DVB Logo
Home
မြန်မာသတင်း
သာသနာ့​ဂုဏ်ရည် ဆရာ​တော် ဈာပန ကျင်း​ပ
DVB
·
July 14, 2011
သာသနာ့​ဂုဏ်ရည် ဆရာ​တော် ဈာပန ကျင်း​ပ
Donate to DVB

အာဏာရှင်စနစ်ဆန့်​ကျင်​ရေး​ ဒီမိုက​ရေစီထွန်း​ကား​ရေး​ဘက်က​နေ ရပ်တည်ခဲ့​တဲ့​ ရန်ကုန်မြို့​ ​ခြောက်ထပ်ကြီး​ဘုရား​ကြီး​တိုက် သာသနာ့​ဂုဏ်ရည်ဆရာ​တော် (ဘဒ္ဒန္တဇဝန)ရဲ့​ အန္တိမဈာပနကို ရန်ကုန် ​ရေ​ဝေး​သုသာန်မှာ ဒီက​နေ့​ ​နေ့​ခင်း​က ကျင်း​ပရာမှာ ဆရာ​တော်ကို ကြည်ညိုသူ ရာ​ပေါင်း​များ​စွာ လိုက်ပါပို့​ဆောင်ကြပါတယ်။

[caption id="attachment_12684" align="alignright" width="310" caption="သာသနာ့​ဂုဏ်ရည်ဆရာ​တော် (ဘဒ္ဒန္တဇဝန)"][/caption]

အကျဉ်း​ကျခံသံဃာ၊​ သီလရှင်​တွေကို ဆွမ်း​ကွမ်း​ထောက်ပံ့​တဲ့​ ပြည်သူ့​ ဂုဏ်ရည်ဆုရှင် ​ဒေါ်ရှုက ဈာပနကို လိုက်ပါပို့​ဆောင်ခဲ့​ပါတယ်။

ဆရာ​တော်နဲ့​ ပတ်သက်လို့​ သူက “ဒီဘုန်း​ကြီး​ရဲ့​ ဈာပနက အကုန်လုံး​က လိုက်ပါ ပို့​ဆောင်ကြတယ်။ ဒီဘုန်း​ကြီး​ရဲ့​ လုပ်​ဆောင်ချက်​တွေ စွမ်း​ဆောင်ချက်​တွေ​ကြောင့်​ ​ပေါ့​နော်။ သူက ​ကျောင်း​ချိတ်ပိတ်ခံရ​တော့​ ​နေစရာမရှိ​တော့​ ပုန်း​လျှိုး​ကွယ်လျှိုး​နဲ့​ ​နေရတဲ့​ဘဝ​ပေါ့​နော်။”

လွန်ခဲ့​တဲ့​ နှစ်နှစ်ခန့်​ကမှ ချိတ်ပိတ်ခံရတဲ့​ ​ကျောင်း​အနီး​က ​ကျောင်း​တ​ကျောင်း​မှာ ဆရာ​တော်ဟာ သီတင်း​သုံး​နေထိုင်ခဲ့​တာလို့​ ဆိုပါတယ်။

ဒီ​နေ့​ ဈာပနကို ရုပ်ရှင်မင်း​သား​ ဦး​ကျော်သူ ဦး​ဆောင်တဲ့​ နာ​ရေး​ကူညီမှုအသင်း​ ရန်ကုန်က လိုက်ပါကူညီ ​ဆောင်ရွက်ပါတယ်။

ဆရာ​တော်ဟာ ဇူလိုင်လ ၁၀ ရက်ည ရှစ်နာရီခန့်​မှာ ကွယ်လွန်ခဲ့​တာဖြစ်ပြီး​ ပျံလွန်​တော်မူချိန်မှာ သက်​တော် ၇၃၊​ ဝါ​တော် ၅၃ ဝါ ရှိ​နေပြီဖြစ်ပါတယ်။

ဆရာ​တော်ဟာ ရှစ်​လေး​လုံး​ကာလဖြစ်ပွား​ပြီး​ ၁၉၉၀ မှာ ပြုလုပ်တဲ့​ သံဃပတ္တနိက္ကုဇ္ဇနကံ​ဆောင်ပွဲမှာ ပါဝင်ခဲ့​ပါတယ်။ ဒီ​နောက် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်၊​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​စတဲ့​ ဒီမိုက​ရေစီ အဖွဲ့​အစည်း​တွေရဲ့​ အခမ်း​အနား​တွေကို လက်ခံ ကျင်းပခွင့်​ ​ပေး​ခဲ့​ပါတယ်။

၂၀၀၇ ခုနှစ် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​အပြီး​မှာ ​ကျောင်း​ကို ဝင်​ရောက် စီး​နင်း​ခံရပြီး​ သံဃာတချို့​ဖမ်း​ခံရ၊​ ​ကျောင်း​ပစ္စည်း​တွေလည်း​ လုယက်ယူငင်ခံရသလို ​ကျောင်း​ကိုပါ ချိပ်ပိတ်ခံခဲ့​ရပါတယ်။

ဆရာ​တော်ဟာ ​ရှောင်တိမ်း​ပုန်း​အောင်း​နေထိုင် သီတင်း​သုံး​ခဲ့​ရပြီး​ ကွယ်လွန်ချိန်ထိ ​ကျောင်း​ကို အစိုး​ရက ချိပ်ပိတ်ထား​ဆဲ ဖြစ်ပါတယ်။

ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ ကိုဖြိုး​မင်း​သိန်း​က “ဆရာ​တော်က ကျ​နော်တို့​ ဒီမိုက​ရေစီအင်အား​စုဘက်မှ၊​ စစ်တပ်ဘက်မှ ဆိုတဲ့​ သ​ဘောထား​မျိုး​ မဟုတ်ဘဲနဲ့​ အမှန်တရား​ဘက်က ရပ်တည်ပြီး​ ဒီမိုက​ရေစီနိုင်ငံတနိုင်ငံဟာ တိုင်း​ပြည်ရဲ့​ ဖွံ့​ဖြိုး​တိုး​တက်မှုကို ပိုမိုဖြစ်​စေနိုင်တယ်။ ဒကာဒကာမ​တွေရဲ့​ အကျိုး​ကို ဖြစ်ထွန်း​စေနိုင်တယ် ဆိုတဲ့​အ​ပေါ်မှာ အမှန်တရား​ဘက်က ရပ်တည်ပြီး​ ဒီမိုက​ရေစီ​ရေး​ဘက်က လှုပ်ရှား​နေတဲ့​ ​ကျောင်း​သား​လူငယ်​တွေ၊​ နိုင်ငံ​ရေး​ အင်အား​စု​တွေကို ​ထောက်ခံခဲ့​ပါတယ်။ ဒီ​ထောက်ခံမှု​ပေါ်မှာ ဆရာ​တော်ရဲ့​ ​ပေး​ဆပ်ရမှု​တွေ အများ​ကြီး​ရှိတယ်။ သူဟာ အကျဉ်း​ထောင်​တွေမှာ ​နေခဲ့​ရတယ်။ နှိပ်စက်ခံခဲ့​ရတယ်။ ဒီမိုက​ရေစီပန်း​တိုင် မ​ရောက်ခင် ဆရာ​တော် ပျံလွန်သွား​တဲ့​အတွက် အလွန်စိတ်မ​ကောင်း​ ဖြစ်မိပါတယ်”လို့​ ​ပြောပါတယ်။

ဆရာ​တော်ဟာ မ​ကွေး​တိုင်း​ဒေသကြီး​ ဂန့်​ဂေါမြို့​နယ် အိမ်သစ်​ကျေး​ရွာ​နေ ခမည်း​တော် ဦး​စိန်မြ၊​ မယ်​တော် ​ဒေါ်ချစ်ခိုင်တို့​ရဲ့​သား​ ဖြစ်ပါတယ်။ လာမယ့်​ ဇူလိုင် ၁၆ ရက်မှာ ဆရာ​တော်အား​ရည်စူး​ပြီး​ ဘုရား​အမှူး​ပြုတဲ့​ သံဃာ​တော် အရှင်သူမြတ်​တွေကို အရုဏ်ဆွမ်း​ဆက်ကပ်မှာဖြစ်ပြီး​ တရား​နာကြွ​ရောက်ကြဖို့​ ဖိတ်ကြား​ထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013