A d v e r t i s e m e n t With Us

ကျောင်း​အကြိုအပို့​စက်​လှေ​မှောက်၊​ ၅ ဦး​သေဆုံး

ေကျာင်း​အြကိုအပို့​လုပ်​ေနသည့်​​ စက်​ေလှတစီး​
ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​နယ် ကြည်စုကျုံဖား​ချောင်း​ဖျား​ကျေး​ရွာက​နေ ကြာအင်း​ကျေး​ရွာကို ​ကျောင်း​အကြိုအပို့​လုပ်တဲ့​ စက်​လှေတစီး​ ပြီး​ခဲ့​တဲ့​ ဇူလိုင်လ ၁၁ ရက်​နေ့​က ​ကျောင်း​ကအပြန် တိမ်း​မှောက်ခဲ့​တဲ့​အတွက် ​ကျောင်း​သူ​ကျောင်း​သား​ ၅ ဦး​ ​ရေနစ် ​သေဆုံး​ခဲ့​ပါတယ်။ [caption id="attachment_12670" align="alignleft" width="310" caption="ကျောင်း​အကြိုအပို့​လုပ်နေသည့်​​ စက်လှေတစီး​ "][/caption] ကြည်စုကျုံဖား​ချောင်း​ဖျား​ကျေး​ရွာဟာ အိမ်​ထောင်စု ၁၀၀ နီး​ပါး​ရှိပြီး​ ရွာမှာ ​ကျောင်း​မရှိတာ​ကြောင့်​ က​လေး​ငယ်​တွေဟာ ရွာနဲ့​ တမိုင်​လောက်​ဝေး​တဲ့​ ကြာအင်း​ရွာက မူလတန်း​လွန်​ကျောင်း​မှာ ​ကျောင်း​သွား​တက်ကြရတာ ဖြစ်ပါတယ်။ စက်​လှေ​မှောက်မှုနဲ့​ ပတ်သက်လို့​ ​ဒေသခံတဦး​က “အဲဒီ​နေ့​က ရာသီဥတုက သာယာပါတယ်။ သာယာ​ပေမယ့်​ စက်​လှေထဲမှာ ကလေး​တွေကများ​ပြီး​ အား​လုံး​ ၂၃ ​ယောက် ဆို​တော့​ ​မောင်း​လာရင်း​နဲ့​ပဲ နစ်သွား​တယ်။ ပြန်ပြီး​ ကယ်တဲ့​အခါ က​လေး​က ၁၈ ​ယောက်ပဲ ပြန်ပြီး​ ကယ်လို့​ရတယ်။ ၅ ဦး​ ဆုံး​သွား​တာ​ပေါ့​နော်။ ​ကျောင်း​သူက ၄ ဦး​၊​ ​ကျောင်း​သား​က ၁ ဦး​၊​ ​ပေါင်း​ ၅ ဦး​ပေါ့​။ သူတို့​ပြောပုံအရ​တော့​ ​ကျောင်း​သား​တွေက စက်​လှေဦး​မှာ အထိုင်များ​တော့​ ဦး​နည်း​နည်း​ စိုက်သွား​တဲ့​အချိန်မှာ စက်ကို နည်း​နည်း​ တင်​မောင်း​လိုက်​တော့​ အရှိန်နဲ့​ ထိုး​ပြီး​ နစ်သွား​တယ်။” စက်​လှေ​မောင်း​သူကို မြင်း​ကကုန်း​ရဲစခန်း​က ဖမ်း​ဆီး​ခေါ်​ဆောင်သွား​ပြီး​ တရာစွဲဆိုထား​တယ်လို့​ အဲဒီ​ဒေသခံကပဲ ​ပြောပါတယ်။ “အခင်း​ဖြစ်ပြီး​သိပ်မကြာဘူး​။ မြင်း​ကကုန်း​ ရဲစခန်း​ကို အ​ကြောင်း​ကြား​တယ်။ ​နောက် ဘိုက​လေး​မြို့​နယ် မြို့​နယ်အုပ်ချုပ်​ရေး​မှူး​တို့​ ဘာတို့​ ဆင်း​သွား​ကြတယ်။ စက်​လှေ​မောင်း​သမား​ကို ဖမ်း​လာတယ်။ သူတို့​ပြောတာက​တော့​ တရား​စွဲထား​တယ် ​ပြောတယ်။ က​လေး​အ​လောင်း​တွေက​တော့​ အခင်း​ဖြစ်ပြီး​လို့​ ၂ နာရီ ၃ နာရီ​လောက်မှာ ပြန်ရတယ်။ အသက် ၅ နှစ် ၆ နှစ်က​နေ ၁၀ နှစ် ပတ်ဝန်း​ကျင်​ပေါ့​။ မိဘ​တွေက​တော့​ ဒီလိုမျိုး​ဖြစ်စဉ်မျိုး​က ဖြစ်​လေ့​ဖြစ်ထ မရှိဘူး​။ ရာသီဥတု ဆိုး​ဝါး​လို့​ ဖြစ်တာလည်း​ မဟုတ်ဘူး​။ ​ပေါ့​ဆလို့​ ဖြစ်တာဆိုပြီး​တော့​ ယူကျုံး​မရ ဖြစ်တာ​ပေါ့​နော်။” သေဆုံး​သွား​တဲ့​ က​လေး​ငယ်​တွေကို​တော့​ မ​နေ့​က သင်္ဂြိုဟ်လိုက်တယ်လို့​ ဆိုပါတယ်။ ဒီလို အခင်း​ဖြစ်ပွား​ပြီး​နောက်ပိုင်း​ အဆိုပါ ကြည်စုကျုံဖား​ချောင်း​ဖျား​ရွာကို မူလတန်း​ကျောင်း​ဆောက်​ပေး​ဖို့​ စီစဉ်​နေတယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up