A d v e r t i s e m e n t With Us

အာဇာနည်​နေ့​ အခမ်း​အနား​ နိုင်ငံ​ရေး​ပါတီများ​ကို ဖိတ်ကြား​ခြင်း​မရှိ

၆၃ ြကိမ်ေြမာက် အာဇာနည်ေန့ အခမ်းအနားကို ဒီမိုကရက်တစ်ပါတီ ြ(မန်မာ) တက်ေရာက် ဂါဝရြပုစဥ်
ဇူလိုင်လ ၁၉ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ ၆၄ နှစ်​မြောက် အာဇာနည်​နေ့​ အခမ်း​အနား​မှာ နိုင်ငံ​ရေး​ပါတီ​တွေကို တက်​ရောက် ဂါရဝပြုဖို့​ တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​က ဖိတ်ကြား​ခြင်း​ မရှိပါဘူး​။ [caption id="attachment_12823" align="alignleft" width="310" caption="၆၃ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီမိုကရက်တစ်ပါတီ (မြန်မာ) တက်ရောက် ဂါဝရပြုစဉ်"][/caption] မနှစ်က​တော့​ ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီ​တွေကို အသိအမှတ်ပြု ဖိတ်ကြား​ခဲ့​ပေမယ့်​ ဒီနှစ်မှာ​တော့​ ဖိတ်ကြား​ခြင်း​ မရှိ​တော့​တာလို့​ အမျိုး​သား​ ဒီမိုက​ရေစီအင်အား​စုပါတီရဲ့​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ခင်​မောင်​ဆွေက ​ပြောပါတယ်။ “ဒီနှစ်​တော့​ မဖိတ်ဘူး​။ တက်​ရောက်ချင်တဲ့​သူ​တွေ အ​ကြောင်း​ကြား​ပါဆိုပြီး​ သတင်း​စာမှာ ပါတယ်။ သီးခြား​ ဖိတ်တာ​တော့​ မရှိဘူး​။” ကြံ့​ခိုင်​ရေး​ပါတီရဲ့​ ရန်ကုန်တိုင်း​ တာဝန်ခံမြို့​တော်ဝန်​ဟောင်း​ ဦး​အောင်သိန်း​လင်း​ က​တော့​ နိုင်ငံ​ရေး​ပါတီအား​လုံး​ကို ဖိတ်ကြား​မယ်လို့​ ပြည်တွင်း​ မီဒီယာ​တွေမှာ ​ပြောကြား​ထား​ပေမယ့်​ အခုလို ဖိတ်ကြား​ခြင်း​ မရှိ​တော့​တာလည်း​ ဖြစ်ပါတယ်။ ဒီလို အစိုး​ရအ​နေနဲ့​ တာဝန်ခံဖိတ်ကြား​တာမျိုး​ မရှိတဲ့​အတွက် ပါတီအ​နေနဲ့​ပဲ အာဇာနည်​နေ့​ အခမ်း​အနား​ကို ကျင်း​ပမယ်လို့​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့​ ဥက္ကဋ္ဌ ဦး​သု​ဝေကသ ဆိုပါတယ်။ “သူတို့​က တက်ချင်ရင် စည်ပင်သာယာရုံး​မှာ သွား​ပြီး​ ကိုယ့်​ဘာသာကိုယ် ​လျှောက်ရမှာ​ပေါ့​နော်။ ​လျှောက်လွှာတင်ပြီး​မှ ​လျှောက်တဲ့​သူ​တွေက သွား​တက်​ပေါ့​။ အဲလိုမျိုး​ ​ပြောပါတယ်။ သပ်သပ် မဖိတ်ဘူး​ဗျ။ ကျ​နော်တို့​ မ​လျှောက်​တော့​ဘူး​ဗျာ။ မဖိတ်​တော့​လည်း​ မသွား​ဘူး​ပေါ့​ဗျာ။ ကိုယ့်​ပါတီမှာပါပဲ ကိုယ့်​အခမ်း​အနား​နဲ့​ကိုယ် လုပ်​တော့​မယ်။ မနက်ဖြန် ကျ​နော်တို့​ ပါတီရုံး​မှာ ပါတီဝင်​တွေ စုပြီး​တော့​ အာဇာနည်​နေ့​နဲ့​ ပတ်သက်ပြီး​ ​ဟော​ပြောတာ၊​ ​ဆွေး​နွေး​တာတို့​ ရှိမှာ​ပေါ့​ဗျာ။” တမျိုး​သား​လုံး​နဲ့​ သက်ဆိုင်တဲ့​ အာဇာနည်​နေ့​ အခမ်း​အနား​ကို တိုင်း​ဒေသကြီး​ အစိုး​ရအဆင့်​ကပဲ ဦး​ဆောင်ပြုလုပ်ဖို့​ စီစဉ်တာဟာ ​ရွေး​ကောက်ပွဲ အနိုင်ရ ကြံ့​ခိုင်​ရေး​ ပါတီအ​နေနဲ့​ ဒီအခမ်း​အနား​အ​ပေါ် အ​လေး​အနက် မထား​တာ ဖြစ်တယ်လို့​လည်း​ ဦး​သု​ဝေက ​ဝေဖန်ထား​ပါတယ်။ “ကျ​နော်တို့​ အမြင်က​တော့​ အာဇာနည်​နေ့​ဆိုတာ အား​လုံး​နဲ့​ ပတ်သက်တဲ့​ အာဇာနည်​ခေါင်း​ဆောင်ကြီး​များ​ကို အ​လေး​ပြုချင်ကြမှာ​ပေါ့​။ အား​လုံး​ပြည်သူ​တွေက သွား​ပြီး​တော့​ အ​လေး​ပြုချင်ကြတဲ့​ပုဂ္ဂိုလ်များ​ကို ပြုနိုင်ပါတယ်။ စည်း​ကမ်း​က ဘယ်လိုဆိုတာမျိုး​ ရှင်း​ပြရင် လူထု​တွေက အများ​ကြီး​ သွား​တက်မှာ​ပေါ့​။ အခု​တော့​ တိုင်း​မြူနီစပါယ်ကပဲ ဦး​ဆောင်ကျင်း​ပမယ်လို့​ ဆိုတယ်။ ပြီး​တော့​ သူတို့​ကလည်း​ သိပ်ပြီး​တော့​ ​လေး​လေး​နက်နက်ထား​ပုံမရဘူး​ သူတို့​က။ ပြီး​တော့​ သူတို့​စီစဉ်ပြီး​ လုပ်​ပေး​မှာ​ပေါ့​။” အခြား​ပြည်တွင်း​ ဒီမိုကရက်တစ်အင်အား​စုဝင် အချို့​က​တော့​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အတူ အာဇာနည်ဗိမာန်ကို လမ်း​လျှောက်ချီတက်ပြီး​ ကျဆုံး​ခဲ့​တဲ့​ အာဇာနည် ​ခေါင်း​ဆောင်ကြီး​တွေကို ဂါရဝပြုဖို့​ စီစဉ်ထား​ကြပါတယ်။ ရန်ကုန်မြို့​မှာ​တော့​ အာဇာနည်​နေ့​ နီး​ကပ်လာတာနဲ့​အတူ လုံခြုံ​ရေး​တွေကိုလည်း​ အထူး​တင်း​ကျပ်ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up