A d v e r t i s e m e n t With Us

ဂန့်ဂေါမြို့နယ်တွင် ပထမဆုံးအကြိမ် အမှိုက်ကောက်လှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံ)

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်သာကျေးရွာမှာ ဇန်န၀ါရီ ၂ ရက်နေ့က မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဦးဆောင်ပြီး ပထမအကြိမ်အဖြစ် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် တိုင်းဒေသကြီး ၁ မှ ဦးမြင့်ဇော်နဲ့ ကျေးရွာတွေက ကျောင်းသား/သူ နဲ့ ပြည်သူတွေ ရာနဲ့ချီ ပါဝင်ခဲ့ပါတယ်။ ကန်သာရွာတွင်းရှိ လမ်းတွေအားလုံး၊ ရပ်ကွက်ရုံး၊ စာသင်ကျောင်းဝင်း၊ ဘုန်းတော်ကြီးကျောင်းဝင်းတွေ အပါအ၀င် သန့်ရှင်းရေးပြုလုပ်ပြီး အမိုက်ကောက်ပါဝင်ခဲ့သူတွေကို စေတနာရှင်တွေက ကြာဇံဟင်းခါး တိုက်ကျွေးခဲ့ပါတယ်။ အမိုက်ကောက်ရင်း ရွာမှာရှိတဲ့ ဒိုးပတ်အဖွဲ့ကလည်း ဦးရွှေရိုး၊ ဒေါ်မိုးအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဓာတ်ပုံ - အောင်ကိုလတ်  

A d v e r t i s e m e n t With Us

More News
Up