DVB Logo
Home
မြန်မာသတင်း
ပျက်ကျသွားသည့် ရဟတ်ယာဉ်ကို ကယ်ဆယ်ရေးအဖွဲ့ တောနင်းရှာဖွေ
DVB
·
July 20, 2011
ပျက်ကျသွားသည့် ရဟတ်ယာဉ်ကို ကယ်ဆယ်ရေးအဖွဲ့ တောနင်းရှာဖွေ
Donate to DVB

အဂါင်္နေ့က ပျက်ကျတဲ့ အမေရိကန်လုပ် Black Hawk UH 60 A ထိုင်းရဟတ်ယာဉ်ကို ထိုင်း အနောက်ပိုင်းတိုင်းတပ် ၁ က ခြေလျင် ကယ်ဆယ်တပ်ဖွဲ့တွေ စေလွှတ်ပြီး ကုန်းလမ်းကနေ တောနင်း ရှာဖွေနေကြပါတယ်။

ပျက်ကျဘလက်ဟော့ရဟတ်ယာဉ် ကယ်ဆယ်ရေးအဖွဲ့ အချို့ခရီးထွက်ရန်ပြင်နေစဉ်

ရဟတ်ယာဉ်ဟာ ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတာမို့ မြန်မာပိုင်နက်ထဲကိုလည်း ကျသွားနိုင်တယ်လို့ ခန့်မှန်းရတဲ့အတွက် ထိုင်း တပ်မတော်တပ်မ ၁ က မြန်မာအာဏာပိုင်တွေကို ဆက်သွယ် အကူအညီ တောင်းခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းရုပ်သံ chanel 11 ရဲ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း ထုတ်လွှင့်ချက်မှာတော့ "မြန်မာဘက်က ဗိုလ်ချုပ်ခင်မောင်အေးကနေ တဆင့် မြန်မာ့ ကယ်ဆယ်ရေးတပ်ဖွဲ့တွေကို ထိုင်းကယ်ဆယ်ရေး တပ်ဖွဲ့ တွေနဲ့ သွားရောက် ပူးပေါင်းပြီး မြန်မာပိုင်နက်ထဲမှာ တောနင်းရှာဖွေမှုကို ကူညီလုပ်ဆောင်ပေးနေပြီ ဖြစ်တယ်" လို့ ဖော်ပြထားပါတယ်။

ထိုင်းပီဘီအက်စ် ရုပ်သံသတင်းရဲ့ အဆိုအရ တပ်မ ၁ လက်အောက်ခံ ကန်ချနဘူရီခရိုင် အခြေစိုက် တပ်မဟာ ၉ က တပ်ဖွဲ့ ၆ ဖွဲ့ စီပါတဲ့ ကယ်ဆယ်ရေးတပ်စု ၂ စုကလည်း စစ်ကားတွေနဲ့ ခေါင်ဖနေဖု တောင်ခြေကိုဦးတည် ချီတက်သွားကြပြီလို့ ဆိုပါတယ်။

ခေါင်ဖနေဖုတောင်ခြေဟာ တပ်မဟာ ၉ စစ်လေ့ကျင့်ရေး ဌာနချုပ်ရှိရာ ကဲန်ကကျန်ကနေ ကီလိုမီတာ ၄၀ ကွာဝေးပြီး အခင်းဖြစ်ပွားရာနဲ့ အနီးဆုံး ကားသွားနိုင်တဲ့ နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၄ နာရီ အထိ ရဟတ်ယာဉ်တွေ့ပြီဆိုတဲ့ အကြောင်းကြားချက် မရှိသေးဘူးလို့ ထိုင်းပီဘီအက်စ်က ဆိုပါတယ်။

ထိုင်း အနောက်တိုင်းတပ်မ ၁ တပ်မမှူး ဒုဗိုလ်ချုပ်ကြီး အဒွန်းဒေ့ စီတကွန်က ဒုတိယ ပျက်ကျတဲ့ ဘလက်ဟော့ ရဟတ်ယာဉ်နဲ့ ပါသွားသူတွေဟာ ယာဉ်ပျက်ပျပုံ ခန့်မှန်းချက်အရ အသက်မသေ ကျန်ရှိနေနိုင်တယ်လို့ မျှော်လင့်ကြောင်း ထိုင်းမီဒီယာတွေကို ပြောပါတယ်။

ထိုင်းမီဒီယာတွေမှာ ထိုင်းစစ်တပ်၊ သစ်တောဌာနနဲ့  စိုက်ပျိုးရေးဌာနက ကယ်ဆယ်ရေးအဖွဲ့တွေဟာ စနေနေ့က ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်နဲ့ ပါသွားသူငါးဦးရဲ့ ရုပ်အလောင်းတွေကို ဗုဒ္ဒဟူးနေ့လယ်မှာ တွေ့ရှိ သယ်ဆောင်နေပြီလို့ ဖော်ပြကြပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးက မီဒီယာတွေကို ပြောဆိုရာမှာ ရဟတ်ယာဉ်တွေကို မြန်မာပြည်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပစ်ချခဲ့တယ်ဆိုတဲ့ ကောလာဟလတွေဟာ အခြေအမြစ် မရှိတဲ့အကြောင်း ထပ်မံ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ရဟတ်ယာဉ် ၂ စင်းလုံးဟာ စက်ချို့ယွင်းချက်ကြောင့် မဟုတ်ဘဲ ဆိုးဝါးတဲ့ ရာသီဥတုကြောင့် ပျက်ကျတာလို့ ထိုင်းမီဒီယာတွေက ကျွမ်းကျင်သူတွေကို မေးမြန်း ထုတ်လွှင့်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013