ရပ်ကျေးအုပ်ချုပ်ရေးမှူးဥပဒေကြမ်း လွှတ်တော်တွင် တင်သွင်း
DVB
·
December 30, 2015

ပြည်ထောင်စုလွှတ်တော်ဥပဒေအရ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ ကုန်ဆုံးမယ့် ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းနဲ့အညီ အသစ်ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပေမယ့် အဲဒီ့ သက်တမ်းနဲ့အညီမဟုတ်ဘဲ နိုင်ငံတော်သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်း ဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဥပဒေကြမ်းကို ဒီကနေ့(ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
အဲဒီ့လို ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို တင်သွင်းရတာဟာ အုပ်ချုပ်ရေးမှူးရွေးချယ်မှုတွေကို အချိန်လုံလုံလောက်လောက်ရစေဖို့နဲ့ နောက်တက်လာမယ့် အစိုးရအနေနဲ့ လာမယ့် ၅ နှစ်တာ သက်တမ်းအတွင်း လက်တွဲလုပ် ဆောင်မယ့်အုပ်ချုပ်ရေးမှုးတွေကို ရွေးချယ်ရာမှာ အစိုးရသစ်ရဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်တာကြောင့်ဖြစ်သည်ဟု ပြည်သူလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။