DVB Logo
Home
မြန်မာသတင်း
ရှမ်း​ပြည်တပ်မ​တော်က မိုင်း​ရယ်မြို့​တွင်း​သို့​ ဝင်​ရောက်စီး​နင်း
DVB
·
July 19, 2011
ရှမ်း​ပြည်တပ်မ​တော်က မိုင်း​ရယ်မြို့​တွင်း​သို့​ ဝင်​ရောက်စီး​နင်း
Donate to DVB

ရှမ်း​ပြည်တပ်မ​တော် ဝမ့်​ဟိုင်း​ဌာနချုပ်ကို တပတ်အတွင်း​ တိုက်ခိုက်သိမ်း​ပိုက်ဖို့​ ​နေပြည်​တော်က ညွှန်ကြား​ထား​တယ် ဆိုတဲ့​သတင်း​တွေ ထွက်​ပေါ်ပြီး​တဲ့​ ​နောက်ပိုင်း​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ၊​ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်တို့​ကြား​မှာ တိုက်ပွဲ​တွေ ဆက်လက် ဖြစ်ပွား​နေပါတယ်။

ဒီက​နေ့​ မနက်​စော​စောက ရှမ်း​ပြည်​မြောက်ပိုင်း​ မိုင်း​ရယ်မြို့​ထဲကို ရှမ်း​ပြည်တပ်မ​တော်က ဝင်​ရောက်စီး​နင်း​ခဲ့​တယ်လို့​ ​ဒေသခံတချို့​က ဆိုပါတယ်။

“တညလုံး​ ​သေနတ်ပစ်သံ​တွေ ကြား​ရတယ်။ မနက် ၅ နာရီ ၆ နာရီ​လောက်မှ ငြိမ်သွား​တယ်။ ​နေရာက ဗျူဟာကုန်း​လို့​ခေါ်တဲ့​ အမှတ် ၆ရ တပ်ရင်း​ ဌာနချုပ်​ဟောင်း​နား​မှာ။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး​။ တချို့​ကလည်း​ ​ဘေး​လွတ်ရာကို ​ပြောင်း​ရွှေ့​ဖို့​ ပြင်ကြတယ်” လို့​ မိုင်း​ရယ်​ဒေသခံတ​ယောက်က ​ပြောပါတယ်။

ယမန်​နေ့​ မွန်း​လွဲပိုင်း​ကလည်း​ မိုင်း​ရယ်မြို့​တောင်ဘက် နား​လီရွာက တံတား​ထိပ်မှာ လုံခြုံ​ရေး​တာဝန်ယူထား​တဲ့​ အစိုး​ရတပ်စခန်း​ကို ရှမ်း​ပြည်တပ်မ​တော် တပ်မဟာ ၁ က ဝင်​ရောက်ပစ်ခတ်ခဲ့​တဲ့​အတွက် တဘက်နဲ့​တဘက် ၂ နာရီကြာ တိုက်ပွဲဖြစ်ပွား​ခဲ့​ပြီး​ ထိခိုက်ကျဆုံး​တာ​တွေ မသိရ​သေး​ဘူး​လို့​ မိုင်း​ရယ်​ဒေသခံတဦး​က ​ပြောပါတယ်။

မိုင်း​ရယ်မြို့​နယ်ထဲမှာပဲ မ​နေ့​က ​နေ့​ခင်း​ တနာရီ​လောက်မှာ နွား​ကျောင်း​နေတဲ့​ ရွာသား​တ​ယောက်ကို အစိုး​ရတပ်ဘက်က အ​ကြောင်း​မဲ့​ပစ်သတ်ခဲ့​ပါတယ်လို့​ မျက်မြင် ရွာသား​တချို့​က ​ပြောပါတယ်။

လား​ရှိုး​အ​ခြေစိုက် ခလရ ၂၂ က တပ်ကြပ်ကြီး​ စံဆာ နဲ့​ ဗမာ့​တပ်မ​တော်တပ်သား​ ၁၃ ​ယောက်ဟာ ဝမ်ဖြတ်ရွာက​နေ ဆိုင်း​ခေါင်ရွာအသွား​ လမ်း​ဘေး​က ​တောစပ်မှာ နွား​ကျောင်း​နေတဲ့​ ဝမ့်​ဖြတ်ရွာသား​ စိုင်း​ဆိုင် အသက် ၃၃ နှစ်ကို အ​ကြောင်း​မဲ့​ ပစ်သတ်ခဲ့​တယ်လို့​ ဆိုပါတယ်။

အစိုး​ရတပ်က ရှမ်း​ပြည်တပ်မ​တော်ကို ထိုး​စစ်ဆင်​နေတဲ့​အ​တောအတွင်း​မှာ ရွာသား​နဲ့​ ရှမ်း​လက်နက်ကိုင်ကို အထင်မှား​ပြီး​ ပစ်ခတ်တာ၊​ ရှမ်း​တပ်မ​တော် ဝင်​ရောက်ခိုလှုံမယ်လို့​ ထင်ရတဲ့​ ရွာထဲကို လက်နက်ကြီး​နဲ့​ ပစ်ခတ်တာ​တွေ ရှိ​နေပါတယ်။

တိုက်ပွဲ​ကြောင့်​ ​ကျေး​သီး​မြို့​နယ်ထဲက ပရဟိတ​ကျောင်း​တ​ကျောင်း​၊​ တွဲဖက်အထက်တန်း​ကျောင်း​တ​ကျောင်း​နဲ့​ မူလတန်း​ကျောင်း​ ၄ ​ကျောင်း​ ပိတ်ထား​ရပါတယ်။

ဝမ့်​ဟိုင်း​ အပါအဝင် အနီး​နား​ပတ်ဝန်း​ကျင်က ရွာ​ပေါင်း​ ၂၀ ​လောက်က ရာနဲ့​ချီတဲ့​ ​ဒေသခံ​တွေ ​ဘေး​လွတ်ရာကို ထွက်​ပြေး​နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013