Home
မြန်မာသတင်း
မလေးရှားတွင် လိပ်ကျွန်းအမှု ဆန္ဒပြခေါင်းဆောင် ၂ ဦး ထိန်းသိမ်းခံရ
DVB
·
December 28, 2015
10259325_540829839418682_7764854837081937129_n
10013938_540829922752007_3940021707440366075_n
1005912_10208612761143023_6033697935130332725_n
1934053_540829876085345_3036267309040608150_n
995778_540829786085354_4914586282877935200_n
1915960_540829739418692_1379114363348409219_n
ထိုင်းတောင်ပိုင်းလိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချမှတ်တဲ့အပေါ် ပြန်သုံးသပ်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ထိုင်းသံရုံးမှာ ဆန္ဒပြသူတွေထဲက ခေါင်းဆောင် ၂ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပါတယ်။ မျက်မြင်တဦးက “လောလောဆယ် နှစ်ယောက်ပေါ့ ကိုစန်းဝင်းနဲ့ ကိုချစ်ကောင်း ၂ ယောက်တော့ လောလောဆယ် အဖမ်းခံထားရတယ်။ ဆန္ဒပြဖို့ ပါမစ်တွေဘာတွေ သွားလျောက်တာလည်း သူတို့နှစ်ယောက်ပဲဆိုတော့ သူတို့ ၂ ယောက်ကိုပဲ အဓိက ဖမ်းသွားတာပေါ့။ ဒီကနေ့ မွန်းလွဲပိုင်းလောက်မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေထဲက သူတို့နှစ်ဦးကိုသာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဆန္ဒပြခွင့်ကို မလေးရှားအာဏာပိုင်တွေထံမှာ လျောက်ရာမှာ ခွင့်ပြုချက်ရခဲ့တာကြောင့် ချိန်းဆိုထားချိန်မှာ ခွင့်ပြုချက်ကို ပယ်ဖျက်ပြီး ၂ ယောက်သာ သံရုံးကို လာပြီးစာပေးဖို့ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ “သူတို့က ခွင့်ပြုတယ်ပေါ့နော်။ ဒါပေမယ့်ခွင့်ပြုပြီးမှ မနေ့ညက ဖုန်းဆက်တယ်တဲ့ ၂ ယောက်ပဲ ခွင့်ပြုမယ်၊ ပေးချင်တဲ့စာကို သံရုံးကို သူတို့ပေးပေါ့နော်။ ပေးပြီးရင် လှည့်ပြန်ပေါ့။ အဲလိုဆန္ဒပြဖို့ကို ခွင့်မပြုဘူး  တခါ အဲလိုဖြစ်တယ်ဆိုတော့ အတိအကျတော့ သူတို့ပဲသိမှာပေါ့နော်။” လို့ ပြောပါတယ်။ ထိုင်းတောင်ပိုင်း ကော့တောင်ကျွန်းခေါ် လိပ်ကျွန်းမှာ မနှစ်စက်တင်ဘာလလယ်ပိုင်းက ဗြိတိသျှအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သတ်ခံရပါတယ်။ ဒီအမှုကို ကျူးလွန်သူအဖြစ် မြန်မာလူငယ်နှစ်ဦး တရားစွဲဆိုခံရပြီး ထိုင်းတောင်ပိုင်း ကော့စမွေခရိုင်တရားရုံးက ဒီလ ၂၄ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။ သေဒဏ်ချမှတ်ခံရပြီးနောက် ပြည်တွင်းပြည်ပက မြန်မာတွေက တရားမျှတစွာ အမှုကို ပြန်လည်စစ်ဆေးဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024