DVB Logo
Home
မြန်မာသတင်း
ရာသီဥတု မတည်မငြိမ်ဖြစ်နေသဖြင့် သတိပြုကြရန် ပညာရှင်ပြော
DVB
·
July 15, 2011
ရာသီဥတု မတည်မငြိမ်ဖြစ်နေသဖြင့် သတိပြုကြရန် ပညာရှင်ပြော
Donate to DVB

ရာသီဥတုတွေ ဘောင်ဘင်ခတ်နေ (မတည်မငြိမ်) တဲ့အတွက် သတိပြုကြဖို့ လိုတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

[caption id="attachment_12724" align="alignright" width="300" caption="ဦးထွန်းလွင် (photo-www.tunlwin.com)"][/caption]

အယ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ဟာ လာမယ့် ဩဂုတ်လကုန်မှာ ၅၀ ရာခိုင်နှုန်း၊ နှစ်ကုန် ဒီဇင်ဘာလမှာ ၆၃ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ ကမ္ဘာ့အယ်နီညို စောင့်ကြည့်ရေးအဖွဲ့တွေက ကြိုတင် ခန့်မှန်းလိုက်တာကြောင့် အခုလို သတိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အဲဒီတော့ အခု နောက်ပိုင်းနှစ်ကာလတွေ ပြီးတော့လည်း အများအားဖြင့် အယ်နီညို၊ လာနီညာတွေက ကျနော် မကြာခဏပြောဖူးသလိုပေါ့ ဘောင်ဘင်ခတ်နေတယ် ဆိုတဲ့ စကားလုံးပဲ သုံရမှာပေါ့။ ဟိုဘက်ပြေးလိုက် ဒီဘက် ပြေးလိုက် ဖြစ်နေတာပေါ့။ နာဂစ်ဖြစ်ပြီးတဲ့ ၂၀၀၈ နောက်ပိုင်းကစပြီး ပထမ အယ်နီညိုဖြစ်တယ်၊ နောက် လာနီညာ ဖြစ်တယ်။ အခုတခါ အယ်နီညိုဘက် ပြန်ပြီးတော့ သွားချင်တဲ့သဘော ပြတော့ ဒါကို ကျနော်တို့ စောင့်ကြည့်တဲ့ အနေအထားတော့ ထားရတော့မှာပေါ့။ သတိတော့ ထားရတော့မယ်။ အများကိုလည်း နည်းနည်းလေးတော့ တပ်လှန့်ရမှာပေါ့ အဲဒါလေး ကျနော် မြင်ပါတယ်ခင်ဗျ။”

အယ်နီညိုကြောင့် မိုးနှောင်းကာလ မိုးအားလျော့နည်းနိုင်ပြီး အခုဇူလိုင်လမှာ အရင်လတွေလောက် မိုးအားမကောင်းတော့ဘဲ အယ်နီညိုဖြစ်မဖြစ်ဆိုတာကလည်း ခန့်မှန်းရတဲ့အချိန် ဝေးနေသေးတယ်လို့ ပြောပါတယ်။

ဇူလိုင် ၅ ရက်နေ့ ထုတ်ပြန်တဲ့ ကမ္ဘာ့အယ်နီညိုစောင့်ကြည့်ရေးအဖွဲ့ရဲ့ ခန့်မှန်းချက်အရ အခုဇူလိုင်လကစပြီး နှစ်ကုန်တဲ့ထိ အေးပြီးစွတ်စိုတဲ့ လာနီညာရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်ဖို့မရှိဘဲ အယ်နီညိုဖြစ်ဖို့ပဲ အားသာနေတာ ဖြစ်ပါတယ်။

ထူးခြားချက်တခုက အခုနှစ်ဝက်ကျိုးလာတဲ့ အချိန်အထိ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်း တခါမှ မဖြစ်ပေါ်သေးဘဲ မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ အချိန်ကာလနဲ့ သတိပြုရမှာတွေကိုလည်း ဦးထွန်းလွင်က ခုလို ခန့်မှန်း ပြောကြားပါတယ်။

“မိုးလွန်ကာလ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ဖြစ်မယ်လို့ ကျနော်တော့ အဲဒီလို ခန့်မှန်းထားပါတယ်ဗျာ။ အဲဒီတော့ အဲဒီအချိန်အခါမှာ မုန်တိုင်းတွေ ဖြစ်မယ်ဆိုရင် ၂ ချက် စိုးရိမ်ရပါတယ်။ ပထမအချက်ကတော့ မိုးလွန်ကာလဆိုတာ မြန်မာနိုင်ငံရဲ့ ဒုတိယ မုန်တိုင်းရာသီဖြစ်တော့ မုန်တိုင်းကို သတိထားဖို့ လိုဦးမယ်ပေါ့နော်။ နောက် ဒုတိယ အချက်ကတော့ မြန်မာပြည်ကို မုန်တိုင်း မဝင်သည့်တိုင်အောင် မုန်တိုင်းဖြစ်ရင် ဒါ သေချာပေါက် မိုးက ရွာဦးမှာပဲ။ ရွာရင် ဒီမိုးတွေက ကျနော်တို့ အခေါ်တော့ အခါလွန်မိုးတွေ ဖြစ်လာနိုင်တယ် ပေါ့နော်။ ရိတ်ချိန်၊ သိမ်းချိန်တွေမှ ရွာတဲ့မိုးတွေ ဖြစ်လာနိုင်တယ်။ အဲဒီ အန္တရာယ်ကိုတော့ ကျနော်တို့ သတိထားဖို့ လိုပါလိမ့်မယ်ဗျ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013