A d v e r t i s e m e n t With Us

အာဇာနည်​နေ့​တွင် မန္တ​လေး​အဖွဲ့​ချုပ်လူငယ်များ​ ပညာဒါနမပြုရဟု အာဏာပိုင်များ​ ပိတ်ပင်

မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် လူငယ်​တွေက အာဇာနည်​နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ မိဘမဲ့​က​လေး​သူငယ်​တွေကို ပညာဒါနနဲ့​ အစာအဟာရ ​ကျွေး​မွေး​ လှူဒါန်း​မယ့်​ အစီအစဉ်ကို မြို့​နယ်အာဏာပိုင်​တွေ ပိတ်ပင်မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။ မန္တ​လေး​ အဖွဲ့​ချုပ်လူငယ်​တွေက မနက်ဖြန်မှာ ကျ​ရောက်မယ့်​ ၆၄ နှစ်​မြောက် အာဇာနည်နေ့​ အထိမ်း​အမှတ်အ​နေနဲ့​ ချမ်း​အေး​သာဇံမြို့​နယ်ရှိ ငါး​စုတိုက် ဘုန်း​တော်ကြီး​သင် ပညာ​ရေး​ကျောင်း​က မိဘမဲ့​က​လေး​သူငယ်​တွေကို အစာအာဟာရနဲ့​ ပညာဒါနပြုမယ့်​ အစီအစဉ်ကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ပိတ်ပင်မှု ပြုလုပ်ခဲ့​တာပါ။ ဒါနဲ့​ပတ်သက်ပြီး​ မန္တ​လေး​တိုင်း​အဖွဲ့​ချုပ် လူငယ်တာဝန်ခံတဦး​က အခုလို​ပြောပြပါတယ်။ “ကျ​နော်တို့​က ချမ်း​အေး​သာဇံမြို့​နယ် လမ်း​ ၃၀ နဲ့​ ၆၂လမ်း​မှာ ရှိတဲ့​ ငါး​စုတိုက်မှာ လူငယ်​တွေက​နေ ထမင်း​ကျွေး​ပြီး​တော့​ က​လေး​တွေအတွက် အဝတ်အစား​ ​ဝေဖို့​စီစဉ်ထား​တာပါ။ ကျ​နော်တို့​ အန်အယ်လ်ဒီအ​နေနဲ့​ ​ကျွေး​မယ်ဆိုရင် ​ကျောင်း​မှာ ခွင့်​မပြုနိုင်ဘူး​ဆိုပြီး​ ​ကျောင်း​က ဒုတိယ​ကျောင်း​အုပ် ဦး​ခေမာကို လာပိတ်သွား​တာလို့​ ​ပြောပါတယ်။ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ရုံး​ကလို့​ ​ပြောပါတယ်။ ချမ်း​အေး​သာဇံမြို့​နယ်​ပေါ့​။ ​လျှောက်ထား​တာ​တော့​ လွန်ခဲ့​တဲ့​ တပတ်​လောက်က ကြို​လျှောက်ထား​တာ။ ကျ​နော်တို့​ကို ဆရာ​တော် ဒုတိယ ​ကျောင်း​အုပ်က လက်ခံထား​တာပါ။ ဒီ​နေ့​ငွေသွား​သွင်း​မယ်လုပ်တဲ့​ အချိန်မှာ ဒီလိုဒီလိုပဲ လာပိတ်သွား​တယ်။ ဆက်လုပ်လို့​ မရ​တော့​ပါဘူး​။ ​ကျွေး​လို့​မရ​တော့​ဘူး​ ဆိုပြီး​ လှမ်း​ပြီး​ ပိတ်လိုက်တယ်။” ဒီလို ပိတ်ပင်ခဲ့​တဲ့​အ​ပေါ်ကိုလည်း​ သူက အခုလို ဆက်​ပြောပါတယ်။ “ဘာသာ​ရေး​ ချိုး​ဖောက်မှုလား​၊​ က​လေး​တွေရဲ့​ အခွင့်​ရေး​ကို ချိုး​ဖောက်တယ်လို့​ပဲ ​ပြောရမလား​ မသိဘူး​။ ကျ​နော်တို့​က တစ်အချက်က က​လေး​တွေကို ပညာသင်​ပေး​နေတဲ့​ ဘုန်း​တော်ကြီး​ကျောင်း​တွေမှာ ပညာသင်ရတဲ့​ မိဘမဲ့​က​လေး​တွေကို အာဟာရဖြစ်​စေချင်လို့​ အာဟာရ​ကျွေး​မွေး​တဲ့​ သ​ဘောပါ။ အဝတ်အစား​အသစ်​တွေ ​ဝေငှဖို့​လည်း​ စီစဉ်ထား​တယ်။ က​လေး​တွေကို ​ပေး​ကမ်း​ကြတဲ့​ အလှူဒါနလုပ်တဲ့​ဟာကို ပိတ်ပင်တာ​တော့​ မ​ကောင်း​ဘူး​။ မတရား​သဖြင့်​ က​လေး​တွေရဲ့​ အခွင့်​အ​ရေး​တွေ က​လေး​တွေရဲ့​ အာဟာရ ချို့​တဲ့​မှု​တွေကို ပစ်ပယ်တယ်လို့​ ယူဆတယ်။ ဒီမိုက​ရေစီ စနစ်လမ်း​ကြောင်း​သွား​တာ မဟုတ်ဘူး​ဆိုတာ ​ပေါ်လွင်​နေတာ​ပေါ့​။” မနက်ဖြန်မှာ ကျ​ရောက်မယ့်​ အာဇာနည်​နေ့​ အခမ်း​အနား​ကို​တော့​ မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​ချုပ်ရုံး​မှာ ဆွမ်း​ကပ်လှူဒါန်း​မယ့်​ အစီအစဉ်​တွေနဲ့​ ဆရာကို​လေး​ (အင်း​ဝဂုဏ်ရည်)ရဲ့​ အာဇာနည်​နေ့​ စာ​ပေ​ဟော​ပြောပွဲပါ ကျင်း​ပပြုလုပ်ဖို့​လည်း​ ရှိ​နေပါတယ်။ ဒါ့​အပြင် မန္တ​လေး​တိုင်း​ထဲက မတ္တရာ၊​ မြင်း​ခြံ၊​ မိတ္တီ​လာ​ စတဲ့​ မြို့​တွေမှာလည်း​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေက ၆၄ နှစ်​မြောက် အာဇာနည်​နေ့​ အခမ်း​အနား​တွေ ကျင်း​ပပြုလုပ်ဖို့​ ရှိ​နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up