တရုတ်မြောက်ပိုင်းတွင် သဘာဝအလင်းတန်းများ ပေါ်ထွက် (ရုပ်သံ)

2.6K
တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိလင်ဟော့မြို့မှာ ဒီဇင်ဘာ ၃၀ ရက် ညနေက သဘာဝအလင်းတန်းတွေ ဒေါင်လိုက် တိုင်သဖွယ် ပေါ်ထွက်ခဲ့ပါတယ်။
အလင်းတန်းတွေက ဒေသစံတော်ချိန် ည ၁၀ နာရီ မိနစ် ၂၀ မှာ စပေါ်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက် မနက် ၁ နာရီထိ ရှိနေခဲ့ပါတယ်။
မြို့တွင်းအပူချိန်က ရေခဲမှတ်အောက် ၂၉ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ အေးခဲနေပေမယ့် ဒေသခံ အများအပြားက အလင်းတန်းတွေကိုကြည့်ဖို့ ထွက်လာခဲ့တာပါ။
ဒေသခံ မိုးလေဝသဌာန ပညာရှင်တွေက ဒီလို အလင်းတန်းတွေပေါ်ရတဲ့ အကြောင်းရင်းကို ရှင်းပြပါတယ်။
ဆောင်းရာသီ အပူချိန်ကျဆင်းချိန် ပတ်ဝန်းကျင် စိုထိုင်းဆ မြင့်နေလို့ လေထဲမှာ ရေငွေ့တွေ ပိုရှိနေတယ်၊ အဲဒီရေငွေ့တွေက ရေခဲမှုန်တွေ ဖြစ်လာတယ်၊ အလင်းရောင်တွေက လေထုကို ဖြတ်သန်းပြီး ရေခဲမှုန်တွေကို ရောင်ပြန်ဟပ်တဲ့အခါ ခုလို ဒေါင်လိုက်ပေါ်တဲ့ အလင်းတန်းတွေ ဖြစ်လာတယ်၊ နေ့ဘက်ဆိုရင် နေရောင်ကြောင့် ဖြစ်တတ်တယ်လို့ မိုးလေဝသဌာန အကြီးတန်း အင်ဂျင်နီယာ ရွှဲ့ကျန်းက ပြောခဲ့ပါတယ်။