DVB Logo
Home
မြန်မာသတင်း
စစ်တပ်ထဲ အတင်း​သွတ်သွင်း​ခံရသဖြင့်​ အိုင်အယ်လ်အိုကို တိုင်ကြား
DVB
·
July 18, 2011
စစ်တပ်ထဲ အတင်း​သွတ်သွင်း​ခံရသဖြင့်​ အိုင်အယ်လ်အိုကို တိုင်ကြား
Donate to DVB

စစ်သား​အဖြစ် စု​ဆောင်း​ခံရတဲ့​ တွံ​တေး​မြို့​က ​မောင်​အောင်​အောင် ပြန်လွတ်​မြောက်​ရေး​ မိဘ​တွေက ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) ရန်ကုန်ရုံး​ကို တိုင်ကြား​လိုက်ပါတယ်။

ရန်ကုန်တိုင်း​ တွံ​တေး​မြို့​နယ် မင်း​လှိုင်း​ရပ်ကွက် မြကိုး​ကျေး​ရွာမှာ​နေတဲ့​ ဦး​စိုး​သက်ရဲ့​ သား​ဖြစ်သူ ​မောင်​အောင်​အောင်ဟာ ပြီး​ခဲ့​တဲ့​ ဇွန်လ ၂၃ ရက်​နေ့​က ​ပျောက်ဆုံး​ခဲ့​ပါတယ်။

မိသား​စု​တွေက လိုက်လံစုံစမ်း​ ​မေး​မြန်း​ကြည့်​ရာမှာ တညင်း​ကုန်း​ စစ်သား​စု​ဆောင်း​ရေး​ကို ​ရောက်​နေကြာင်း​ သိရတဲ့​အတွက် မိသား​စု​တွေက ဇွန်လ ၂၆ ရက်​နေ့​က လိုက်သွား​ရာ တာဝန်ကျအရာရှိက သား​ကို ပြန်​ခေါ်ချင်ရင် ​ငွေ သုံး​သိန်း​ပေး​ပါဆိုပြီး​ ​တောင်း​ဆိုခဲ့​တယ်လို့​ ​မောင်​အောင်အာင်ရဲ့​အ​ဖေ ဦး​စိုး​သက်က ​ပြောပါတယ်။

ဒါ့​ကြောင့်​ သူအိမ်ကို​ပေါင်ပြီ သား​ကို ပြန်​ရွေး​တဲ့​အခါ သား​နဲ့​ ​တွေ့​ခွင့်​မ​ပေး​တော့​ဘူး​လို့​ ဦီး​စိုး​သက်က ​ပြောပါတယ်။

“တညင်း​ကုန်း​ စစ်တပ်မှာ ကျ​နော်သွား​ရှာ​တော့​ က​လေး​ကို ​တွေ့​ခဲ့​ပါတယ်။ ဒီက​လေး​ကို ပြန်လိုချင်ရင် ​ငွေသုံး​သိန်း​ပေး​ရမယ်ဆိုလို့​ ကျ​နော် ​ငွေသုံး​သိန်း​ သွား​ပေး​ပါတယ်။ သွား​ပေး​တော့​ တညအိပ် ယူထား​လိုက်ပြီး​တော့​ ​နောက်​နေ့​ကျ​တော့​ ဒီက​လေး​က မရှိ​တော့​ဘူး​ဆိုပြီး​တော့​ ​ငွေသုံး​သိန်း​ကို ကျ​နော့်​ကို ပြန်​ပေး​လိုက်ပါတယ်။ လမ်း​စရိတ် တ​သောင်း​ ပြန်ယူထား​လိုက်တယ်။ သူ့​ဟာသူ စစ်တပ်ထဲ ဝင်တယ်၊​ မဝင်ဘူး​တော့​ ကျ​နော်​တော့​ မသိပါဘူး​။ ဒါ​ပေမယ့်​ ကျ​နော့်​က​လေး​က ကျ​နော်နဲ့​ ပြန်လိုက်မယ်လို့​ ​ပြော​တော့​ ​နောက်​နေ့​မှာ က​လေး​ကို ​တွေ့​ခွင့်​မ​ပေး​တော့​ဘူး​။”

သား​ဖြစ်သူကို ပထမဆုံး​ တညင်း​ကုန်း​မှာ ​တွေ့​တုန်း​က သူ့​ကို စစ်တပ်က ​ငွေ ၂ ​သောင်း​ပေး​ပြီး​ ဝင်ခိုင်း​ခဲ့​တဲ့​ကြောင်း​နဲ့​ သူ့​ကို အိမ်ပြန်​ခေါ်ဖို့​ သား​က ​ပြောဆိုခဲ့​တယ်လို့​ ဆိုပါတယ်။

လက်ရှိမှာ ​မောင်​အောင်​အောင်ကို လှည်း​ကူး​မြို့​နယ်ဘက်က စစ်​လေး​ကျင့်​ရေး​ သင်တန်း​တခုမှာ တက်​နေရတယ်လို့​ သိရတာ​ကြောင့်​ ပြီး​ခဲ့​တဲ့​အပတ်က သား​ဖြစ်သူကို ​တွေ့​ဖို့​ လိုက်သွား​ပေမယ့်​ တာဝန်ရှိသူ​တွေက ​တွေ့​ခွင့်​မ​ပေး​ဘဲ ​နောက်တလကြာမှ လာ​တွေ့​ပါလို့​မှာ လိုက်တယ်လို့​ ​ပြောပါတယ်။

“၂ ရက်၊​ ၃ ရက်​လောက်က လိုက်ပြီး​တော့​ စုံစမ်း​တဲ့​အခါမှာ သင်တန်း​တက်​နေတယ်လို့​ သိရတယ်။ လှည်း​ကူး​ဘက်က ​ဖောင်ကြီး​မှာ။ အဲဒီကို လိုက်သွား​တဲ့​အခါကျ​တော့​ က​လေး​ကို တလပြည့်​မှ ​တွေ့​ရမယ်ဆိုပြီး​ ပြန်လွှတ်လိုက်ပါတယ်။ က​လေး​တော့​ ​တွေ့​ခွင့်​မ​ပေး​ဘူး​လို့​ ခွဲ ၃ က ဆရာကြီး​ ဦး​ဝင်း​မြင့်​ဆိုတဲ့​ လူက​နေ ကျ​နော်တို့​ကို သူ့​အိမ်မှာ တညတည်း​ခိုင်း​ပြီး​ ပြန်လွှတ်လိုက်ပါတယ်။

မောင်​အောင်​အောင်ဟာ အသက် ၁၇ နှစ်သာ ရှိပြီး​ မိဘ​တွေ အား​ကိုး​ရတဲ့​သား​မို့​ ပြန်လွှတ်​ပေး​ဖို့​ လိုလား​နေကြပါတယ်။ ဒါ​ကြောင့်​ က​လေး​ ပြန်ရရှိ​ရေး​ ဒီက​နေ့​ပဲ တွံ​တေး​မြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က​နေ တဆင့်​ အိုင်အယ်လ်အို တိုင်ကြား​လိုက်တယ်လို့​ ဦး​စိုး​သက်က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013