DVB Logo
Home
မြန်မာသတင်း
ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြင်းထန်
DVB
·
July 16, 2011
ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြင်းထန်
Donate to DVB

ဒီကနေ့ နေ့လည် ၁ နာရီကစလို့ ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်မှာ ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲ အကြီးအကျယ် ဖြစ်နေပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)လက်အောက်ခံ ခလရ (၂၁) က ဧရာဝတီမြစ်ကမ်းပေါ်က တာလောကြီးကနေ ကားတွေနဲ့ ချီတက်လာစဉ် မိုးမောက်မြို့နယ် နားလုံနဲ့ နန့်ဆန်ယန် ကျေးရွာအကြား အောင်ဂျာယန်ကျေးရွာမှာ ရှိနေတဲ့ ကေအိုင်အေတပ်ဖွဲ့က တားဆီးခဲ့ရာ မြန်စစ်တပ်ဘက်မှ စတင် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အင်အား (၁ဝဝ) ခန့်ပါတဲ့ ခလရ (၂၁) အဖွဲ့ကို အင်အား (၂ဝဝ) ကျော်ရှိတဲ့ ကေအိုင်အေတပ်ဖွဲ့က ဝိုင်းဝန်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို မြန်မာစစ်တပ် အဝိုင်းခံထားနေရတာကြောင့် အနီးနားမှာရှိတဲ့ လဂျားယန်ကျေးရွာမှာ ရှိနေတဲ့ မပခလက်အောက်ခံ မြန်မာစစ်တပ်က ကား(၂)စီးနဲ့ စစ်ကူသွားရောက်ရာမှာ လမ်းခုလတ်မှာရှိတဲ့  ငှက်ပျော စိုက်ပျိုးရေးခြံ အရောက်မှာ ကေအိုင်အေအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများနိုင်တယ်လို့ ကေအိုင်အေ သတင်းရပ်ကွက်က ပြောပါတယ်။ အဲဒီလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လိုင်ဇာကနေ ဗန်းမော်နဲ့ မြစ်ကြီးနား သွားမယ့် ယာဉ်တွေအားလုံး လိုင်ဇာမှာ ရပ်နားထားရတယ်လို့ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013