DVB Logo
Home
မြန်မာသတင်း
ကချင်ဒုက္ခသည်များ​အတွက် အ​ရေး​ပေါ်အကူအညီလိုအပ်
DVB
·
July 21, 2011
ကချင်ဒုက္ခသည်များ​အတွက် အ​ရေး​ပေါ်အကူအညီလိုအပ်
1 / 2
Donate to DVB

ကချင်ပြည်နယ်ထဲက စစ်ပွဲ​တွေမှာ ကချင်အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​ဖို့​ စစ်သား​တွေက အထက်က အမိန့်​ရထား​တဲ့​အတိုင်း​၊​ မုဒိမ်း​မှု​ပေါင်း​ ၃၂ မှုရှိ​နေပြီလို့​ ထိုင်း​နိုင်ငံအ​ခြေစိုက် ကချင်အမျိုး​သမီး​အဖွဲ့​က ဆိုပါတယ်။

[caption id="attachment_13007" align="alignright" width="310" caption="စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဒီဗွီဘီ) "][/caption]

ဇွန်လဆန်း​က စတင်ခဲ့​တဲ့​ တိုက်ပွဲဟာ တလ​ကျော်ကြာလာတဲ့​တိုင် ဒုက္ခသည်​တွေအတွက် ​ဆေး​ဝါး​၊​ ရိက္ခာ​တွေ အ​ရေး​ပေါ်လိုအပ်​နေတယ်လို့​ ကချင်အမျိုး​သမီး​အဖွဲ့​ရဲ့​ ​ပြောခွင့်​ရ ရှယ်လီဆိုင်း​က ​ပြောပါတယ်။

“စစ်​ကြောင်း​နဲ့​ နည်း​နည်း​ဝေး​တဲ့​ စစ်ဖြစ်တဲ့​နေရာ​တွေမှာ စုပြီး​နေကြတယ်။ ကူညီတဲ့​လူ​တွေက​တော့​ အဲဒီမှာရှိတဲ့​ လူထုအဖွဲ့​လူငယ်​တွေ၊​ အမျိုး​သမီး​တွေ​ပေါ့​။ အခုလိုင်ဇာဘက်မှာဆိုရင်လည်း​ လာဟင်ဆိုတဲ့​ အဖွဲ့​ရှိတယ်။ မိုင်တိုင်ယန်း​ ဘက်မှာဆိုရင် WPM ဆိုတဲ့​ ဖွဲ့​ထား​တဲ့​ လူထုနဲ့​ အမျိုး​သမီး​လူငယ်​တွေ အဲဒီက သာသနာဆရာ​တွေ အား​လုံး​ဝိုင်း​ဝန်း​ပြီး​တော့​ အကျိုး​ဆောင်​နေတယ်။ ရိက္ခာ​တော့​ ဆန်၊​ ဆီ၊​ ဆား​ပေါ့​။”

ဇွန်လ ၉ ရက်​နေ့​က​နေ စခဲ့​တဲ့​ ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်​မြောက်ပိုင်း​က တိုက်ပွဲ​တွေ​ကြောင့်​ တရုတ်-မြန်မာ နယ်စပ်မှာခိုလှုံ​နေတဲ့​ ကချင်ဒုက္ခသည် တ​သောင်း​ခြောက်​ထောင်ရှိပြီး​ ဆက်လည်း​ တိုး​လာ​နေတယ်လို့​ ကချင်အမျိုး​သမီး​အဖွဲ့​ကဆိုပါတယ်။
မိုး​ရာသီ လယ်ယာစိုက်ပျိုး​ချိန်မှာ လုပ်ငန်း​တွေကို စွန့်​ပြီး​ ထွက်​ပြေး​နေရတဲ့​အတွက် ​ရှေ့​ဆက် ပိုပြီး​ ဒုက္ခ​ရောက်နိုင်တယ်လို့​ ကချင်အမျိုး​သမီး​အဖွဲ့​ကဆိုပါတယ်။

“ဗမာပြည်အစိုး​ရကို ဖိအား​ပေး​ဖို့​၊​ အား​လုံး​ တပြည်လုံး​ငြိမ်း​ချမ်း​စွာ စကား​ပြောနိုင်ဖို့​ လိုလား​တယ်။ ​နောက် ဒီလိုမျိုး​ စစ်ကြီး​ပဲ ဆက်ဖြစ်​နေမယ်ဆိုရင် ပြည်သူလူထု​တွေ ဒုက္ခ​ရောက်တယ်။ မိုး​တွင်း​လည်း​ ဖြစ်တယ်ဆို​တော့​ ​တော်​တော်ဒုက္ခ​ရောက်ကြပါတယ်။ ဆန်စပါး​စိုက်တဲ့​ အချိန်လည်း​ဖြစ်တယ်။ အခုထွက်​ပြေး​နေရ​တော့​ ​နောက်ဆို ကျမတို့​မှာ အခက်အခဲ ပြည်သူလူထုအတွက် ပိုပြီး​ဒုက္ခ​ရောက်မယ်။”

မ​နေ့​ကအထိလည်း​ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော်( ​ကေအိုင်​အေ) နဲ့​ မြန်မာ စစ်တပ်အကြား​ ဖြစ်ပွား​နေတဲ့​ အစိုး​ရတပ်ချီတက်ရာလမ်း​တ​လျှောက်က ​ကျေး​ရွာ​တွေမှာ အစိုး​ရတပ်က အရပ်သား​တွေကို ​ပေါ်တာဆွဲ​နေပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013