DVB Logo
Home
မြန်မာသတင်း
စစ်ဖြစ်​နေသည့်​ကြား​က မြစ်ဆုံ​ရေကာတာ ဆက်​ဆောက်
DVB
·
July 15, 2011
စစ်ဖြစ်​နေသည့်​ကြား​က မြစ်ဆုံ​ရေကာတာ ဆက်​ဆောက်
Donate to DVB

ကချင်ပြည်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို)နဲ့​ မြန်မာစစ်တပ်​တွေအကြား​ တိုက်ပွဲ​တွေ ဖြစ်​နေတဲ့​ကြား​က ဧရာဝတီမြစ်ဆုံ​ရေကာတာစီမံကိန်း​ကို ဆက်လက်တည်​ဆောက်​နေပြီး​ လိုအပ်တဲ့​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ ဒီက​နေ့​ မနက်ပိုင်း​က ဗလမင်း​ထင်တံတား​ကို ​ရောက်ရှိလာပါတယ်။

တရုတ်ပြည် ထိန်ချုံး​မြို့​မှတဆင့်​ ကန်ပိုက်တီး​-မြစ်ကြီး​နား​ လမ်း​ကြောင်း​အတိုင်း​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ တင်ထား​တဲ့​ ကား​တွေ ဒီက​နေ့​ မနက်ပိုင်း​က မြစ်ကြီး​နား​ အ​ရှေ့​ဖက်ကမ်း​ ဗလမင်း​ထင်တံတား​ကို ​ရောက်ရှိလာတာလို့​ မြစ်ကြီး​နား​ဒေသခံတဦး​က ​ပြောပါတယ်။

“မနက်က ဗလမင်း​ထင်တံတား​ထိပ်မှာ ဧရာဝတီမြစ် ​ရေကာတာ စီမံကိန်း​မှာ အသုံး​ပြုတဲ့​ ကား​အစီး​ ၂ဝ၊​ ၃ဝ ​လောက် ​တွေ့​ခဲ့​တယ်။ မြစ်ဆုံ​ရေကာတာမှာ အသုံး​ပြုတဲ့​ ​ဆောက်လုပ်​ရေး​ပစ္စည်း​တွေ၊​ သံ​ချောင်း​တွေပါတယ်၊​ သံယက်မ​တွေ အဲလိုမျိုး​ ပါတယ်။ ကန်ပိုက်တီး​လမ်း​က​နေ လာခဲ့​တာ။ ”

ဝိုင်း​မော်မြို့​နယ်၊​ ဝါး​ရှောင်​ကျေး​ရွာအထက်က တံတား​တစင်း​ မ​နေ့​က ဗုံး​ခွဲ ဖျက်ဆီး​ခံခဲ့​ရသည့်​ကြား​က အခုလို မြစ်ဆုံ​ရေကာတာစီမံကိန်း​က ကား​တွေ ဖြတ်သန်း​ လာတာလည်း​ ဖြစ်ပါတယ်။

“ဝါး​ရှောင်အထက်မှာ မ​လောင်ခတံတား​ဆိုတာ ​ပေ​ပေါင်း​ ၁၃ဝ၊​ ၁၄ဝ ​လောက်ရှိတယ်။ ကွန်ကရက်တံတား​ကြီး​လေ။ အဲဒါကို ဘယ်သူခွဲတယ်မသိဘူး​။ မ​နေ့​ညက ခွဲတာ​ပေါ့​။ အ​ပေါက်​တွေ ဖြစ်သွား​တာ။ မိုင်း​ခွဲလိုက်တာ ဒီ​လောက် အ​ပေါက်​တွေဖြစ်တဲ့​ကြား​မှာ ဧရာဝတီမြစ်စီမံကိန်း​က ကား​တွေက မြစ်ကြီး​နား​အဝင်မှာ ကျ​နော်​တွေ့​ခဲ့​တာ။ ​တွေ့​ခဲ့​တယ်ဆို​တော့​ စစ်ဘယ်​လောက်ဖြစ်ဖြစ် စီမံကိန်း​ကို ဆက်လုပ်မယ့်​အ​နေအထား​ရှိတယ်။ မ​နေ့​ညက လာပုံ​ထောက်တယ်။ သူတို့​မ​ရောက်ခင် တံတား​က မိုင်း​ခွဲလိုက်တာ။ မိုင်း​ခွဲလိုက်တာကို သူတို့​က ​ရောက်​အောင် ဖြတ်ခဲ့​တာ​ပေါ့​။ အ​ပေါက်ပဲဖြစ်ခဲ့​တာ​ကြောင့်​၊​ တံတား​ကျိုး​အောင် မလုပ်တဲ့​ခါကျ​တော့​ ဖြစ်လို့​ရသွား​တာ။”

ဧရာဝတီမြစ်ဆုံ​ရေကာတာ မတည်​ဆောက်ရန် ​ဒေသခံ ကချင်​ခေါင်း​ဆောင်​တွေ၊​ ​ဒေသခံရွာသား​တွေအပါအဝင် ​ကေအိုင်အိုက မြန်မာအစိုး​ရကို ​တောင်း​ဆိုခဲ့​သလို တရုတ်-မြန်မာ နှစ်နိုင်ငံပါဝင်တဲ့​ ပညာရှင်အဖွဲ့​ကလည်း​ မြစ်ဆုံ​ရေကာတာ ​ဆောက်လုပ်ရင် ဖြစ်​ပေါ်လာမယ့်​ဆိုး​ကျိုး​တွေ ကြီး​မား​တာမို့​ မ​ဆောက်လုပ်ဖို့​ စာတမ်း​ပြုစုတင်ပြတဲ့​ကြား​က မြန်မာအစိုး​ရနဲ့​ တရုတ်ကုမ္ပဏီ​တွေက တည်​ဆောက်​နေတာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013