DVB Logo
Home
Lead Story
ကမ္ဘာလုံးဆိုင်ရာဆရာဆုအတွက် ဆန်ကာတင်လျာထားခံရတဲ့ ဖောင်တော်ဦး ဘကကျောင်း ဆရာတော်
DVB
·
December 14, 2015
ကမ္ဘာလုံးဆိုင်ရာဆရာဆုအတွက် ဆန်ကာတင်လျာထားခံရတဲ့ ဖောင်တော်ဦး ဘကကျောင်း ဆရာတော်
1 / 5
Donate to DVB



နှစ်စဉ် ကမ္ဘာတ၀ှမ်းက စာသင်ကြားပေးတဲ့ ဆရာတွေထဲက စံပြအနေနဲ့ ရွေးချယ်ဆုပေးတဲ့ ၂၀၁၆ ကမ္ဘာလုံးဆိုင်ရာ ဆရာဆုအတွက် နောက်ဆုံးဆန်ကာတင် အယောက် ၅၀ စာရင်းထုတ်ပြန်ရာမှာ မန္တလေးမြို့ နန်းရှေ့က ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည်ထောင်သူ ဆရာတော် အရှင်နာယကကို ရွေးချယ်ပါဝင်နေပါတယ်။ ဒီဆုဟာ နိုင်ငံပေါင်း ၁၄၈ ခုကနေ ပေးပို့လာတဲ့ ထောင်နဲ့ချီတဲ့ နာမည်စာရင်းတွေထဲက စိစစ်ရွေးချယ်ထားတာလို့ ဆုရွေးချယ်ချီးမြှင့်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။12373252_1092118574154893_4378060162046387828_n

အခုလို ဆုရွေးချယ်မှုနဲ့ ပတ်သက်လို့ ဆရာတော် အရှင်နာယက က "သူတို့ကလည်း မေးခွန်းတွေ အများကြီးမေးတယ်။ ဒီကလည်း ပြန်ပြီးဖြေတယ်ပေါ့။ ဒီကျောင်းက လွတ်လပ်စွာ တွေးခေါ်တက်အောင်ထားပြီးတော့  သင်ကြားလိုစိတ် ၊ သင်ယူလိုစိတ်၊ တွေးတက်ခေါ်တက်သင်ကြားရေးစနစ်နဲ့ သင်ကြားပြီးတော့ ကလေးတွေက တွေးခေါ်တက်တဲ့ ဖြစ်ထွန်းတာတွေ့ရှိရတယ်။ အဲ့လိုတွေ့ ရှိလို့ ရွေးတယ်ထင်ပါတယ်"လို့ ဒီဗီဘီ ပြန်လည် မိန့်ကြားပါတယ်။


လူမျိုးဘာသာမရွေး ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ်တွေကို အခမဲ့ပညာသင်ကြားပေးဖို့ အရှင် နာယက ဟာ ဖောင်တော်ဦး ဘကကျောင်းကို ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အခုလက်ရှိ အဲဒီ့ကျောင်းမှာ ကျောင်းသူကျောင်းသား (၇)ထောင်ကျော်ကို ဆရာ ဆရာမ ၅၀၀ လောက်နဲ့ ကျောင်းစာအပြင် ဘာသာစကား၊ အိုင်တီ နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေကိုပါ သင်ကြားပေးနေပါတယ်။ ဒီကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို အထက်တန်းအဆင့်အထိ အခမဲ့ ပညာသင်ကြားပေးနေသလို ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ပြန်လည် သင်ယူမွေးထုတ်ပေးနေတာပါ။ ဘက ပညာရေး သင်ကြားမှုစနစ်ကိုလည်း ခေတ်နဲ့အညီ ဆန်းသစ်ခဲ့ပြီး ကလေးသူငယ် ဗဟိုပြု သင်ကြားရေး ချဉ်းကပ်မှုပုံစံနဲ့ ကျောင်းဆရာတွေကိုလည်း လေ့ကျင့်သင်ကြားပေးတယ်လို့ သိရပါတယ်။

12360294_1092118924154858_799489093161905713_n"ဒီကျောင်းရဲ့ ပေါ်လစီပေါ့နော်၊ မူဝါဒရှိတာပေါ့။ ဒီပေါ်လစီက ဘာလည်းဆိုလို့ရှိရင် ဒီကျောင်းစပြီးတော့ ၉၃ခုနှစ်ဖွင့်ကတည်းက ဘုန်းကြီးက ဒီ လွတ်လပ်စွာ တွေးခေါ်တဲ့ အတွေးခေါ်ကို အားပေးတယ်။ လူတိုင်းဟာ လွတ်လပ်စွာ ဆရာ၊ ဆရာမရော ကျောင်းသားရော လွတ်လပ်စွာ တွေးခေါ်ခိုင်းတယ်ပေါ့နော်။  လွတ်လပ်စွာ တွေးခေါ်ခိုင်းပြီးတော့ နောက်ကိုယ့် Right သူ့ Right ဆိုတဲ့ ကိုယ့်အခွင့်ရေး ၊ သူ့အခွင့်ရေးကို နားလည်အောင် ကြိုးစားခိုင်းတယ်ပေါ့နော်။ တကယ်လို ကိုယ်တွေးတဲ့ အတွေးခေါ် အကောင်ထည်ဖော်မယ်ဆိုရင် သူများရဲ့ အခွင့်ရေးကိုလည်း မထိခိုက်ဘူးပေါ့နော်။ ကိုယ့်အခွင့်ရေးကို မထိခိုက်ဘူးဆိုရင် လုပ်လို့ရတယ်ပေါ့နော်။ ကိုယ့်အခွင့်ရေးလည်း ထိခိုက်မယ်၊ သူများအခွင့်ရေးလည်း ထိခိုက်မယ်ဆိုရင် လုပ်လို့မရဘူးပေါ့နော်။ မလုပ်ရဘူးပေါ့။ ဒီကျောင်းမှာရှိတဲ့ ဒါပေါ်လစီ မူဝါဒပေါ့။ အဲ့ဒီပေါ်လစီအတိုင်း ကလေးတွေက  အပြန်အလှန် သူတို့ခြင်းခြင်း နားလည်တာပေါ့။ သူတို့အခြင်းခြင်း အပြန်လှန်နားလည်ပြီးတော့ သူတို့အချင်းချင်း ထိန်းကျောင်းသွားတာ။ အဲ့ဒါ မူရင်း လွတ်လပ်စွာ တွေးခေါ်ခိုင်းတဲ့ အရာဟာ အခြေခံကျတယ်ပေါ့နော်"လို့ ဖောင်တော်ဦး ဘကကျောင် တည်ထောင် လည်ပတ်နေပုံ အကြောင်းကို ဆရာတော်က ရှင်းပြပါတယ်။
ဒါ့အပြင် ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဒီဗီဘီက မေးမြန်းရာမှာ "စာမေးပွဲ စနစ်ကို ပြင်ရမယ်။ စာမေးပွဲစနစ်ကို ပြင်ရမယ့် အခါကြမှ ဘာဖြစ်လာမလည်းဆိုရင် သင်ကြားမှု သင်ယူလိုစိတ်ကို ပေးတဲ့စနစ်ဖြစ်မယ်။ အလွတ်ကျက်တဲ့ စနစ်မဖြစ်ဘူး။ အဲ့လိုဆိုလို့ရှိရင်ကလေးတွေက တိုးတက်ဖွံ့ ဖြိုးသွားမယ်။ အခုဆိုလို့ရှိရင် ၄တန်းနဲ့ ၈တန်းဆိုတာက အရင်စာမေးပွဲစနစ်ကို ပြန်ကျင့်သုံးနေတယ်။နဂိုက ကောင်းနေတဲ့မူကို နောက်ကြောင်းပြန်လှည့်သွားသလို ဖြစ်နေတယ်။အဲ့တော့ ၄တန်းမှာ ဘယ်လိုတွေဖြစ်သွားလဲဆိုတော့ ခု စီစီအေ ကျောင်းက သင်တန်းတွေပေးလိုက်တယ်။ သင်တန်းတွေပေးပြီးတော့ ဆရာ ဆရာမတွေက တော်တော်များများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ပညာရေး သင်တန်းပေးတယ်ပေါ့။ 12341324_1092118817488202_6704882508484727499_nဆရာဖြစ်သင်တန်းတွေ ပေးလိုက်တယ်ပေါ့။ သူတို့တွေ သင်လို့ အစဉ်ပြေနေတဲ့ အချိန်မှာလည်း  ၄တန်းနဲ့ ၈တန်းက လာပြီးတော့ စာမေးပွဲဖြစ်လာတဲ့အတွက် သူတို့ ဒီမှာ သင်လို့ သိပ်မရတော့ဘူး။ အလွတ်ကျက်မယ့် စနစ်ကိုပဲ များသွားတယ်ပေါ့။ ပြောတော့ ပြောတာပဲ ၄တန်းနဲ့ ၈တန်းဟာ အလွတ်ကျက်မှု သိပ်မများတဲ့ မေးခွန်းတွေလို့ ပြောတာပဲ ဒါပေမယ့် မန်မိုရီ တက်စ်တွေက များနေသေးတယ်ပေါ့။ အဲ့အတွက် ဒီသင်ကြားသင်ယူလိုစိတ်ကို အားပေးတယ်။ တွေးတက်သင်တက်တဲ့ စနစ်ကိုမျိုးကို ပြောင်းပေးဖို့ လိုတယ်။ အဲ့ဒီပြောင်းပေးဖို့ဆိုတာလည်း ဒီစာမေးပွဲစနစ်နဲ့တော့ မဖြစ်ဘူး။ ဒီစာမေးပွဲစနစ်ကို ပြင်ပေးဖို့လိုတယ်ပေါ့"လို့ ဖောင်တော်ဦး ဘကကျောင်း တည်ထောင်သူ အရှင်နာယက က ဖြေကြားပါတယ်။

ဖောင်တော်ဦး ဘကကျာင်းမှာ လူငယ် ဆရာဆရာမတွေက ကလေးဗဟိုပြု နည်းလမ်းတွေ၊ ထိုးထွင်းစဉ်းစားမှု critical thinking သင်ကြားနည်းတွေကို အသုံးပြုနေသလို၊ ကျန်းမာရေးနဲ့ တကိုယ်ရည်သန့်ရှင်းတွေဆိုင်ရာ အသိပညာတွေကိုလည်း သင်ကြားပေးနေပါတယ်။ အရှင် နယကဟာ အမေရိကန် ၂၀၀၃ ခုနှစ်ကလည်း  အမေရိကန် နိုင်ငံခြားရေးဌာနက ဖိတ်ကြားခြင်း ခံရသလို၊ ၂၀၀၈ ခုနှစ်မှာလည်း ကုလသမဂ္ဂ နယူးယော့ခ်ဆီ ဖိတ်ခေါ်ပြီး မြန်မာ့ပညာရေး အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

အနာဂတ် ခေါင်းဆောင်တွေအဖြစ် ကျောင်းသားလူငယ်တွေကို မွေးထုတ်ပေးနေတဲ့ ဆရာတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပံ့ပိုးပေးဖို့အတွက် varkey foundation ကနေ ဆုကြေး ဒေါ်လာ(၁)သန်း ပေးအပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဆရာဆုကို ၂၀၁၄ ခုနှစ်က စတင် ချီးမြှင့်လာခဲ့ပါတယ်။ အခု ၂၀၁၆ ကမ္ဘာလုံးဆိုင်ရာ ဆရာဆုအတွက် ဆန်ကာတင် ၅၀ စာရင်းမှာ နိုင်ငံပေါင်း ၂၉ ခုပါဝင်ပြီး နောက်နှစ် မတ်လကျရင် ဆုရရှိသူကို ကြေညာမှာ ဖြစ်ပါတယ်။


Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013