A d v e r t i s e m e n t With Us

ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင် နိုင်ငံ​ရေး​ပါတီများ​ကိုဆင့်​ခေါ်

ဦး​ခင်​ေမာင်​ေဆွ (ဓာတ်ပံု - ရိုက်တာ)
ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်က နိုင်ငံ​ရေး​ပါတီ​တွေ ​နေပြည်​တော်ကို လာ​ရောက်ဖို့​ ဆင့်​ခေါ်လိုက်ပါတယ်။ အစိုး​ရသစ်လက်ထက် ပြင်ဆင်ဖွဲ့​စည်း​ပြီး​နောက်ပိုင်း​ ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က နိုင်ငံ​ရေး​ပါတီ​ခေါင်း​ဆောင်​တွေကို ပထမဆုံး​အ​နေနဲ့​ ဒီလ ၂၇ ရက်​နေ့​ အ​ရောက်လာကြဖို့​ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​တွေက ဆင့်​ခေါ်လိုက်တာပါ။ ဒီလိုဆင့်​ခေါ်လာတာနဲ့​ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက အခုလို​ပြောပါတယ်။ [caption id="attachment_13032" align="alignright" width="310" caption="ဦးခင်မောင်ဆွေ (ဓာတ်ပုံ - ရိုက်တာ)"][/caption] “ဥက္ကဋ္ဌနဲ့​ အတွင်း​ရေး​မှူး​တွေကို ​ကော်မရှင်ကို ၂၇ ရက်​နေ့​အ​ရောက်လာပါလို့​ ကျ​နော်တို့​ စာရထား​တယ်​လေ။ ဘာရယ်လို့​တော့​ မ​ပြောဘူး​ဗျ။ ကျ​နော်လည်း​ ဟို​ရောက်မှ သိမှာ။ ပါတီအား​လုံး​ဖြစ်ပါတယ် အား​လုံး​လိုလိုပါပဲ။” ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ကော်မရှင်က​နေ နိုင်ငံ​ရေး​ပါတီ​တွေကို မူဝါဒ​တွေရှင်း​လင်း​ပြောကြား​ဖို့​ အပါအဝင် ကြား​ဖြတ်​ရွေး​ကောက်ပွဲဆိုင်ရာ ညွှန်ကြား​ချက်​တွေကို ထုတ်ပြန်ဖို့​ရှိ​နေတာလည်း​ ဖြစ်ပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​တော့​လည်း​ ဦး​ခင်​မောင်​ဆွေက “ကျ​နော်ထင်တာက​တော့​ဗျာ ​ကော်မရှင်ကလည်း​ အသစ်ဆို​တော့​ ပါတီ​တွေကို ​ခေါ်​တွေ့​ဖို့​လည်း​ လိုတာ​ပေါ့​ဗျာ။ ဥက္ကဋ္ဌ အသစ်ကိုး​။ ​နောက်ပြီး​တော့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကလည်း​ နီး​ပြီဆို​တော့​ ပါတီ​တွေရဲ့​ လုပ်ထုံး​လုပ်နည်း​တွေကို ​ကော်မရှင်က​နေ ဘယ်လိုကြီး​ကြပ်တယ်ဆိုတာကို ​ခေါ်ပြီး​တော့​ ရှင်း​ပြဖို့​ ဖြစ်လိမ့်​မယ်ထင်တယ်။ ​နောက်ပြီး​တော့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာလည်း​ပဲ ဘယ်လိုလုပ်သွား​မယ်ဆိုတာ ကြိုတင်ပြီး​တော့​ ​ပြောပြမယ့်​ အပိုင်း​တွေ ပါပါလိမ့်​မယ်။ သ​ဘောက​တော့​ဗျာ ​ကော်မရှင်ရဲ့​ ပါတီ​တွေအ​ပေါ်မှာ ထား​တဲ့​ သ​ဘောထား​နဲ့​သူတို့​ ညွှန်ကြား​လုပ်ကိုင်သွား​မယ်ဆိုတဲ့​ အပိုင်း​ပေါ့​။ ​နောက်တပိုင်း​ကျ​တော့​လည်း​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ အ​ပေါ်မှာ ဘယ်လို သူတို့​ လုပ်သွား​မယ် ဆိုတာကို ​ခေါ်ယူရှင်း​လင်း​ခြင်း​လည်း​ ဖြစ်ပါတယ်။ ​နောက်ပြီး​တော့​ ကျ​နော်တို့​ ဒီမိုကရက်တစ်ပါတီက​နေပြီး​တော့​ သူတို့​ဆီကို စာပို့​ထား​တာ ရှိတယ်​လေ။ ကြား​ဖြတ်​ရွေး​ကောက်ပွဲ မတိုင်ခင်မှာလည်း​ ဒီ ​ကော်မရှင်နဲ့​ ​တွေ့​ချင်ပါတယ်လို့​ ​တောင်း​ထား​တာရှိ​တော့​ အဲဒီ အ​ပေါ်မှာလည်း​ပဲ ​တွေ့​ခွင့်​ပေး​တယ်လို့​ ယူဆပါတယ်” လို့​ ​ပြောပါတယ်။ သမ္မတဦး​သိန်း​စိန်အစိုး​ရလက်ပြင်ဆင်ဖွဲ့​စည်း​ထား​တဲ့​ ပြည်​ထောင်စု​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​တင်​အေး​နဲ့​ အတူ ​ကော်မရှင်အဖွဲ့​ဝင်​တွေအဖြစ် ဦး​မြင့်​နိုင်၊​ ဦး​အောင်မြင့်​၊​ ​ဒေါက်တာ​ဒေါ်မြင့်​ကြည်၊​ ဦး​သာဦး​၊​ ဦး​အေး​ကြူနဲ့​ ဦး​ညွန့်​တင်တို့​ ပါဝင်​ဆောင်ရွက်​နေတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့​စည်း​ပုံ အ​ခြေခံ ဥပ​ဒေအရ ​ရွေး​ကောက်ပွဲ ကျင်း​ပ​ရေး​ကော်မရှင်ဟာ ​ရွေး​ကောက် တင်​မြှောက်ခြင်း​ ဆိုင်ရာလုပ်ငန်း​တွေ အပါအဝင် ​ရွေး​ကောက်ပွဲခုံအဖွဲ့​တွေရဲ့​ ဆုံး​ဖြတ်ချက်​တွေ၊​ အမိန့်​တွေနဲ့​ပတ်သက်ပြီး​တော့​လည်း​ အယူခံမှု​တွေ၊​ပြင်ဆင်မှု​တွေကို ပြုလုပ်ရမယ့်​တာဝန်​တွေရှိသလို နိုင်ငံ​ရေး​ပါတီ​တွေကို ဥပ​ဒေအရ ​ဆောင်ရွက်ရတဲ့​ တာဝန်​တွေကိုလည်း​ ဆုံး​ဖြတ်ခွင့်​ရှိမှာဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up