DVB Logo
Home
မြန်မာသတင်း
ဆန်စပါး​အထူး​ပြုကုမ္ပဏီများ​ ဟန်ပြသက်သက်လုပ်​နေ
DVB
·
July 15, 2011
ဆန်စပါး​အထူး​ပြုကုမ္ပဏီများ​ ဟန်ပြသက်သက်လုပ်​နေ
Donate to DVB

ဆန်စပါး​ အထူး​ပြု ကုမ္ပဏီ​တွေဟာ ​တောင်သူလယ်သမား​တွေအကျိုး​အတွက် တကယ်မလုပ်ဘဲ ဟန်ပြသက်သက်ပဲ လုပ်​နေတယ်လို့​ ​တောင်သူတဦး​က ​ပြောပါတယ်။

တောင်သူလယ်သမား​တွေ လိုအပ်တဲ့​ငွေ​ကြေး​အပါအဝင် သွင်း​အား​စု​တွေ ​ထောက်ပံ့​ပေး​ဖို့​ စတဲ့​ ရည်ရွယ်ချက်​တွေနဲ့​ ဖွဲ့​စည်း​ပေး​ထား​တဲ့​ ဆန်နဲ့​ပဲ အထူး​ပြုကုမ္ပဏီ​တွေဟာ ဟန်ပြသက်သက်ပဲ လုပ်​နေတာ​တွေ့​ရတယ်လို့​ ဧရာဝတီတိုင်း​၊​ ဘိုက​လေး​ဘက်က ​တောင်သူတဦး​က ​ပြောပါတယ်။

“အခု​တွေ့​ရတာက ထူး​ကုမ္ပဏီရှိမယ်၊​ ယုဇနရှိမယ်။ ဒီဟာ​တွေ အား​လုံး​က နိုင်ငံ​တော်က ဟန်​ရေး​ပြ​လောက်ပဲ လုပ်​ပေး​တာ။ တကယ် ​စေတနာပါပါနဲ့​ လယ်သမား​ကို တကယ် တိုး​တက်​စေချင်တဲ့​ စိတ်ဆန္ဒက​တော့​ အလွန်နည်း​ပါး​ပါတယ်။ ဘာလို့​လဲဆို​တော့​ သူတို့​ပြောတုန်း​က ဦး​သိန်း​စိန် သမ္မတ မဖြစ်ခင် ဝန်ကြီး​ချုပ် ဖြစ်တဲ့​အချိန်တုန်း​က သိန်း​ပေါင်း​ ၁ ​သောင်း​ကျပ် ထုတ်​ချေး​မှာ ဘာညာ လုပ်ပြီး​ ​နောက်ပိုင်း​ကျ​တော့​ သိန်း​ ၄ ​ထောင်​လောက်နဲ့​ပဲ အား​လုံး​ ပြတ်သွား​တာကိုး​။ အဲဒီ ၄ ​ထောင်က​တော့​ ဒီအတိုင်း​နဲ့​ပဲ သွား​တာ။ ​မေး​ရင် ကုမ္ပဏီတခု ကျ​နော်တို့​ ဒီမှာ လက်ရှိလုပ်ထား​တယ် ဆိုတဲ့​ဟာ သူတို့​ ပြနိုင်ဖို့​လောက်ပဲ လုပ်ထား​တဲ့​ သ​ဘောပါပဲ။”

အခုမိုး​စပါး​စိုက်ချိန်မှာ ဆန်အထူး​ပြုကုမ္ပဏီ ၃၉ ခုအနက် ၂၃ ခုကပဲ ​တောင်သူ​တွေကို ​ငွေထုတ်​ချေး​တာ ​တွေ့​ရတယ်လို့​လည်း​ ​ပြောပါတယ်။

ထုတ်​ချေး​တဲ့​ကုမ္ပဏီ​တွေကလည်း​ ​တောင်သူတိုင်း​နဲ့​ လိုအပ်တဲ့​ ​ငွေပမာဏအတိုင်း​ ထုတ်​ချေး​ပေး​ကြတာ မဟုတ်ပါဘူး​။ ဥပမာ ဖျာပုံမြို့​နယ်ထဲက အထူး​ပြု ကုမ္ပဏီဖြစ်တဲ့​ ဧရာဝတီ စိမ်း​လန်း​စိုပြည်​ရေး​ ကုမ္ပဏီက ဒီနှစ်မိုး​စပါး​အတွက် တဧက ကျပ်သုံး​သောင်း​နှုန်း​နဲ့​ လယ်ဧက သုံး​ထောင်​လောက်ကို ​ငွေထုတ်​ချေး​ပေး​ခဲ့​ပါတယ်။ ဖျာပုံမြို့​နယ်ထဲမှာက လယ်ဧက တသိန်း​ကျော် ရှိ​နေတာပါ။

ဧရာဝတီတိုင်း​၊​ ရန်ကုန်တိုင်း​နဲ့​ ပဲခူး​တိုင်း​ထဲမှာ ဆန်စပါး​ အထူး​ပြုကုမ္ပဏီ ၃၉ ခု၊​ ပဲအထူး​ပြုကုမ္ပဏီ ၂၂ ခုကို ​တောင်သူလယ်သမား​တွေကို ​ထောက်ပံ့​ပေး​ဖို့​ဆိုပြီး​ ၂၀၀၉ ခုနှစ်ကတည်း​က ဖွဲ့​စည်း​ခဲ့​တာပါ။ မန္တ​လေး​တိုင်း​နဲ့​ စစ်ကိုင်း​ထဲမှာလည်း​ ​နောက်ထပ် အထူး​ပြုကုမ္ပဏီ ကိုး​ခု ဒီနှစ်ထဲ ထပ်ဖွဲ့​စည်း​ဖို့​ ရှိတယ်လို့​လည်း​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013