A d v e r t i s e m e n t With Us

မြစ်ကြီး​နား​-ဗန်း​မော် ကား​လမ်း​ပေါ် တိုက်ပွဲဆက်ဖြစ်

ဒီက​နေ့​ မနက်ပိုင်း​က မြစ်ကြီး​နား​-ဗန်း​မော် ကား​လမ်း​တ​လျှောက်မှာ မြန်မာစစ်တပ်နဲ့​ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော်(​ကေအိုင်​အေ)အကြား​ ၃ ရက်​မြောက်အဖြစ် တိုက်ပွဲဆက်ဖြစ်ခဲ့​ပါတယ်။ မြစ်ကြီး​နား​အ​ခြေစိုက် ​မြောက်ပိုင်း​တိုင်း​စစ်ဌာနချုပ် (မပခ) လက်​အောက်ခံတပ်​တွေက ဝိုင်း​မော်မြို့​နယ်၊​ ​ရွှေ​ညောင်ပင်​ကျေး​ရွာက​နေ စစ်​ကြောင်း​ ၂ ​ကြောင်း​ခွဲပြီး​ ချီတက်လာရာမှာ ​ကေအိုင်​အေ တပ်ဖွဲ့​က ချုံခိုတိုက်ခိုက်ခဲ့​တာ ဖြစ်တယ်လို့​ ​ကေအိုင်​အေနဲ့​ နီး​စပ်သူတဦး​က ​ပြောပါတယ်။ “အခု မနက်ဖြစ်တဲ့​တိုက်ပွဲမှာက အစိုး​ရတပ်ဘက်က ​ကေအိုင်​အေရဲ့​ ချုံခိုတိုက်ခိုက်မှု ဝင်တိုး​မိတယ်လို့​ ​ပြောတယ်။ သူတို့​က ​ရွှေ​ညောင်ပင်က​နေ လမ်း​လျှောက်ပြီး​ တက်လာတာ။ တချို့​က ကား​လမ်း​က​နေ သွား​တယ်၊​ ကား​လမ်း​က​နေ သွား​တဲ့​ အဖွဲ့​တွေက ကြိုး​တံတား​ဖြတ်ပြီး​ ဒဘတ်ယန် ​ရောက်တဲ့​အခါမှာ အပစ်ခံရတယ်​ပြောတယ်။ တဖွဲ့​က​တော့​ ဂါး​ဒါယန် ရွာထိပ်က ​တောထဲမှာ အပစ်ခံရတယ်၊​ သူတို့​က ဒဘတ်​ချောင်း​ မကူး​ခင် အပစ်ခံ ရတယ် ​ပြောတယ်။ နှစ်​နေရာ ဖြစ်တယ်လို့​ ​ပြောတယ်။” အဲဒီတိုက်ပွဲ​တွေအတွင်း​ မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံး​တွေရှိခဲ့​ပြီး​ တိုက်ပွဲဖြစ်ပြီး​ မကြာမီ ပြန်ဆုတ်သွား​တယ်လို့​ ​ကေအိုင်​အေသတင်း​ရပ်ကွက်အရ သိရ ပါတယ်။ အခုလ ၁၆ ရက်​နေ့​ ​နေ့​လယ်ပိုင်း​ကစလို့​ မြစ်ကြီး​နား​- ဗန်း​မော် ကား​လမ်း​ပေါ်က နန်ဆန်ယန်​ကျေး​ရွာအနီး​မှာ တိုက်ပွဲ​တွေဖြစ်ပြီး​ အဝိုင်း​ခံ​နေရတဲ့​ ခလရ ၂၁ ကို စစ်ကူ​ပေး​ဖို့​နဲ့​ နယ်​မြေ ပြန်လည်စိုး​မိုး​နိုင်​ရေး​အတွက် မပခလက်​အောက်ခံတပ်​တွေက မ​နေ့​ကတည်း​က မြစ်ကြီး​နား​က​နေ ချီတက်လာတာဖြစ်ပြီး​ စစ်​ကြောင်း​တွေမှာ ​ပေါ်တာ အထမ်း​သမား​တွေကို အသုံး​ပြုထား​တယ်လို့​ အဆိုပါ ​ဒေသခံက ​ပြောပါတယ်။ “နှစ်ဖွဲ့​စလုံး​ လမ်း​လျှောက်လာတာ။ တပ်က​တော့​ မပခတပ်လို့​ ​ပြောတယ်။ မြစ်ကြီး​နား​ကလာတာ၊​ မ​နေ့​ညက ​ရွှေ​ညောင်ပင် အိပ်တဲ့​ အဖွဲ့​တွေ၊​ တဖက် စစ်​ကြောင်း​ကို ၁ဝဝ ​ကျော်ပါတယ် ​ပြောတယ်။ ​ပေါ်တာက ၁ဝ ​ယောက် ​ကျော် ​တွေ့​တယ်တဲ့​။ ဒီဘက် ကဇူး​ကို ဖြတ်တဲ့​ အဖွဲ့​တွေက​တော့​ ​ပေါ်တာ ၁ဝ ​ကျော်ပါတယ်တဲ့​။ အဲဒါရွာသား​တွေ မြင်လိုက်ရတာ​လေ။ ဂါး​ဒါယန်ရွာထိပ်က​နေ ဒဘတ်​ချောင်း​ကူး​ဖို့​ ကြိုး​စား​တဲ့​အဖွဲ့​တွေက​တော့​ ​ပေါ်တာဘယ်​လောက်ပါတယ် မသိဘူး​။ သူတို့​လည်း​ ​တောလမ်း​က​နေ ဖြတ်တာ။” အခုလို တိုက်ပွဲဖြစ်​နေစဉ်မှာပဲ မ​နေ့​က ဆင်ဘိုဘက်က​နေ ချီတက်လာတဲ့​ မြန်မာ စစ်တပ်​တွေနဲ့​လည်း​ ​ကေအိုင်တပ်ဖွဲ့​အကြား​ ဧရာဝတီမြစ် အ​ရှေ့​ဘက်ကမ်း​မှာ တိုက်ပွဲ​တွေ စဖြစ်​နေပြီလို့​ သတင်း​တွေ ​ပေါ်ထွက်​နေပြီး​ သီး​ခြား​အတည်ပြုချက်​တော့​ မရ​သေး​ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up