A d v e r t i s e m e n t With Us

ဆွေး​နွေး​မှုကနေ အကျိုး​ရှိတဲ့​ ရလဒ်အဖြစ် အာဇာနည်​နေ့​ ဂါရဝပြုခွင့်​ ရတဲ့​အပေါ် ဒေါ်အောင်ဆန်းစုကြည် ​ပြောကြား

ဓာတ်ပံု- ဒီဗွီဘီ
အစိုး​ရသစ်လက်ထပ် ပထမဆုံး​ကျ​ရောက်တဲ့​ ၆၄ နှစ်​မြောက် အာဇာနည်​နေ့​ အခမ်း​အနား​ကို ဒီမိုက​ရေစီအင်အား​စု​တွေနဲ့​ ပထမဆုံး​ဂါရဝပြုခွင့်​ ရတဲ့​အ​ပေါ် ​ဒေါ်​အောင်ဆန်း​စုကြည်က ​တွေ့​ဆုံ​ဆွေး​နွေး​မှုက​နေ နှစ်ဦး​နှစ်ဖက် အကျိုး​ရှိတဲ့​ ရလဒ်အဖြစ် ​ပြောကြား​လိုက်ပါတယ်။ [caption id="attachment_12935" align="alignright" width="310" caption="ဓာတ်ပုံ- ဒီဗွီဘီ"][/caption] မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ဒီက​နေ့​ အာဇာနည်​နေ့​ အခမ်း​အနား​ကို ဝါရင့်​နိုင်ငံ​ရေး​ခေါင်း​ဆောင်​တွေ၊​ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု​ကော်မတီဝင်​တွေ၊​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေ အပါအဝင် ဒီမိုက​ရေစီအင်အား​စု​တွေနဲ့​အတူ ပထမဆုံး​ ဂါရဝပြုခွင့်​ရတဲ့​ အ​ပေါ် ​တွေ့​ဆုံ​ဆွေး​နွေး​မှုက​နေ နှစ်ဦး​နှစ်ဖက် အကျိုး​ရှိ​စေတဲ့​ နမူနာ​ကောင်း​ တခုခုဖြစ်တယ်လို့​ ​ပြောကြား​လိုက်ပါတယ်။ အာဇာနည်​နေ့​ မတိုင်ခင်ကတည်း​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေနဲ့​ အစိုး​ရတာဝန်ရှိသူ​တွေ တက်​ရောက် ဂါရဝပြုခွင့်​ရဖို့​ အပြန်အလှန် ​ဆွေး​နွေး​ပြီး​ အခုလို ဂါရဝပြုခွင့်​ ရခဲ့​ကြတာလည်း​ ဖြစ်ပါတယ်။ ဒါ​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဂါရဝပြုခွင့်​ရဖို့​ စီစဉ်ခွင့်​ပြု​ပေး​တဲ့​ အ​ပေါ်ကိုလည်း​ ​ကျေး​ဇူး​တင်ရှိ​ကြောင်း​ အာဇာနည်ဗိမာန်မှာ ဒီမိုက​ရေစီ အင်အာစု​တွေအနဲ့​ အတူ ထပ်မံဂါရဝပြုအပြီး​အပြန်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာလည်း​ ဖြစ်ပါတယ်။ ဒီလို ​ပြောကြား​ခဲ့​တာနဲ့​ ပတ်သက်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဥာဏ်ဝင်း​က အခုလို ပြန်​ပြောပြပါတယ်။ “အာဇာနည်ကုန်း​က ပြန်လာပြီး​တော့​ ကျ​နော်တို့​ကို ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။ ဒီ​နေ့​အာဇာနည်​နေ့​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​တော့​ သူ့​အ​နေနဲ့​ များ​စွာအား​ရ​ကျေနပ်တယ်။ တဖက်နဲ့​တဖက် တာဝန်ရှိတဲ့​ ပုဂ္ဂိုလ်များ​နဲ့​ ဒီဘက်က ပုဂ္ဂိုလ်များ​ရဲ့​ လိုအပ်ချက်​တွေကို မ​နေ့​ကတည်း​က ကြိုတင်ပြီး​တော့​ ညှိနှိုင်း​ဆောင်ရွက်ကြတဲ့​အတွက် လုပ်ငန်း​တာဝန်ရှိတဲ့​ ပုဂ္ဂိုလ်​တွေကလည်း​ တာဝန်​ကျေစွာ ​ဆောင်ရွက်နိုင်သလို ကျ​နော်တို့​ဘက်ကလည်း​ ငြိမ်း​ချမ်း​စွာ အာဇာနည်ကုန်း​ကို တက်​ရောက် ဂါရဝပြုနိုင်တယ်။ ဒါက နှစ်ဦး​နှစ်ဖက် အကျိုး​ရှိတဲ့​ကိစ္စပါ။ ဒါဟာ​တွေ့​ဆုံ​ဆွေး​နွေး​ ​ပြောကြား​ခြင်း​အား​ဖြင့်​ ​ကောင်း​တဲ့​အ​ဖြေထွက်တယ်ဆိုတာ နမူနာ​ကောင်း​လည်း​ ဖြစ်တယ်။ ​နောက်ပြီး​ ဒီလို​ဆောင်ရွက်​ပေး​တာကိုလည်း​ ​ကျေး​ဇူး​တင်ရှိတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင်က ​ပြောခဲ့​ပါတယ်။” လက်ရှိ အ​ခြေအ​နေမှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ အစိုး​ရကြား​ ပါတီ တရား​ဝင်ရပ်တည်မှုနဲ့​ ပတ်သက်ပြီး​ လိုအပ်တဲ့​ ​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေ လိုအပ်​နေ​သေး​ပြီး​တော့​ အဖွဲ့​ချုပ်အ​နေနဲ့​လည်း​ နှစ်ဦး​နှစ်ဖက် အကျိုး​ရှိ​စေနိုင်တဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေ ဖြစ်​ပေါ်လာဖို့​ ဆက်လက် ကြိုး​ပမ်း​သွား​မယ်လို့​လည်း​ ဦး​ဥာဏ်ဝင်း​ကပဲ ဆက်​ပြောပါတယ်။ “အန်အယ်ဒီပါတီ ရှိတယ်၊​ မရှိဘူး​ဆိုတဲ့​ ကိစ္စ​တွေဟာ လိုအပ်တဲ့​ ညှိနှိုင်း​ဆောင်ရွက်မှု​တွေ လုပ်သင့်​လုပ်​ပေး​သင့်​တဲ့​ ကိစ္စတခုလို့​ ကျ​နော်တို့​ မြင်ပါတယ်။ ဒီ​နေ့​အာဇာနည်​နေ့​ ချီတက်တာနဲ့​ ပတ်သက်လို့​ ကျ​နော်တို့​နဲ့​ အတူတူ သွား​ရောက်ဂါရဝ ပြုတဲ့​ထဲမှာ စီအာပီပီ ​ခေါင်း​ဆောင်​တွေ ပါပါတယ်။ ​နောက်ပြီး​ ဝါရင့်​နိုင်ငံ​ရေး​ သမား​ခေါင်း​ဆောင်​တွေ ပါတယ်။ အဲဒီ​တော့​ နိုင်ငံ​ရေး​အရ ကျ​နော်တို့​ အ​ရေး​ကြီး​တဲ့​အဖွဲ့​တွေ အုပ်စု​တွေ အား​လုံး​ပါဝင်ပါတယ်။ ကျ​နော်တို့​ ဘက်ကလည်း​ အာဇာနည်ကုန်း​ကို သွား​ရောက်ပါက အာဇာနည်များ​ကို သတိတရနဲ့​ ဂါရဝပြုဖို့​ ​လေး​လေး​စား​စား​ သွား​ရောက်တာ ဖြစ်တဲ့​အတွက် ကျ​နော်တို့​ အစစ အဆင်​ပြေတယ်လို့​ ကျ​နော်တို့​ အဲလိုပဲ သ​ဘောထား​ပါတယ်။ ကျ​နော်တို့​က​တော့​ ဒီလိုပဲ ​တွေ့​ဆုံမယ်။ ​ဆွေး​နွေး​မယ်။ ညှိနှိုင်း​မယ်ဆိုတဲ့​ ကိစ္စက​နေ အမြဲတမ်း​ ဆက်လက် ကြိုး​ပမ်း​သွား​ဖို့​ ကျ​နော်တို့​ ရည်မှန်း​ထား​ပါတယ်။ ​နောက်ပြီး​တော့​ ဒီ​နေ့​ဆောင်ရွက်မယ့်​ နည်း​တွေအ​နေနဲ့​ကလည်း​ ဒါဟာ အလွန်​ကောင်း​မွန်တဲ့​ နည်း​တရပ်လို့​ ကျ​နော်တို့​ ဒီလိုမြင်ပါတယ်။” ဒီက​နေ့​ မနက်ပိုင်း​ အဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပပြုလုပ်တဲ့​ အာဇာနည်​နေ့​ အခမ်း​အနား​မှာ​တော့​ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ကျဆုံး​ခဲ့​ကြပြီဖြစ်တဲ့​ အာဇာနည် ​ခေါင်း​ဆောင်ကြီး​တွေကို အာဇာနည်ဗိမာန်ဘက် ဦး​တည်ပြီး​ အ​လေး​ပြုခဲ့​ပါတယ်။ အဲ့​ဒီ​နောက်မှာ​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ၆၄ နှစ်ပြည့်​ အာဇာနည်​နေ့​ အခမ်း​အနား​မှာ​တော့​ ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​နဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​က အဖွင့်​အမှာစကား​တွေကို ​ပြောကြား​ခဲ့​ကြပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​ခဲ့​တဲ့​ အ​ကြောင်း​အရာ​တွေကိုလည်း​ ဦး​ဥာဏ်ဝင်း​ကပဲ အခုလို အနှစ်ချုပ်ပြီး​ ပြန်လည် ​ပြောကြား​ပါတယ်။ “အန်တီ​ပြောပြတဲ့​ အဓိက အချက်က​တော့​ အာဇာနည်ဆိုတဲ့​ အဓိပ္ပာယ်၊​ အာဇာနည်ဆိုတာ သက္ကထဘာသာက လာတဲ့​စကား​၊​ အဓိပ္ပာယ်က​တော့​ မြင့်​မြတ်တဲ့​စိတ်ထား​ရှိပြီး​တော့​ မြင့်​မြတ်တဲ့​ လုပ်ငန်း​လုပ်ဖို့​။ အဲဒီမြင့်​မြတ်တဲ့​ စိတ်ထား​ရှိပြီး​ မြင့်​မြတ်​သောလုပ်ငန်း​လုပ်တာ အာဇာနည်ပဲ။ ဒါ​ကြောင့်​ တိုင်း​ပြည်အတွက် ဒီလိုပုဂ္ဂိုလ်မျိုး​တွေ အများ​ကြီး​လိုတယ်၊​ ဒီလို အာဇာနည်များ​ အများ​ကြီး​လိုတဲ့​အ​ကြောင်း​ကို ​ပြောသွား​ပါတယ်။” ဒါ့​အပြင် အဖွဲ့​ချုပ်က​နေ ၆၄ နှစ်ပြည့်​ အာဇာနည်​နေ့​ ​ကြေညာစာတမ်း​ တ​စောင်ကိုလည်း​ ထုတ်ပြန်ပြီး​ ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ဖတ်ကြား​ခဲ့​ပါတယ်။ အဲ့​ဒီ​နောက်မှာ​တော့​ အခမ်း​အနား​ကို ရုပ်သိမ်း​ပြီး​ အဖွဲ့​ချုပ် ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တက်​ရောက်လာကြတဲ့​ ဝါရင့်​နိုင်ငံ​ရေး​ခေါင်း​ဆောင်​တွေ၊​ စီအာပီပီ အဖွဲ့​ဝင်​တွေ၊​ တိုင်း​ရင်း​သား​နိုင်ငံ​ရေး​ အင်အား​စု​တွေ၊​ အဖွဲ့​ဝင်လူငယ်​တွေနဲ့​ ဒီမိုက​ရေစီအင်အား​စုဝင်​တွေ အာဇာနည်ဗိမာန်ကို သွား​ရောက် ဂါရဝပြုပြီး​ အာဇာနည်​နေ့​ အခမ်း​အနား​တွေ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ပြီး​ဆုံး​ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up