A d v e r t i s e m e n t With Us

နေပြည်တော် နှစ်သစ်ကူးညတွင် ရဲတပ်ဖွဲ့ ညလုံးပေါက် လုံခြုံရေးကင်းလှည့်မည်

ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာ နေပြည်တော် နေရာအနှံ့ လုံခြုံရေးတာဝန် ချထားမယ်လို့ တိုင်းရဲတပ်ဖွဲ့ အဆင့်မြင့် ရဲအရာရှိကြီးတဦးက ပြောပါတယ်။ ရန်ကုန်၊ မန္တလေးတွေမှာလို ပျော်ပွဲရွှင်ပွဲတွေ အကြီးအကျယ် မရှိပေမယ့် ဖြစ်တတ်တဲ့နေရာတွေမှာ ညလုံးပေါက် လုံခြုံရေး ပေးသွားမှာပါ။ "လူငယ်တွေ ပျော်တာကို အနှောင့်အယှက် မပေးပါဘူး။ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးကို ဖောက်ဖျက်လာရင်တော့ အရေးယူမယ်" လို့ သူက ပြောပါတယ်။ နှစ်သစ်ကူးည ပျော်ရွှင်သူတွေဟာ အရက်ပုလင်းတွေ လမ်းပေါ်မှာ ရိုက်ခွဲထားတာ၊ ပန်းအိုးတွေ ရိုက်ခွဲတာ၊ အချင်းချင်း ရန်ဖြစ်တာတွေ ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ လမ်းဆုံတွေမှာ ရဲကားတွေထားမှာဖြစ်သလို ပတ်ကင်း၊ လှည့်ကင်းတွေလည်း ရှိနေမယ်လို့ တိုင်းရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိကြီးက ဆက်ပြောပါတယ်။ ဒီအတွက် လုံခြုံရေးရဲတပ်ဖွဲ့ ရဲတပ်ရင်းက တပ်ဖွဲ့ဝင်တွေကိုလည်း သုံးဖို့ စဉ်းစားထားတယ်လို့ သူက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up