DVB Logo
Home
မြန်မာသတင်း
၂၀၁၆ ခုနှစ်အတွင်း ပဲဈေးအမြင့်တန်းဖြင့် ဆက်ရှိနေမည်
DVB
·
December 29, 2015
၂၀၁၆ ခုနှစ်အတွင်း ပဲဈေးအမြင့်တန်းဖြင့် ဆက်ရှိနေမည်
Donate to DVB

အိန္ဒိယဘက်က ပဲလိုအပ်ချက် မြင့်နေသေးတဲ့အတွက် ၂၀၁၆ အတွင်း ပဲစပေါ်တဲ့အချိန်မှာပဲ ဈေနှုန်းက အမြင့်တန်းနဲ့ ဆက်ရဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းတင်ပို့ရောင်းချသူများ အသင်းရဲ့ အတွင်းရေးမှူး ဦးမင်းကိုဦးက ဒီဗွီဘီကို ပြောပါတယ်။

နှစ်စဉ် ပဲစပေါ်ချိန် နိုင်ငံခြားကို တင်ပို့တဲ့အခါ မတ်ပဲ၊ ပဲစင်းငုံ တတန်ကို ၈ သိန်းဝန်းကျင်လောက်သာ ပေါက်ဈေးရှိခဲ့ရာကနေ ၂၀၁၆ အတွင်း ပဲပေါ်ချိန်မှာ အိန္ဒိယဘက်က ဈေးကောင်းပေး ၀ယ်ယူလာတယ်လို့ သူကပြောပါတယ်။

လက်ရှိအချိန်မှာ ပဲစင်းငုံ စပေါ်နေပြီဖြစ်ပြီး တတန်ကို မြန်မာငွေ ၁၆ သိန်းဝန်းကျင်ထိ အိန္ဒိယဘက်က ဈေးပေးဝယ်ယူနေတာပါ။

မတ်ပဲကိုတော့  ၂၀၁၆ မတ်လနဲ့ ဧပြီလတွေမှာ ၀ယ်ယူဖို့အတွက် ပြောဆိုထားပြီး ၁ တန်ကို မြန်မာငွေ ၁၇ သိန်းနဲ့ ၁၈ သိန်း ပေးဝယ်ယူဖို့ ကမ်းလှမ်းထားတာရှိတယ်လို့ ဦးမင်းကိုဦးက ပြောပါတယ်။

၂၀၁၆ ပဲစတင်ပေါ်တဲ့အချိန်မှာ အခုလိုဈေးကောင်းရဖို့ ရှိနေတဲ့အတွက် ပဲစိုက်တောင်သူတွေ အနေနဲ့လည်း အကျိုးရှိမယ့် နှစ်တနှစ်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အိန္ဒိယဘက်မှာ ပဲအထွက်လျော့ကျတဲ့အတွက် မြန်မာဘက်ကပဲတွေကို ဈေးကောင်းပေးပြီး ၀ယ်ယူနေတာပဲ ဖြစ်ပါတယ်။

မြန်မာအနေနဲ့ ဒီနှစ်အတွင်းမှာ ရေကြီးရေလျှံ ဖြစ်ခဲ့တာကြောင့် ပဲအထွက်လျော့ကျခဲ့ပေမယ့် ပဲဈေးကောင်းရတဲ့အတွက် ပဲတင်ပို့ရောင်းချသူ၊ ပဲလုပ်ငန်းရှင်တွေနဲ့ ပဲစိုက်တောင်သူတွေ အကျိုးရှိတဲ့ နှစ်တနှစ်ဖြစ်တယ်လို့ သူကပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013