DVB Logo
Home
မြန်မာသတင်း
ပေါ်တာများ​နှင့်​ချီတက်လာသည့်​စစ်​ကြောင်း​ကို ​ကေအိုင်​အေ ချုံခိုတိုက်ခိုက်
DVB
·
July 21, 2011
ပေါ်တာများ​နှင့်​ချီတက်လာသည့်​စစ်​ကြောင်း​ကို ​ကေအိုင်​အေ ချုံခိုတိုက်ခိုက်
Donate to DVB

ကချင်ပြည်နယ်၊​ ဝိုင်း​မော်မြို့​နယ်အတွင်း​ မ​နေ့​က ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော် (ကေအိုင်​အေ) နဲ့​ အစိုး​ရတပ်ဖွဲ့​အကြား​ တိုက်ပွဲဖြစ်ခဲ့​ပါတယ်။

ကေအိုင်​အေတပ်ရင်း​ ၃ နယ်​မြေအတွင်း​ဝင်​ရောက်လာတဲ့​ မပခလက်​အောက်ခံ စစ်​ကြောင်း​တခုကို ​ကေအိုင်​အေတပ်ရင်း​ ၃ တပ်ဖွဲ့​ဝင်​တွေက ချုံခိုတိုက်ခိုက်ခဲ့​တယ်လို့​ ​ကေအိုင်​အေနဲ့​ နီး​စပ်သူက ​ပြောပါတယ်။

“ချီ​ဗွေနဲ့​ ဝါး​ရှောင်ကြား​ထဲက ဘွမ်​တောင်ယန်မှာ မ​နေ့​က အစိုး​ရ စစ်တပ်က စစ်​ကြောင်း​သွား​နေတဲ့​ခါမှာ ​ကေအိုင်​အေက ကြား​က​နေ ချုံခိုတိုက်တာ​ပေါ့​လေ။ အဲဒီမှာ အစိုး​ရ စစ်တပ်က ၄ ဦး​ကျတယ်။ ​ကေအိုင်​အေက ​သေနတ် ၂ လက် ​ကောက်ခဲ့​တယ်။ အဲဒီမှာ ​ပေါ်တာ​တွေလည်း​ ​တော်​တော်များ​များ​ ပါတယ်။ တိုက်ပွဲဖြစ်​တော့​ ​ပေါ်တာ​တွေက ​ပြေး​ရင်း​နဲ့​ ​ကေအိုင်​အေနယ်ဘက် ​ရောက်ခဲ့​တယ်​ပြောတယ်။ ​ကေအိုင်​အေက ​ပေါ်တာ ၆ ​ယောက်ကိုလည်း​ ထိန်း​သိမ်း​ထား​တယ် ​ပြောတယ်။”

ကေအိုင်​အေ ဌာနချုပ်ရှိရာ လိုင်ဇာနဲ့​ ​ကေအိုင်​အေတပ်စခန်း​ ​တွေရှိရာ အနီး​တဝိုက်မှာ မြန်မာစစ်တပ်ဘက်မှ စစ်​ကြောင်း​တွေ ဝင်​ရောက်လှုပ်ရှား​မှု များ​ပြား​လာ​နေပြီး​ အဲဒီစစ်​ကြောင်း​တွေ ချီတက်ရာ လမ်း​တ​လျှောက်က ​ကျေး​ရွာ​တွေမှာ အိမ်​မွေး​ ကြက်၊​ ဝက်၊​ သတ်စား​တာ​တွေ၊​ အမျိုး​သား​တွေကို ​ပေါ်တာဆွဲတာ​တွေ၊​ ရိုက်နှက်တာ​တွေ၊​ အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​တာ​တွေ ရှိ​နေတယ်လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က ဆင်ဘိုမှ ချီတက်လာတဲ့​ စစ်​ကြောင်း​တခုက ဗန်း​မော်-မြစ်ကြီး​နား​ကား​လမ်း​ပေါ်ရှိ မဒီယန်​ကျေး​ရွာ အနီး​ ကူယန်ဆိုသည့်​ ​တောင်​ပေါ် ကချင်ရွာမှာ တပ်စွဲစခန်း​ချ​နေပြီး​ ရွာက အသက် ၆ဝ နဲ့​ အသက် ၁၄ နှစ်အရွယ် အမျိုး​သမီး​အပါအဝင် အမျိုး​သမီး​ ၁ဝ ဦး​ခန့်​ကို ​ကျေး​ရွာအတွင်း​ စစ်သား​တွေက အဓမ္မပြုကျင့်​တာ ​တွေရှိခဲ့​တယ်လို့​ ​ကေအိုင်အိုအမျိုး​သမီး​ရေး​ရာအဖွဲ့​ထံ ​ဒေသခံရွာသား​တွေက လာ​ရောက် တိုင်ကြား​ ထား​ ​ကြောင်း​ လိုင်ဇာကလာတဲ့​သတင်း​တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013