DVB Logo
Home
မြန်မာသတင်း
ပင်လယ်ဓားပြလက်မှ မြန်မာသင်္ဘောသားများ ပြန်လွတ်တော့မည်
DVB
·
July 19, 2011
ပင်လယ်ဓားပြလက်မှ မြန်မာသင်္ဘောသားများ ပြန်လွတ်တော့မည်
Donate to DVB

ဆိုမာလီဓားပြတွေ လက်ထဲမှာ ၇ လကျော်ကြာ ပြန်ပေးဆွဲခံနေရတဲ့ မြန်မာသင်္ဘောသား နှစ်ဒါဇင်နီးပါး ဒီလပိုင်းအတွင်းမှာပဲ ပြန်လွတ်လာနိုင်တယ်လို့ သင်္ဘောကုမ္ပဏီနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကတဆင့် စုံစမ်းသိရပါတယ်။

“ခေါင်းဆောင်ပြောင်း​သွားတဲ့ သဘောပဲဗျ။ ခေါင်းဆောင်​ပြောင်း​သွားတော့ ပထမ သင်္ကြန်မတိုင်မီ​ လွတ်မယ်လို့ဖြစ်နေတာ၊ နောက်ခေါင်းဆောင်ချိန်းသွားတော့ မရဘူးဆိုပြီး အခြေအနေက နီးစပ်နေပြီဖြစ်တယ်။ သူတို့ဘာလုပ်တယ်ဆိုတာ ကျနော်တို့က ကုမ္ပဏီနဲ့ သင်္ဘောပိုင်ရှင်နဲ့ အဲဒီလူတွေကြားထဲမှာပဲ ရှိတယ်။”

မြန်မာသင်္ဘောသား ၂၃ ဦးပါတဲ့ M.V MSC PANAMA သင်္ဘောကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တန်ဇနီးယန်းနှင့် မိုဇမ်ဘစ်နိုင်ငံ နယ်စပ် အရှေ့ဘက် ပင်လယ်ပြင်မှာ ပင်လယ်ဓားပြတွေက ဖမ်းဆီးသွားတာပါ။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း သူတို့တွေ ပြန်လွတ်ခါနီးပြီးလို့ သတင်းတခါ ထွက်ခဲ့ပေမယ့် ပြန်လွတ်မလာခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း မြန်မာသင်္ဘောသား ၃ ဦး ပါတဲ့ စင်ကာပူနိုင်ငံ Glory Ship Management ပိုင် M.T GEMINI သင်္ဘောတစင်းကိုလည်း ဆိုမာလီ ဓားပြတွေ ပြန်ပေးဆွဲထားတာကြောင့် ခုချိန်ထိ စုစုပေါင်း မြန်မာ သင်္ဘောသား အနည်းဆုံး ၂၆ ဦး ဓားပြတွေ လက်ထဲမှာ ကျရောက်နေပါတယ်။

“ဆိုမာလီ ဓားပြတွေလက်ထဲမှာ သင်္ဘောသားတွေကတော့ တခါမှ မသေဖူးဘူးပေါ့နော်။ အစားအသောက် ပူစရာ မလိုဘူး။ အနေအထိုင် ပူစရာ မလိုဘူးလို့ ကြားတယ်။ ကျန်တာက ငွေကြေးကိစ္စက ပေါ်လစီနဲ့ သွားတဲ့အတွက် မပါဘူးလေ။”

အရင်တုန်းက မြန်မာသင်္ဘောသားတွေပါတဲ့ သင်္ဘော ၄ စင်းလောက် အဖမ်းခံရဖူးပြီး အားလုံး ဘေးမသိ ရန်မခဘဲ ပြန်လွတ်လာခဲ့ကြပါတယ်။

ဇန်န၀ါရီလ ၁၅ ရက်နေ့က အိန္ဒိယ သမုဒ္ဒရာ အတွင်းက အဖြစ်အပျက် တခုမှာတော့ ဆိုမာလီ ဓားပြတွေလက်ကနေ  သင်္ဘောတစင်းကို  တောင်ကိုရီယား ကွန်မန်ဒိုတွေက ၀င်ရောက် တိုက်ခိုက် ကယ်တင်ခဲ့ရပြီး အဲဒီတုန်းကလည်း မြန်မာသင်္ဘောသား ၁၁ ဦး ဘေးမသိရန်မခ ပြန်လည် လွတ်မြောက်လာခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပင်လယ်ဓားပြလက်မှ မြန်မာသင်္ဘောသားများ ပြန်လွတ်တော့မည်