A d v e r t i s e m e n t With Us

ရန်ကုန်တိုင်း​ဒေသကြီး​အစိုး​ရ သတင်း​စာရှင်း​လင်း​ပွဲ မတက်ဟု စာနယ်ဇင်း​အချို့​ဆို

ကာလအ​တော်ကြာ​အောင် ပုံမှန်ပြုလုပ်ဖို့​ ပျက်ကွက်​နေတဲ့​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က သတင်း​စာရှင်း​ပွဲကို မနက်ဖြန် ဇူလိုင်လ ၁၆ ရက်​နေ့​မှာ ပြန်လည် ပြုလုပ်ဖို့​ ရှိ​နေပါတယ်။ ဒီသတင်း​စာ ရှင်း​လင်း​ပွဲမှာ ပြည်သူ​တွေကြား​ ဖြစ်​ပေါ်​နေတဲ့​ အုပ်ချုပ်​ရေး​နဲ့​ တရား​စီရင်​ရေး​ဆိုင်ရာ အခက်အခဲ​တွေကို ​မေး​မြန်း​တင်ပြခွင့်​ မရနိုင်တာ​ကြောင့်​ မတက်​ရောက်ဖို့​ သတင်း​ဂျာနယ်အချို့​က ဆုံး​ဖြတ်လိုက်ပါတယ်။ မနက်ဖြန် ​နေ့​လယ် (၂) နာရီမှာ စတင်မယ့်​ ဒီသတင်း​စာရှင်း​လင်း​ပွဲကို တိုင်း​ဒေသကြီး​အစိုး​ရ ဝန်ကြီး​ချုပ် ဒုတိယဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​မြင့်​ဆွေ ကိုယ်တိုင် တက်​ရောက်ဖို့​ရှိပြီး​ သတင်း​ထောက်​တွေအ​နေနဲ့​ ရန်ကုန်အစိုး​ရနဲ့​ဆိုင်တဲ့​ ​မေး​ခွန်း​တွေပဲ ​မေး​မြန်း​ဖို့​ ကန့်​သတ်ထား​သလို ဂျာနယ်တိုက်တတိုက်ကို တ​ယောက် တက်ခွင့်​ရမှာဖြစ်ပြီး​ တက်​ရောက်သူ​တွေအ​နေနဲ့​ အဝတ်အစား​ ​ကောင်း​ကောင်း​မွန်မွန် ဝတ်ဆင်လာကြဖို့​ကိုလည်း​ မ​နေ့​ကလုပ်တဲ့​ သတင်း​စာ ရှင်း​လင်း​ပွဲ ညှိနှိုင်း​အစည်း​ဝေး​မှာ တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​က ​ပြောကြား​ထား​ပါတယ်။ ဒီလိုကန့်​သတ်မှု​တွေ ရှိ​နေတာ​ကြောင့်​ သတင်း​ဂျာနယ်အချို့​က​တော့​ သတင်း​ စာရှင်း​လင်း​ပွဲကို မတက်​ရောက်ဖို့​ ဆုံး​ဖြတ်ထား​ကြပါတယ်။ ဒါနဲ့​ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲ မတက်ဖို့​ ဆုံး​ဖြတ်ထား​တဲ့​ သတင်း​ဂျာနယ် တာဝန်ခံ အယ်ဒီတာတဦး​က အခုလို ​ပြောကြား​ထား​ပါတယ်။ “ထုံး​စံ စိစစ်​ရေး​ကပဲ ဖိတ်တယ်။ ရန်ကုန်တိုင်း​ ​ဒေသကြီး​က​လေ။ ဦး​ရွှေမန်း ပွဲလည်း​ အဲဒီလိုပါပဲ စိစစ်​ရေး​က တာဝန်ခံပြီး​တော့​ ဖိတ်တာပါပဲ။ သူက အကန့်​အသတ်​တွေနဲ့​ စီအီး​အို သို့​မဟုတ် အယ်ဒီတာ​တွေပဲ တက်ရမယ်ဆို​တော့​ ဒီ နိုင်ငံရေးသတင်း​ ရေး​နေတဲ့​ က​လေး​တွေက ဘယ်​တော့​မှ အခွင့်​အ​ရေး​ မရသလို ဖြစ်​နေတယ်။ အ​ခေါက်တိုင်း​လုပ်တယ် အကိုတို့​တော့​ ဒီအပတ်​တော့​ မတက်​တော့​ဘူး​။ ကန့်​သတ်ချက် တခုခု ရှိမယ်ဆိုရင်​တော့​ သတင်း​စာရှင်း​လင်း​ပွဲ မလုပ်တာဘဲ ​ကောင်း​ပါတယ်။ သတင်း​စာ ရှင်း​လင်း​ပွဲ ဆိုတာ တခုခု ​ပြောလာပြီဆိုရင် စာဖတ်သူကို နား​လည်တဲ့​ အဆင့်​အထိကို ​ရေး​ပြဖို့​ လိုတာကိုး​။ အဲဒီ​တော့​ ဘာအ​ကြောင်း​အရာပဲ ဖြစ်ဖြစ် မရှင်း​ဘူး​ဆိုရင်​တော့​ ပြန်​မေး​မှာပဲ။ ​နောက် အဲဒီလို​ပေါ့​ အစ်ကိုတို့​ဆီကိုလည်း​ စာ​တွေ ​ရောက်တာ ရှိတယ် ဥပမာ သူတို့​ မ​ကျေလည်မှု​တွေ​ပေါ့​ ​အောက်​ခြေမှာ၊​ အဲဒါ​တွေ ဆိုလို့​ရှိရင်လည်း​ အစ်ကိုတို့​က ဒါ​တွေ တင်ပြခွင့်​ရမှပဲ တက်ချင်တာ​လေ၊​ ဒါ​တွေ မရရင်​တော့​ အဲဒီပွဲ လုပ်​နေလို့​ အလကား​ပဲ။ သွား​လည်း​ အချိန်ကုန်တာပဲ ရှိမှာ မဟုတ်ဘူး​လား​။ ပြီး​တော့​ သူတို့​ ​ပြောချင်တာပဲ အရင်​ပြောသွား​ပြီး​တော့​ တချို့​တဝက်​ဖြေ၊​ အရင်ဟာ​တွေကို နည်း​နည်း​ ပြန်​ဖြေမှာ​ပေါ့​။ ​ဖြေပြီး​ရင်​တော့​ သိမ်း​လိုက်မယ် ထင်ပါတယ် ကြည့်​ရတာ။” ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ဟာ သတင်း​စာရှင်း​လင်း​ပွဲ​တွေကို ပြီး​ခဲ့​တဲ့​ ​မေလ ၁၀ ရက်​နေက တကြိမ်၊​ ​မေလ ၁၇ ရက်​နေ့​မှာ တကြိမ် ကျင်း​ပခဲ့​ပြီး​ ဒီသတင်း​စာရှင်း​လင်း​ပွဲရဲ့​ ရုပ်သံမှတ်တမ်း​ကို ဒီဗွီဘီက ထုတ်လွှင့်​ခဲ့​တယ်ဆိုတဲ့​ အ​ကြောင်း​ပြချက်နဲ့​ သတင်း​စာရှင်း​လင်း​ပွဲ​တွေကို ရပ်နား​ခဲ့​ပါတယ်။ အဲ့​ဒီ​နောက် အခုလို ကန့်​သတ်ချက်​တွေနဲ့​ ပြန်လည်ပြုလုပ်လာတာလည်း​ ဖြစ်ပါတယ်။ အဲ့​ဒီ​နောက် ဇွန်လ ၁၄ ရက်​နေ့​ကလည်း​ သတင်း​စာရှင်း​လင်း​ပွဲ ပြန်လည်ပြုလုပ်ဖို့​ စီစဉ်ပြီး​ သတင်း​ထောက်​တွေဆီက ​မေး​ခွန်း​တွေကို ​တောင်း​ခံအပြီး​မှာလည်း​ သတင်း​စာရှင်း​လင်း​ပွဲကို ဖျက်သိမ်း​ခဲ့​ပြန်ပါတယ်။ အဲ့​ဒီ​နောက် ဒီလ ၁၆ ရက်​နေ့​မှာ ပြန်လည်ပြုလုပ်ဖို့​ ဖိတ်​ခေါ်လာတာလည်း​ ဖြစ်ပါတယ်။ လက်ရှိအ​ခြေအ​နေမှာ​တော့​ ​ဒေသဆိုင်ရာအစိုး​ရ​တွေဖြစ်တဲ့​ တိုင်း​ဒေသကြီး​နဲ့​ ပြည်နယ် အစိုး​ရ​တွေထဲက ရန်ကုန်နဲ့​ မန္တ​လေး​နှစ်ခုက အစိုး​ရအဖွဲ့​တွေကပဲ သတင်း​စာရှင်း​လင်း​ပွဲ​တွေကို တခါတရံ ပြုလုပ် ​ပေး​လေ့​ရှိ​ပေမယ့်​ ကျန်တဲ့​ ပြည်နယ်နဲ့​တိုင်း​တွေက အစိုး​ရအဖွဲ့​တွေက​တော့​ ပြုလုပ်တာမျိုး​ မရှိ​သေး​ပါဘူး​။ ပြီး​ခဲ့​တဲ့​ရက်ပိုင်း​က လွှတ်​တော်အစည်း​အ​ဝေး​တွေထဲမှာ​တော့​ ​ဒေသဆိုင်ရာ အစိုး​ရအဖွဲ့​ရဲ့​ ဝန်ကြီး​ဌာန​တွေနဲ့​ ဝန်ကြီး​တွေကို ​ပြောင်း​လဲ ပြင်ဆင် ဖွဲ့​စည်း​ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up