A d v e r t i s e m e n t With Us

နေ​ရေး​အပြင် ​သေ​ရေး​ပါ ခက်​နေ

သေ​ရေး​ထက် ​နေ​ရေး​ခက်ဆိုတဲ့​စကား​က ခု မမှန်​တော့​ပါဘူး​ဗျာ။ ​နေ​ရေး​ရော ​သေ​ရေး​ပါ ခက်​နေလို့​ ​ရေ​ဝေး​ကို​တောင် ​ကြောက်​နေရပါတယ်။ ကို​ကျော်သူရဲ့​ နာ​ရေး​ကူညီမှုအသင်း​က အစစ ကူညီ​ပေး​တယ်ဆိုတာ သိရကြား​ရ​ပေမယ့်​ ကိုယ့်​ထက် ဒုက္ခပို​ရောက်တဲ့​သူ​တွေကို ကူညီ​ပေး​နိုင်​အောင် ကိုယ့်​ဟာကိုယ် နိုင်သ​လောက် စီမံ​ဆောင်ရွက်ကြည့်​တာမှာ သိရတာပါပဲ။ ​ငွေမရှိ​သေး​လို့​ မ​သေပါနဲ့​ဦး​လို့​လည်း​ တား​လို့​ရတဲ့​ကိစ္စမှ မဟုတ်တာကိုး​။ ကြုံရတာက​တော့​ ရန်ကုန်တိုင်း​၊​ ​မြောက်ဥက္ကလာက ​ရေ​ဝေး​သုသာန်မှာပါ။ အသုဘရှင်တိုင်း​ ​သောကများ​ရ တာက​တော့​ နာ​ရေး​အတွက် ​ရေ​ဝေး​သုသာန်ကို ​ပေး​ရတဲ့​ ​ငွေ​ကြေး​ကိစ္စပါပဲ။ အသုဘချဖို့​ အ​လောင်း​ပြင်ရတဲ့​ ခန်း​မ​ကြေး​က တ​သောင်း​ခွဲခင်ဗျ။ ခန်း​မနံပါတ်က ၁/က ပါခင်ဗျ။ အ​ခေါင်း​ခ ဆိုပြီး​ ၂ ​သောင်း​ခွဲ ​ပေး​ရပါတယ်။ သင်္ဂြိုဟ်စရိတ်ကလည်း​ ၃ ​သောင်း​ ​ပေး​ရပြန်​ရော။ ကျ​နော်တို့​ မိသား​စုမျိုး​ရိုး​မှာ အရိုး​အိုး​ထား​တဲ့​ထုံး​စံရှိ​နေလို့​ အရိုး​ယူချင်တယ်​ပြော​တော့​ အရိုး​ကောက်ခက ၆ ​ထောင်ပါတဲ့​။ အရိုး​တွေ ဖြူ​အောင် အုန်း​ရည်နဲ့​ဖျန်း​ရတယ်ဆိုလို့​ လိုတဲ့​ အုန်း​သီး​ဖိုး​က ၅ ​ထောင်လို့​ ​ပြောပါတယ်။ ဒါတင်လား​ဆို​တော့​ လက်ဖက်ရည်ဖိုး​က ၄ ​ထောင်၊​ အား​လုံး​စုစု​ပေါင်း​ ​ငွေကျပ် ၈ ​သောင်း​ခွဲ ​ပေး​ခဲ့​ရပါတယ်။ နာ​ရေး​ရှင်​တွေအ​နေနဲ့​ ​သေဆုံး​သူရဲ့​ ​နောက်ဆုံး​ခရီး​အတွက် ပူ​ဆွေး​သောက များ​နေရပြီး​ ခုလို ​တောင်း​သ​လောက် ​ပေး​ရတာမှာလည်း​ ပိုက်ဆံသိပ်​ပေါ​နေလို့​ ရှိလို့​ ​ပေး​ခဲ့​ကြတာ မဟုတ်ပါဘူး​။ လက်ထဲမှာ ပါသ​လောက်နဲ့​ မ​လောက်​တော့​လို့​ သင်္ချိုင်း​ထဲမှာပဲ သူများ​ဆီက ​ချေး​ငှား​ပြီး​ ဒီ အသုဘကိစ္စ ပြီး​မြောက်​အောင် ​ဆောင်ရွက်ခဲ့​ရတာပါ။ တကယ်လို့​များ​ ပိုက်ဆံမရှိတဲ့​ မိသား​စုများ​ ပိုက်ဆံမရှာနိုင်တဲ့​ ကျန်ရစ်သူ မိသား​စုများ​ဆိုရင် အသုဘ ဘယ်လို ချရပါ့​မလဲလို့​ ​မေး​လိုက်ချင်ပါတယ်။ မိသား​စုနာ​ရေး​ကိစ္စ ကိုယ်တိုင်​ဆောင်ရွက်ရသူတဦး

A d v e r t i s e m e n t With Us

More News
Up