Home
မြန်မာသတင်း
တောင်ငူ ရွှေဆံတော်ဘုရင်းရင်ပြင်တွင် ရဲတပ်သားတဦး မီးရှို့သေကြောင်းကြံစည်
DVB
·
December 30, 2015
12459687_926613030738681_1023801699_n
12342819_827330864043065_948864131631587815_n
10417804_827330627376422_6546296778163688134_n
1525442_827330744043077_293033914836426284_n
945866_827330477376437_680737736451613119_n
တောင်ငူမြို့ ရွှေဆံတော်ဘုရားရင်ပြင် အရှေ့တောင်ထောင့်ရှိ တဝဂူဘုရားအတွင်းမှာ ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက် နေ့လယ် ၁ နာရီခွဲအချိန်က တောင်ငူအမှတ် ၃ နယ်မြေရဲစခန်းမှ ရဲတပ်သားတဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့သေကြောင်း ကြံစည်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်နေမှုကို စတင်မြင်တွေ့သူ ဘုရားပေါ်မှာ ပန်းရံလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးလှဦးက “ကျနော်က မီးခိုးတွေထွက်လာတော့ ဝါယာရှော့ဖြစ်တယ်ထင်ပြီး ရေခပ်လာပြီးငြှိမ်းနေတာ၊ ပြီးမှ သူ့ကို မီးလောင်ထားတာ တွေ့ရတယ်။ ဘုရားလုံခြုံရေးတွေက မေးတော့ ဘုရားမီးပူဇော်ရင်း လောင်တာလို့ပြောတယ်။ ဒါပေမယ့်မီးလောင်ထားတဲ့ ဓာတ်ဆီရေသန့်ဗူးတစ်ခုလည်း တွေ့ရတယ်။ ဓာတ်ဆီနံ့တွေလည်း တော်တော်ရတယ်”လို့ ပြောပါတယ်။ မီးလောင်ဒဏ်ရာရရှိတဲ့ ရဲတပ်သားကိုတော့ တောင်ငူပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသ ထားတယ်လို့လည်း သိရပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ မနက်ပိုင်းကလည်း တောင်ငူမြို့ အမှတ် (၂) ရဲစခန်းမှ ရဲတပ်သားတဦးလည်း နေအိမ်လိုင်းခန်းမှာ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ ပါသေးတယ်။ ဓာတ်ပုံ - ကိုသားကြီး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024