DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော် စခန်းတချို့ ဆုတ်ခွာ
DVB
·
July 17, 2011
ရှမ်းပြည်တပ်မတော် စခန်းတချို့ ဆုတ်ခွာ
1 / 2
Donate to DVB

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင်း ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တိုက်ပွဲ ၇ ရက်မြောက်နေ့မှာ ရှမ်းပြည်တပ်မတော်က တောင်ကုန်းတချို့ကို လက်လွတ်ဆုတ်ခွာပေးလိုက်ပြီလို့ နယ်စပ် စစ်ဖက် သတင်းရပ်ကွက်က ပြောပါတယ်။

ဒေသခံတဦး

အစိုးရဘက်က လက်နက်ကြီးတွေဟာ ရှမ်းတပ်မတော် တည်ရှိရာ တောင်ကုန်းတွေကို သာမက ရွာတွေထဲကိုပါ ကျမှန်ပေါက်ကွဲပြီးတဲ့နောက် ရွာသားတွေ ကစဥ့်ကလျား ဖြစ်ကုန်ကြသလို ရှမ်းတပ်က ဆုတ်ခွာပေးလိုက်တာလို့ ဆိုပါတယ်။

ဝမ်ဟိုင်း အနောက်မြောက်ဖက် ၁၆ မိုင်အကွာ နမ့်ပုတ်၊ လွယ်ကုန်၊ လွယ်ဆိုင်း၊ ဖတ်နမ် စတဲ့နေရာတွေမှာ ဖြစ်တဲ့ သီတင်းတပတ်ကြာ တိုက်ခိုက်နေတာ ဖြစ်ပြီး အစိုးရဘက်က ရှမ်းပြည်တပ်မတော်ဌာနချုပ် ၀မ်ဟိုင်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီကနေ့မနက် ၁၀ နာရီကစပြီး ကျေးသီးမြို့နယ် ဖတ်နမ်ကျေးရွာအုပ်စု နမ့်စလွမ်းရွာအနီးမှာ နှစ်ဖက်အကြား နှစ်နာရီကြာ တိုက်ပွဲဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော် ပြောခွင့်ရသူ စိုင်းလှက ရှမ်းတပ်က ၀မ်ဟိုင်းဌာနချုပ်နဲ့ ၁၅ မိုင်ဝန်းကျင်က တောင်ကုန်းတချို့ကို ဆုတ်ခွာပေးလိုက်သလို အစိုးရတပ်က အင်အား ၁၀၀၀ လောက် ရှမ်းတပ်မတော်ဌာနချုပ် ၀မ်ဟိုင်းကို ချီတက်နေတယ်လို့ ဒီနေ့ မြန်မာစံတော်ချိန် သုံးနာရီမှာ ပြောပါတယ်။

“ကျေးသီးမြို့နယ်မှာပဲ။ လက်နက်ကြီးတွေတော့ တောင်ကြောမှာ သူတို့ ပစ်တာပဲ၊ တောင်ကြောရော ရွာထဲရော အများကြီးကျတယ်။ အဲဒါ ကျနော်တို့ ဆုတ်ပေးလိုက်တော့ သူတို့ အခု ၀မ်ဟိုင်းနဲ့ သိပ်မဝေးတော့ဘူးဗျ။ ၀မ်ဟိုင်းနဲ့ ဆိုရင် ၈ မိုင်လောက်ပေါ့။ ၀မ်ဟိုင်းနားဆိုရင် အကြီးအကျယ် ပြန်ဖြစ်ဦးမယ် ထင်တယ်။”

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ (၁၁-၇-၂၀၁၁) ကစပြီး ဒီနေ့အထိ ၀မ်ဟိုင်းဒေသရှိ အရပ်သားရာချီ ထွက်ပြေးတိမ်း ရှောင်နေရပါတယ်။

အစိုးရဘက်က ၀မ်ဟိုင်းကို မရရအောင် သိမ်းပိုက်မယ်ဆိုတဲ့ သတင်းကြောင့်   အရပ်သားတွေ ထိတ်လန့် ထွက်ပြေးကုန်တယ်၊ ဖတ်နမ်မူလတန်းကျောင်း၊ ကိန်းလိန် မူလတန်းကျောင်း၊ ၀မ်ဟိုင်းမူလတန်းကျောင်း၊ ၀မ်ဟိုင်းအထက်တန်းကျောင်း၊ ပါခီးမူလတန်းကျောင်း စတဲ့စာသင်ကျောင်းတွေ ပိတ်ပစ်လိုက်ရပြီး ကျောင်းသား ခုနှစ်ရာကျော်ဟာ ရှောင်တိမ်းပုန်းအောင် နေကြပါတယ်။

ဆရာ၊ ဆရာမတွေကိုတော့ အစိုးရဘက်က မိုင်းရှူးမြို့ဘက်ကို ခေါ်ဆောင်သွားတယ် ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။

အစိုးရတပ်တွေ ပစ်မှတ်ထား တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်းနေတဲ့ ၀မ်ဟိုင်းဌာနချုပ်ဟာ အရင် အပစ်ရပ်ရှမ်းတပ်မတော် (မြောက်ပိုင်း) ဌာနချုပ် ဖြစ်ပါတယ်။ အစိုးရရဲ့ တပ်အသွင်ပြောင်းရေး စီမံချက်အရ လက်ခံပြောင်းလဲသူတွေ ရှိသလို လက်မခံသူတွေက ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ပေါင်းပြီး တခုတည်းသော ရှမ်းပြည်တပ်မတော်အဖြစ် ပူးပေါင်း ရပ်တည်ခဲ့ကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013