DVB Logo
Home
မြန်မာသတင်း
အလုပ်မဖြစ်သည့်​ဌာနများ​ကြောင့်​ ဝန်ထုပ်ဝန်ပိုး​ ဖြစ်​နေ
DVB
·
July 14, 2011
Donate to DVB

လက်ရှိ နိုင်ငံအတွက်​ရော ပြည်သူ​တွေအတွက်ပါ အလုပ်မဖြစ်တဲ့​ဌာန​တွေ ရှိ​နေတာမို့​ အဲ့​ဒီဌာန​တွေ​ရော ဝန်ထမ်း​တွေအတွက် လစာ​ငွေ​ပေး​နေရတာ​တွေက ပြည်သူ​တွေကို ပြန်ပြီး​ ဝန်ထုတ်ဝန်ပိုး​ ဖြစ်​နေတယ်လို့​ အငြိမ်း​စား​ အခွန်ဝန်ထမ်း​တဦး​က ​ပြောပါတယ်။

ဥပမာ - သမဝါယမ၊​ ကုန်သွယ်​ရေး​အ​ရောင်း​ဆိုင်၊​ သစ်အ​ရောင်း​ဆိုင် စတာ​တွေကို ဆိုလိုတဲ့​အ​ကြောင်း​ ​ပြောပါတယ်။

အဲဒီဌာန​တွေနဲ့​ အ​ရောင်း​ဆိုင် ​နေရာ​တွေဟာ ​နေရာ​ကောင်း​တွေမှာ ရှိ​နေကြပြီး​ ပြည်သူ​တွေ ဝယ်ယူရနိုင်တဲ့​ ပစ္စည်း​လည်း​မရှိ၊​ ​ရောင်း​ချတာလည်း​ မ​တွေ့​ရဘူး​လို့​ ​ပြောပါတယ်။

“ကုန်သွယ်​ရေး​အ​ရောင်ဆိုင်တို့​၊​ သစ်အ​ရောင်း​ဆိုင်​တွေဆိုတာ ဘာမှ မရှိပဲဟာ။ သူတို့​ ​နေရာ​တွေ ​ပေး​ထား​ပြီး​ ဝန်ထမ်း​တွေကို ဒီအတိုင်း​ပဲ လခ ​ပေး​ထား​တာ​တွေ ရှိတယ်။ အ​စောကြီး​ကတည်း​က​နေ သစ်အ​ရောင်း​ဆိုင်​တွေ ဆိုလို့​ရှိရင် အခုအချိန်အထိ တနိုင်ငံလုံး​မှာ ရှိတယ် အများ​ကြီး​ပဲ။ ဘယ်သူ့​မှလည်း​ မ​ရောင်း​ပေး​ဘူး​။ ခြံဝင်း​ကြီး​တွေက တကယ့်​နေရာ​ကောင်း​တွေမှာ အကျယ်ကြီး​တွေ။ အဲဒါ​တွေက တကယ်တမ်း​ကျ ကျ​နော်တို့​ဆီမှာ မလိုအပ်​တော့​ဘူး​။ တကယ်ကို ပြည်သူ​တွေ သစ်​တွေ ဘာ​တွေ သုံး​လို့​ရ​အောင် ​ရောင်း​ပေး​ရင် ​ရောင်း​ပေး​ မ​ရောင်း​ပေး​ရင်လည်း​ ပိတ်သာပစ်လိုက်​တော့​ အဲဒါ။ သူတို့​အတွက် လခ​တွေလည်း​ ​ပေး​ရတယ်​လေ အစိုး​ရက​နေ ဌာန​တော်​တော်များ​များ​မှာ ရှိတယ်ဗျ အဲဒါ။ သမဝါယမ ​တွေဆို ဘာအလုပ်ရှိလို့​လည်း​ အများ​ကြီး​ပဲ။ တိုင်း​ဒေသကြီး​တွေအ​နေနဲ့​ ကိုယ့်​ဘတ်ဂျက်ကို သုံး​မယ်ဆိုရင် ဒီဝန်ထမ်း​တွေအတွက် ​ပေး​ရမယ့်​ ပိုက်ဆံ​တွေက ကျ​နော်တို့​ဆီက ပို​ကောက်​တော့​မှာ​လေ။”

လက်ရှိမှာ ပြည်နယ်တိုင်း​ဒေသကြီး​အစိုး​ရ​တွေဟာ ပြည်​ထောင်စုအစိုး​ရ ဘဏ္ဍာ​ငွေနဲ့​ သုံး​စွဲ​နေကြ​ပေမယ့်​ လာမယ့်​အောက်တိုဘာလကစပြီး​ မိမိတို့​ ပြည်နယ်တိုင်း​ ဘဏ္ဍာ​ငွေနဲ့​ သုံး​စွဲကြရ​တော့​မှာ ဖြစ်ပါတယ်။

အဲဒီအခါ ပြည်နယ်တိုင်း​ဒေသ အစိုး​ရ​တွေက သူ့​ပြည်နယ်တိုင်း​ ဘဏ္ဍာ​ငွေ ရရှိ​ရေး​အတွက် ပြည်နယ်တိုင်း​ထဲမှာ ရှိတဲ့​ ပြည်သူ​တွေဆီကပဲ အခွန်အခ​တွေ တိုး​ကောက်​တော့​မှာ ဖြစ်ပါတယ်။

ဒီလိုတိုး​ကောက်တဲ့​အခါ အလုပ်မဖြစ်တဲ့​ဌာန​တွေဟာ ပြည်သူ​တွေအတွက် ပိုပြီး​ ဝန်ထုတ်ဝန်ပိုး​ ဖြစ်လာ​တော့​မှာပါ။

ဒါ့​အပြင် ဝန်ထမ်း​တွေ အဆမတန် ခန့်​ထား​ပြီး​ အလုပ်မဖြစ်တဲ့​ ဌာန​တွေလည်း​ ရှိ​နေပြီး​ ဥပမာ မန္တ​လေး​မြို့​ စည်ပင်သာယာ​ရေး​မှာ အမြဲတမ်း​နဲ့​ ယာယီဝန်ထမ်း​ပေါင်း​ ငါး​ထောင်​လောက် ရှိ​နေတယ်လို့​ သိရပါတယ်။

ပြည်နယ်တိုင်း​အလိုက် ကိုယ့်​ဘဏ္ဍာ ကိုယ်ရှာသုံး​ရ​တော့​မယ့်​ အချိန်ကျရင် ဒီဝန်ထမ်း​တွေအတွက် လစာ​ငွေကို သက်ဆိုင်ရာပြည်နယ်တိုင်း​အတွင်း​နေ ပြည်သူ​တွေကပဲ မျှ​ဝေ​ပေး​ကြရမှာ ဖြစ်ပါတယ်။

တခါ ပြည်နယ်တိုင်း​အစိုး​ရ​တွေရဲ့​ ဘဏ္ဍာ​ငွေယို​ပေါက်လည်း​ ဖြစ်လာ​တော့​မှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊​ မတ်လ ၃၀ ရက်​နေ့​မှာ ဖွဲ့​စည်း​ခဲ့​တဲ့​ နိုင်ငံ​တော် ဘဏ္ဍာ​ရေး​ ​ကော်မရှင်ရဲ့​ ပထမအကြိမ် အစည်း​အ​ဝေး​ကို ပြီး​ခဲ့​တဲ့​ ဧပြီလ ၇ ရက်​နေ့​က ​နေပြည်​တော်မှာ ကျင်း​ပခဲ့​ပါတယ်။

အဲဒီအစည်း​အ​ဝေး​မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ​ရေး​နှစ် ပထမ​ခြောက်လ ဧပြီလ ၁ ရက်က​နေ စက်တင်ဘာလ ၃၀ ရက်အထိ ရသုံး​မှန်း​ခြေ ​ငွေစာရင်း​ကို နိုင်ငံ​တော် ဘဏ္ဍာ​ငွေရန်ပုံ​ငွေနဲ့​ သုံး​စွဲပြီး​ ​အောက်တိုဘာလ ၁ ရက်ကစလို့​ ပြည်နယ်တိုင်း​ဒေသကြီး​တွေ ဖွံ့​ဖြိုး​ရေး​ လုပ်ငန်း​အတွက် မိမိတိုင်း​ပြည်နယ် အစီအစဉ်နဲ့​ ဘဏ္ဍာ​ငွေ ရှာသုံး​ကြရမယ်လို့​ ဆုံး​ဖြတ်ခဲ့​တာ ဖြစ်ပါတယ်။

အလုပ်မဖြစ်တဲ့​ဌာန​တွေ ရှိ​နေတာကို လွှတ်​တော်ထဲမှာ ​ပြောကြဆိုကြဖို့​ပဲ ရှိတယ်လို့​ သင်္ဃန်း​ကျွန်း​မြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​သိန်း​ညွန့်​က ​ပြောပါတယ်။

“ကျ​နော်တို့​ဆီမှာ သမဝါယမ အခန်း​ကဏ္ဍက ​တော်​တော်နိမ့်​ကျ​နေတယ်။ ဆင်း​ရဲမွဲ​တေမှု ပ​ပျောက်​ရေး​မှာ သမဝါယမ အခန်း​ကဏ္ဍကို ပြန်လည်ပြီး​တော့​ ပွဲထုတ်လာတဲ့​အခါမှာ ဒီ ပွဲထုတ်မှုက လူထုကို အကျိုး​ပြုနိုင်မယ် ဆိုရင် ဒါ ကျ​နော်တို့​ အား​ပေး​ရမှာ​ပေါ့​။ သို့​သော် အရင်ပုံစံအတိုင်း​ပဲ သမဝါယမဆိုတာ အရင်လိုပဲ နာမည်​ဟောင်း​နဲ့​ စခန်း​သွား​ပြီး​တော့​ အရင်လိုပဲ အလုပ်မဖြစ်ဘူး​ ဆိုရင်လည်း​ လွှတ်​တော်အတွင်း​မှာ ကျ​နော်တို့​ ​ပြောကြဆိုကြရမှာ​ပေါ့​။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013