A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည် လူငယ်များ​အပါအဝင် ဒီမိုက​ရေစီအင်အား​စုများ​နှင့်​အတူ အာဇာနည်ဗိမာန်သို့​ ချီတက်ဂါရဝပြုမည်

​ေဒါ်​ေအာင်ဆန်း​စုြကည်နှင့်​ သူမ၏သား​ငယ် ကိုထိန်လင်း​ အာဇာနည်ကုန်း​သို့​ ​ေရာက်ရှိစဉ် (ဓာတ်ပံု- ရိုက်တာ)
မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင်၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​​ရေးမှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဇူလိုင်လ ၁၉ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ (၆၄) နှစ်ပြည့်​ အာဇာနည်​နေ့​ အခမ်း​အနား​ကို အဖွဲ့​လူငယ်​တွေ၊​ လူငယ်ကွန်ရက်အဖွဲ့​ဝင်​တွေ အပါအဝင် ဒီမိုက​ရေစီအင်အား​စု လူပုဂ္ဂိုလ် ၁၀၀ ​ကျော်နဲ့​ အာဇာနည်ဗိမာန်ကို ချီတက်ဂါဝရပြုမှာ ဖြစ်ပါတယ်။ [caption id="attachment_12807" align="alignleft" width="310" caption="၂၀၁၁ ဇူလိုင် ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်​ သူမ၏သားငယ် ကိုထိန်လင်းတို့ အာဇာနည်ကုန်းသို့​ ​လာ​ရောက် ဂါဝရပြုစဉ် (ဓာတ်ပုံ- ရိုက်တာ)"][/caption] အဖွဲ့​ချုပ်ရုံး​မှာ မနက် ၁၁ နာရီကျင်း​ပ ပြုလုပ်မယ့်​ အာဇာနည်​နေ့​ အခမ်း​အနား​အပြီး​ အခုလိုချီတက် ဂါရပြုမှာဖြစ်ပြီး​ လက်ရှိအ​ခြေအ​နေမှာ​တော့​ သက်ဆိုင်ရာ အာဇာနည်​နေ့​ အခမ်း​အနား​ကျင်ပ​ရေး​ကော်မတီမှာ ညှိနှိုင်း​မှု​တွေ ပြုလုပ်​နေတယ်လို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦးဥာဏ်ဝင်း​က ​ပြောပါတယ်။ “ကျ​နော်တို့​ အခမ်း​အနား​ကို မနက် ၁၁နာရီမှာ စပါမယ်။ ​နောက် သဘာပတိက စကား​ပြောမယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်က စကား​ပြောမယ်။ ​နေ့​ခင်း​ ၁ နာရီ​လောက်ကျရင် ကျ​နော်တို့​ ဒီမိုက​ရေစီ အင်အား​စု​တွေရယ်၊​ အာဇာနည်ကုန်း​ သွား​ပြီး​တော့​ ဂါရဝပြုမယ်။ အခုလည်း​ လိုအပ်တဲ့​ဟာ​တွေကို ကျင်း​ပ​ရေး​ကော်မတီနဲ့​ သွား​တွေ့​နေပါတယ်။ အဆင်​ပြေမှာပါ။” တိုင်း​ဒေသကြီး​အစိုး​ရက ကျင်း​ပပြုလုပ်မယ့်​ အာဇာနည်​နေ့​အခမ်း​အနား​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဂါရဝပြုဖို့​ ဖိတ်ကြား​ထား​ပေမယ့်​ ချီတက်ဂါရပြုမယ့်​ အစီအစဉ်ကို အာဏာပိုင်​တွေဘက်က ပိတ်ပင်တား​ဆီး​တာ​တွေလည်း​ ပြုလုပ်လာနိုင်တဲ့​ အ​ခြေအ​နေမျိုး​တွေလည်း​ရှိ​နေပါတယ်။ ဒီအ​ပေါ်ကိုလည်း​ ဦး​ဥာဏ်ဝင်း​က ... “ကျ​နော်တို့​က​တော့​ ဖြစ်​အောင်ကြိုး​စား​ပါတယ်။ ဖြစ်​အောင်စဉ်း​စား​ပြီး​တော့​ အုပ်စုကြီး​မျိုး​မဟုတ်ဘူး​။ လူ ၁၀၀ ​လောက်ပဲ သွား​ရောက်အ​လေး​ပြုဖို့​ စီစဉ်တာပါ။ ဒါကလည်း​ အစိုး​ရက​ပြောသလိုမျိုး​ မဖြစ်​အောင် ​ရှောင်ရှား​တဲ့​သ​ဘောပါ။” မနက်ဖြန် မနက်ပိုင်း​မှာ​တော့​ မြန်မာ့​လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ သမီး​ဖြစ်သူ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ သား​ကြီး​ဖြစ်သူ ဦး​အောင်ဆန်း​ဦး​တို့​လည်း​ ​နေအိမ်သီး​ခြား​ဆီ အာရုံဆွမ်း​ကပ်လှူမယ့်​ အစီအစဉ်​တွေလည်း​ရှိ​နေပါတယ်။ ဒါ့​အပြင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​အပါအဝင် ​ရွေး​ကောက်ပွဲဝင် နိုင်ငံ​ရေး​ပါတီအသီး​သီး​နဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ရေး​ အင်အား​စု​တွေကလည်း​ အာဇာနည်​နေ့​ အခမ်း​အနား​တွေ ကျင်း​ပပြုလုပ်ဖို့​ အစီအစဉ်​တွေ ရှိ​နေကြပါတယ်။ ပြီး​ခဲ့​တဲ့​ တနင်္ဂ​နွေ​နေ့​ထုတ် အစိုး​ရအာ​ဘော် သတင်း​စာ​တွေမှာ​တော့​ အာဇာနည်​နေ့​ အခမ်း​အနား​ တက်​ရောက်ဖို့​ ဖိတ်ကြား​ခံထား​ရတဲ့​ ဧည့်​သည်​တော်​တွေ လာ​ရောက်နိုင်ဖို့​ လမ်း​အချို့​ကို ဒီက​နေ့​ည​နေ ၆ နာရီက​နေ စတင်ပြီး​ မနက်ဖြန် မနက် ၁၀ အထိ ပိတ်ထားမှာ ဖြစ်တယ်လို့​ ​ကြေညာထား​ပါတယ်။ ဒါ့​အပြင် အများ​ပြည်သူ​တွေကို လုံခြုံ​ရေး​အတွက် ရှာ​ဖွေစစ်​ဆေး​မှု​တွေပြုလုပ်မှာ ဖြစ်တာ​ကြောင့်​ ကြည်ဖြူစွာနဲ့​ ပူး​ပေါင်း​ကူညီကြဖို့​လည်း​ ​မေတ္တာရပ်ခံထား​ပါတယ်။ အများ​ပြည်သူ​တွေအ​နေနဲ့​က​တော့​ နံနက် ၁၀ နာရီက​နေစတင်ပြီး​ ည​နေ ၄ နာရီအထိ လာ​ရောက်ဂါရဝပြုနိုင်​ကြောင်း​ ​ဖော်ပြထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up