DVB Logo
Home
မြန်မာသတင်း
လူ့​အခွင့်​အ​ရေး​စုံစမ်း​ရေး​ကော်မရှင်ဖွဲ့​ရန် အာဆီယံကို ဖိအား​ပေး
DVB
·
July 21, 2011
လူ့​အခွင့်​အ​ရေး​စုံစမ်း​ရေး​ကော်မရှင်ဖွဲ့​ရန် အာဆီယံကို ဖိအား​ပေး
1 / 2
Donate to DVB

အစိုး​ရသစ်တက်လာတဲ့​ ​နောက်ပိုင်း​မှာလည်း​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ဆက်ဖြစ်​နေမှု​တွေကို စုံစမ်း​ဖို့​ ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ စုံစမ်း​ရေး​ ​ကော်မရှင်တရပ် လိုအပ်တယ်လို့​ ယှဉ်ပြိုင်အာဆီယံ အဖွဲ့​ရဲ့​ (Alternative ASEAN) အစီရင်ခံစာသစ်မှာ ​ဖော်ပြထား​ပါတယ်။

ရွေး​ကောက်ပွဲအလွန် မြန်မာနိုင်ငံတွင်း​က အစိုး​ရရဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေနဲ့​ပတ်သက်တဲ့​ အဖွဲ့​ရဲ့​ အစီရင်ခံစာမှာ မနှစ်နိုဝင်ဘာလက​နေ၊​ ဒီနှစ် ဇွန်လအတွင်း​ အစိုး​ရစစ်တပ်က အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​တဲ့​ အနည်း​ဆုံး​ အမှု​ပေါင်း​ ၃၄ မှု၊​ က​လေး​စစ်သား​ စု​ဆောင်း​တယ်ဆိုတဲ့​ တိုင်တန်း​ချက်​ပေါင်း​ ၄၀၀ ​ကျော်၊​ အရပ်သား​တွေကို သတ်ဖြတ်မှု ၂၆ မှု၊​ အရပ်သား​ ၆၀၀ ကို အဓမ္မ​နေရာ​ပြောင်း​ရွှေ့​မှု၊​ ဥပ​ဒေမဲ့​ဖမ်း​ဆီး​မှု ၁၄ မှု ရှိခဲ့​တယ်လို့​ ​ဖော်ပြထား​ပါတယ်။

"​ကော်မရှင်ရဲ့​ အဓိက ရည်ရွယ်ချက်ဟာ နိုင်ငံတကာရာဇဝတ်မှု​တွေ ကျူး​လွန်ခံခဲ့​ရတဲ့​ ဓား​စာခံ​တွေ အတွက် အမှန်တရား​ရှာ​ဖွေနိုင်ဖို့​ဆိုတာအပြင်၊​ တရား​မျှတမှု၊​ နစ်နာသူ​တွေအတွက် ထိုက်တန်တဲ့​ ခံစား​ခွင့်​၊​ ​နောက်ထပ်တကြိမ် အလား​တူ ကျူး​လွန်မှုမျိုး​ ထပ်မဖြစ်ဖို့​ အာမခံဖို့​ ကိစ္စ​တွေနဲ့​ ပတ်သက်လို့​ ​ကော်မရှင်ရဲ့​ အကြံပြုချက်​တွေ လိုအပ်တယ်လို့​ ဆိုထား​ပါတယ်။

ကော်မရှင်ဟာ မြန်မာနိုင်ငံမှာ အပြစ်ကျူး​လွန်ပြီး​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ရ​နေတဲ့​ အ​ခြေအ​နေကိုအဆုံး​သတ်ဖို့​ ကြိုး​ပမ်း​မှုဖြစ်သလို၊​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​နဲ့​ ​ရေရှည်တည်တံခိုင်မြဲမယ့်​ ငြိမ်း​ချမ်း​ရေး​တို့​အတွက်၊​ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေးမှာ တရား​မျှတမှု အ​ခြေခံ​တွေ ရရှိ​ရေး​တို့​အတွက် လိုအပ်ချက်ဖြစ်တယ်လို့​ ဆိုထား​ပါတယ်။"

မြန်မာပြည်မှာ အစိုး​ရက ကျူး​လွန်တဲ့​ စစ်ရာဇဝတ်မှု​တွေကို စုံစမ်း​ဖို့​ ကုလသမဂ္ဂ​ကော်မရှင်တရပ်ကို ဖွဲ့​စည်း​ဖို့​ကို မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂလူ့​အခွင့်​အ​ရေး​စုံစမ်း​ရေး​မှူး​ ​သောမတ်အို​ဟေး​ ကင်တား​နား​က ​မေလက ထပ်မံ​တောင်း​ဆိုခဲ့​ပြီး​ ဒီအဆိုကို ​ဒေါ်​အောင်ဆန်စုကြည်က ဇွန်လမှာ ​ထောက်ခံထား​ပါတယ်။

ဇူလိုင်လ ၁ ရက်​နေ့​အထိ ဒီအဆိုကို ​ထောက်ခံထား​တဲ့​ နိုင်ငံ​ပေါင်း​ ၁၆ နိုင်ငံရှိသွား​ပြီလို့​ သိရပါတယ်။

အလား​တူ ​ဒေသတွင်း​မှာ မြန်မာပြည်ဒီမိုက​ရေစီအ​ရေး​ဆောင်ရွက်​နေတဲ့​ (Burma Paternership) ဘား​မား​ပါတနာရှစ် ဆက်သွယ် ညှိနှိုင်း​ရေး​မှူး​ ​ဒေါ်ခင်ဥမ္မာက ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ စုံစမ်း​ရေး​ ​ကော်မရှင်ဖွဲ့​စည်း​ရေး​ဟာ မဖြစ်မ​နေ လုပ်ရမယ့်​ကိစ္စလို့​ အခုလို ​ပြောပါတယ်။

“ကျမတို့​အ​နေနဲ့​တော့​ မဖြစ်မ​နေ သူတို့​ လုပ်သင့်​လုပ်ထိုက်တဲ့​ ကိစ္စတခုလို့​ တိုက်တွန်း​ရမယ်။ ဘာဖြစ်လို့​လဲဆို​တော့​ အာဆီယံမှာ တာဝန်ရှိရမယ်။ ဘာ​ကြောင့်​ တာဝန်ရှိလဲဆိုရင် အာဆီယံအဖွဲ့​ဝင်နိုင်ငံအကုန်လုံး​က ကုလသမဂ္ဂအဖွဲ့​ဝင်နိုင်ငံ​တွေ ဖြစ်ပြီး​တော့​ အမျိုး​သမီး​ အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​၊​ အမျိုး​သမီး​အခွင့်​အ​ရေး​၊​ က​လေး​အခွင့်​အ​ရေး​ စာချုပ်စာတမ်း​တွေကို မြန်မာနိုင်ငံအပါအဝင် အား​လုံး​က လက်မှတ်ထိုး​ထား​တယ်။ လက်မှတ်ထိုး​ထား​တဲ့​အတွက် သူတို့​ဟာ နိုင်ငံတကာ စာချုပ်စာတမ်း​တွေကို လိုက်နာရမယ်၊​ ​စောင့်​ထိန်း​ရမယ်၊​ အ​ကောင်အထည်​ဖော်ရမယ့်​တာဝန်​တွေ ရှိတယ်။ အဲဒါကို ​ကျော်ပြီး​ ထပ်ကြည့်​မယ်ဆိုရင် အာဆီယံ​ဒေသတွင်း​မှာကိုက အာဆီယံ​ဒေသတခုလုံး​ အာဆီယံ​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​၊​ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ဆိုပြီး​တော့​မှ အာဆီယံပဋိညာဉ်စာချုပ်​တွေ အာဆီယံလူ့​အခွင့်​အ​ရေး​ကော်မရှင်​တွေ ဖွဲ့​လာတဲ့​ ကျန်ခဲ့​တဲ့​ သုံး​လေး​နှစ်ကာလကအတွင်း​မှာတင်ပဲ အာဆီယံနိုင်ငံတွင်း​မှာ အဖွဲ့​ဝင်နိုင်ငံအချင်း​ချင်း​ ပိုပြီး​တော့​ လိုက်နာရမယ့်​၊​ ​စောင့်​ထိန်း​ရမယ့်​ ကျင့်​ဝတ်​တွေဆိုတဲ့​ဟာ​တွေက စာချုပ်စာတမ်း​ထဲမှာသာ ရှိပါတယ်။ အာဆီယံက သူ​ပြောထား​တဲ့​စကား​နဲ့​တင် တာဝန်ရှိ​နေပြီ၊​ ပိတ်မိ​နေပြီ။”

ဒါအပြင် မြန်မာပြည်က လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေဟာ အာဆီယံ​ဒေသရဲ့​ ဖွံ့​ဖြိုး​ရေး​နဲ့​ လုံခြုံ​ရေး​အကျိုး​စီး​ပွား​နဲ့​လည်း​ ပတ်သက်​နေတယ်လို့​ ​ဒေါ်ခင်ဥမ္မာက ​ပြောပါတယ်။
“သူတို့​ဟာ လက်​တွေ့​ သူတို့​နိုင်ငံ​တွေမှာ လာပြီး​တော့​ သက်​ရောက်လာတဲ့​ မြန်မာနိုင်ငံက မတည်ငြိမ်မှု​တွေ​ကော၊​ သူတို့​ ​ဒေသတွင်း​မှာ ဖွံ့​ဖြိုး​တိုး​တက်ဖို့​ ၂၀၁၅ မှာ ​ဒေသဖွံ့​ဖြိုး​ရေး​အတွက် ပစ်မှတ်ထား​ပြီး​တော့​ ကြိုး​စား​နေတဲ့​ လုပ်ငန်း​စီမံကိန်း​တွေ​ရော မြန်မာနိုင်ငံအ​ပြောင်း​အလဲ မဖြစ်ဘူး​၊​ မြန်မာနိုင်ငံ အ​ခြေအ​နေပိုဆိုး​မယ်ဆိုရင် သူတို့​ရဲ့​ စီမံကိန်း​တွေက ပိုပြီး​ပျက်ဖို့​၊​ ပိုပြီး​ဆုံး​ရှုံး​ဖို့​ပဲ ရှိတယ်။ ဒါ​ကြောင့်​ ကျမတို့​ဘက်ကလည်း​ တိုက်တွန်း​မယ်၊​ သူတို့​ဘက်ကလည်း​ တကယ်ဆုံး​ဖြတ်လာတဲ့​ အ​ခြေအ​နေမျိုး​ အနည်း​ဆုံး​ သူတို့​က အာဆီယံတဖွဲ့​လုံး​၊​ အာဆီယံ​ဒေသဆိုင်ရာ တဖွဲ့​လုံး​ အ​နေနဲ့​ ဆုံး​ဖြတ်ချက် မကျနိုင်ရင်​တောင် အာဆီယံအဖွဲ့​ဝင် နိုင်ငံ​တွေထဲက ဒီမိုက​ရေစီ နိုင်ငံ​တွေဖြစ်တဲ့​ အင်ဒိုနီး​ရှား​တို့​ ထိုင်း​နိုင်ငံတို့​တွေက ဒီကိစ္စ​တွေကို မျက်ကွယ်ပြုလျစ်လျူရှုမ​နေတဲ့​ အ​နေအထား​မျိုး​ဖြစ်​အောင် ကျမတို့​ဘက်က တိုက်တွန်း​မှု​တွေ လုပ်သွား​မှာပဲ၊​ သူတို့​ဘက်က ဒီလိုမျိုး​အ​ခြေအ​နေကို မှန်ကန်တဲ့​ တုံ့​ပြန်မှု​တွေဖြစ်လာ​အောင်​တော့​ ကျမတို့​က သူတို့​နိုင်ငံရဲ့​ လွှတ်​တော်အမတ်​တွေ​ကော ​ဒေသဆိုင်ရာ သူတို့​နိုင်ငံရဲ့​ လူထုအ​ခြေပြုအဖွဲ့​အစည်း​တွေ၊​ လူ့​အခွင့်​အ​ရေး​အဖွဲ့​အစည်း​တွေနဲ့​ပါ ပူး​ပေါင်း​လုပ်​ဆောင်သွား​မှာ ဖြစ်ပါတယ်။”
ဒီအ​တောအတွင်း​မှာ ဦး​သိန်း​စိန်အစိုး​ရသစ်က ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌတာဝန်ယူဖို့​ အာဆီယံ အဖွဲ့​ကို အဆိုပြုထား​ပြီး​ အာဆီယံ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဆူရစ်ပစ်ဆူဝမ်က ဒီကိစ္စနဲ့​ပတ်သက်လို့​ အာဆီယံ​ဆွေး​နွေး​ဘက်က နိုင်ငံ​တွေရဲ့​ အမြင်​တွေကို ​တောင်း​ခံသွား​ဖို့​ရှိတယ်လို့​ ​ပြောကြား​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013