DVB Logo
Home
မြန်မာသတင်း
အယ်လ်နီညိုကြောင့် ကြုံတွေ့ရမည့် အခက်အခဲများ မိုးဇလပညာရှင် သတိပေး
DVB
·
December 29, 2015
အယ်လ်နီညိုကြောင့် ကြုံတွေ့ရမည့် အခက်အခဲများ မိုးဇလပညာရှင် သတိပေး
Donate to DVB

ပုံမှန်ထက်ခြောက်သွေ့တဲ့ အခြေအနေတွေ ကြုံတွေ့လေ့ရှိတဲ့ အယ်လ်နီညိုဟာ လာမယ့် ၂၀၁၆ နွေရာသီအပြီး မိုးကြိုရာသီကာလအထိ ဖြစ်နေဦးမယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောဆိုထားပါတယ်။

အဲဒီလိုကြုံတွေ့ရမယ့် ၅ လတာဟာ မိုးရွာနည်းပြီး မြေအောက်ရေ လျော့နည်းတာ၊ ခန်းခြောက်တာတွေ ဖြစ်လာနိုင်တဲ့အတွက် စိုက်ပျိုးရေနဲ့ သောက်သုံးရေ အခက်အခဲတွေ ကြုံတွေ့ရနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဒါကြောင့် လာမယ့်နွေရာသီဟာ အလွန်ပူပြင်းတဲ့ နွေရာသီ ဖြစ်လာနိုင်လို့ ကျန်းမာရေးဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနတွေက ကြိုတင်ပြင်ဆင်တာနဲ့ အကြံပြုချက်တွေ ထုတ်ပြန်တာ ပြုလုပ်ဖို့လည်း လိုအပ်တယ်လို့ သူက အကြံပြု ပြောဆိုထားပါသေးတယ်။

အခု ၂၀၁၅ နဲ့  လာမယ့် ၂၀၁၆ ခုနှစ်ဟာ  သမိုင်းမှာ အယ်လ်နီညို အားအကောင်းဆုံး ဖြစ်နေတာကြောင့် စံချိန်တင်တဲ့နှစ်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013