လုပ်တဲ့​ တစ်ချိန်တည်း​မှာဘဲ မြန်မာ့​ဒီမိုက​ရေစီ အ​ရေး​တိုး​တက်​ရေး​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​ပေး​ရေး​ အတွက်ကိုလည်း​ ​တောင်း​ဆို ​ပြောကြား​တာ​တွေ လုပ်သင့်​တယ်လို့​ပြောဆိုသွား​ပါတယ်။ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ရဲ့​ ​ပြောစကား​နဲ့​ပတ်သက်ပြီး​ အိန္ဒိယက​ရောတကယ်ပဲ ​ပြောင်း​လဲလာဖို့​ရှိ​နေလား​၊​ ဒီတိုက်တွန်း​ချက်က​ရော ထူး​လာဖို့​ရှိပါသလား​ဆိုတာ နယူး​ဒေလီမြို့​ရှိ အ​ဝေး​ရောက် ညွန့်​ပေါင်း​ အစိုး​ရအဖွဲ့​ (အန်စီဂျီယူဘီ) ဝန်ကြီး​ ​ဒေါက်တာ တင့်​ဆွေကို ​မေး​မြန်း​ထား​ပါတယ်။ အိန္ဒိယရဲ့​ အ​နေအထား​က မြန်မာကို စီး​ပွား​ရေး​အရပဲ ​ပေါင်း​မယ့်​အ​နေအထား​၊​ မြန်မာ့​ဒီမိုက​ရေစီအ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ လုံး​ဝကို စိတ်မဝင်စား​တဲ့​ အ​နေအထား​လို့​ ​တွေ့​ရလား​ ဆရာ။ “ကျ​နော်မြင်တာက​တော့​ ၁၉၉၂ က စခဲ့​တဲ့​ သူ့​ရဲ့​ ချဉ်း​ကပ်မှု ပုံစံက​တော့​ ဒီ တက်​နေတဲ့​ အစိုး​ရနဲ့​ အဆင်​ပြေ လိုက်​လျောညီစွာ လုပ်ရမယ်ဆိုတဲ့​ လမ်း​ကြောင်း​ကို သူက ​ရွေး​တယ်။ အဲဒါ​ကြောင့်​မို့​ စစ်အစိုး​ရက လိုချင်တဲ့​ဟာ​တွေ တတ်နိုင်သ​လောက် အိန္ဒိယဘက်က လိုက်​လျောခဲ့​တယ်လို့​ ​ပြောနိုင်တာ​ပေါ့​လေ။ ဒါ​ပေမယ့်​ ​နောက်ပိုင်း​မှာ အနည်း​ငယ် ​ပြောင်း​လဲလာတာ​တော့​ ကျ​နော်တို့​ သတိထား​မိတယ်။ ဥပမာ ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်လာပြီး​တဲ့​ ​နောက်ပိုင်း​မှာ ဆက်ဆံမှုက တမျိုး​တိုး​လာတယ်။ တိုး​လာတယ်ဆိုတာ အရင်တုန်း​က တ​ကြောင်း​သွား​တ​ကြောင်း​စွဲ ဆက်ဆံ​ရေး​က​နေ အခု ​ဒေါ်​အောင်ဆန်း​စုကြည်ကိုပါ ဆက်ဆံမှု စလာတဲ့​ သ​ဘော​တော့​ ကျ​နော်တို့​ ​တွေ့​ရတယ်ခင်ဗျ။ ​ပေါ်လစီ​ပြောင်း​သွား​တယ်လို့​တော့​ ကျ​နော် မဆိုလိုပါဘူး​။ ဒါ​ကြောင့်​လည်း​ပဲ မ​နေ့​က ချင်း​နိုင်မြို့​မှာ မစ္စ ကလင်တန်က အခု လုပ်​နေတဲ့​ မြန်မာနိုင်ငံနဲ့​ ပတ်သက်ပြီး​တော့​ အိန္ဒိယက ဆက်ဆံ​ရေး​လို့​ ​ခေါ်တဲ့​ engagement ​ပေါ့​လေ။ ဆက်သွယ်​ရေး​၊​ ထိ​တွေ့​ရေး​မှာ ဒီထက်ပိုပြီး​ ချဲ့​ပါဆိုတဲ့​ အကြံဥာဏ်​ပေး​ပါတယ်။” ဒီမတိုင်ခင် အိုဘား​မား​ ကိုယ်တိုင်လာပြီး​တော့​ ​ပြောသွား​တုန်း​ကလည်း​ ​ပြောခဲ့​သေး​တယ်။ အဲဒီကြား​ထဲမှာ​ရော အိန္ဒိယဘက်က ​ပြောင်း​လဲတာ ​တွေ့​ရလို့​လား​ဆရာ။ “ကြား​ထဲမှာက​တော့​ အခုန ကျ​နော် တင်ပြသလို ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်လာတဲ့​နောက်မှာ​တော့​ ဆက်ဆံမှု ရှိလာတယ်။ သို့​သော်လည်း​ပဲ ဒါက နိုင်ငံခြား​ရေး​ အတွင်း​ဝန် အဆင့်​လောက်ပဲ ရှိ​သေး​တဲ့​ သ​ဘောပဲ သက်​ရောက်ပြီး​တော့​ အဓိကကျတဲ့​ ဗမာနိုင်ငံနဲ့​ ပတ်သက်တဲ့​ နိုင်ငံတကာ စင်မြင့်​တွေ​ပေါ်မှာ အိန္ဒိယက အခုထိက​တော့​ လက်ရှိအုပ်ချုပ်​နေတဲ့​ လူ​တွေပဲ ဖြစ်မှာ​ပေါ့​လေ။ ဒီလက်ထက်မှာ​တော့​ နိုင်ငံတကာစင်မြင့်​က မ​ပေါ်​သေး​ဘူး​။ အဲဒီ​တော့​ ​ပေါ်လစီပိုင်း​က ​ပြောင်း​လာတာ​တော့​ ကျ​နော် မ​တွေ့​သေး​ဘူး​။ ချည်း​ကပ်မှုအပိုင်း​က​တော့​ အနည်း​ငယ် တိုး​တက်​ပြောင်း​လဲလာတို့​ ​ပြောနိုင်ပါတယ်။ အဓိကက​တော့​ ကမ္ဘာ့​အ​ရှေ့​ဆုံး​ ဒီမိုက​ရေစီနိုင်ငံကြီး​ရဲ့​ ​ခေါင်း​ဆောင်က​နေပြီး​တော့​ ကမ္ဘာ့​အကြီး​ဆုံး​ ဒီမိုက​ရေစီနိုင်ငံကြီး​ကို လာတဲ့​အခါမှာ ကမ္ဘာမှာ ဒီမိုက​ရေစီအမွဲဆုံး​ ဗမာပြည် အ​ကြောင်း​ကို ​ပြောသွား​တာဟာ အင်မတန်မှ အပ်စပ်တဲ့​ စကား​ဖြစ်တယ်လို့​ ကျ​နော် မှတ်ချက်ပြုချင်ပါ​သေး​တယ်။” အိန္ဒိယဟာ မြန်မာနိုင်ငံ လွတ်လပ်​ရေး​တိုက်ပွဲကစလို့​ သမိုင်း​ကြောင်း​အရကို နီး​စပ်မှု​တွေ ရှိခဲ့​ပြီး​ အရင်တုန်း​က​တော့​ မြန်မာ့​ဒီမိုက​ရေစီအ​ရေး​အတွက် ​ထောက်အား​ပေး​ခဲ့​တဲ့​ နိုင်ငံတခုဖြစ်ပါတယ်။ ၂၀၁၀ နိုဝင်ဘာလအတွင်း​ အိန္ဒိယကိုလာ​ရောက်ခဲ့​တဲ့​ အ​မေရိကန် သမ္မတ အိုဘား​မား​ကလည်း​ အိန္ဒိယအစိုး​ရဟာ် မြန်မာ့​အ​ရေး​နှင့်​ ပတ်သက်လာရင် ခပ်မဆိတ်​နေ​လေ့​ရှိတယ်လို့​ ​ပြောခဲ့​ဘူး​ပါတယ်။ ကမ္ဘာ့​အကြီး​ဆုံး​ ဒီမိုက​ရေစီနိုင်ငံဖြစ်တဲ့​ အိန္ဒိယနိုင်ငံဟာ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေ​ကြောင့်​ အ​နောက်နိုင်ငံ​တွေက စီး​ပွား​ရေး​ ပိတ်ဆို့​ဒဏ်ခတ်ထား​တဲ့​ အိမ်နီး​ချင်း​ မြန်မာနိုင်ငံနဲ့​ကုန်သွယ်​ရေး​၊​ စီပွား​ရေး​၊​ ရင်း​နှီး​မြှုပ်နှံမှု​တွေ လုပ်​နေသလို၊​ စစ်လက်နက်ပစ္စည်း​တွေလည်း​ ​ရောင်း​ချ​ပေး​နေပါတယ်။    

A d v e r t i s e m e n t With Us

More News
Up