Home
မြန်မာသတင်း
ခိုင်လုံမဲ ၈ ပုံ ၁ ပုံအထက်ရသည့် ကိုယ်စားလှယ်လောင်းများကို မှတ်ပုံတင်ကြေး ပြန်ပေးမည်
DVB
·
December 24, 2015
နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ အနိုင်မရပေမယ့် ခိုင်လုံမဲ ၈ ပုံ ၁ ပုံအထက် ရရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို မှတ်ပုံတင်ကြေး ကျပ် ၅ သိန်း ပြန်ပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ အရင် ရွေးကောက်ပွဲတွေတုန်းက အနိုင်ရကိုယ်စားလှယ်ကိုသာ မှတ်ပုံတင်ကြေး ပြန်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းကစပြီး မှတ်ပုံတင်ကြေးငွေ ပြန်ထုတ်ပေးသွားမှာဖြစ်ပြီး ၆ လအတွင်း လာမထုတ်ရင်တော့ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မဲရှစ်ပုံတပုံ ရ မရ ဆိုတာ ဆန္ဒမဲပေးတဲ့အပေါ် မူတည်တယ်လို့ ပြောပါတယ်။ “ရွေးကောက်ခံရတဲ့သူက ရတဲ့သူက မဲပြတ်သွားမယ်၊ ဒုတိယလူကလည်း မဲကပ်လိုက်သွားမယ်၊ ဒါဆိုရင် ပြန်ရနိုင်တယ်၊ ဒါပေမယ့် တတိယ၊ စတုတ္ထရတဲ့သူတွေက မဲပြတ်ကျန်ရစ်မယ်ဆိုရင် မရနိုင်တော့ဘူး၊ မဲရဲ့အခြေအနေအပေါ် မူတည်တယ်၊ တချို့က တယောက်တည်းပဲ မဲအပြတ်ရသွားပြီးတော့ ကျန်တဲ့သူတွေ မဲအရမ်းနည်းပြီး ပြန်မရနိုင်တာမျိုးလည်း ဖြစ်နိုင်တာပေါ့။” ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲမှာ လွှတ်တော်အရပ်ရပ်အတွက် ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော် စံချိန်တင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024