လူငယ်များအတွက် မြလေးရုံ စကိတ်အားကစားကွင်း (ဓာတ်ပုံ)
DVB
·
January 3, 2016
လှည်းတန်းခုံးကျော်တံတားအောက်နဲ့ လမ်းဘေးဝဲယာတွေမှာပဲ စကိတ်စီးနေရတဲ့ လူငယ်တွေအတွက် Make Life Skate life အဖွဲ့အစည်းကနေ ကမာရွတ်မြိုနယ်ထဲက ဘုရင့်နောင်လမ်းနဲ့ မြလေးရုံကျောင်းအနီးမှာ မြလေးရုံစကိတ်အားကစားကွင်းကို ဇန်န၀ါရီ ၃ ရက်နေ့က ဖွင့်လှစ်ပေးလိုက်ပါတယ်။
ဒီစကိတ်ကွင်းမှာ စကိတ်ဝါသနာရှင်လူငယ်တွေအနေနဲ့ စကိတ်စီးလေ့ကျင့်နိုင်မှာ ဖြစ်သလို သင်တန်းတွေလည်း ပို့ချပေးသွားမှာဖြစ်ပါတယ်။
ဓာတ်ပုံ - အိမမမွန်