A d v e r t i s e m e n t With Us

မီဒီယာနှင့်​စကား​မ​ပြောရန် သတိ​ပေး​မှုအ​ပေါ် ချင်း​အမျိုး​သား​ပါတီနှင့်​ ​မေး​မြန်း​ချက်

ပြီး​ခဲ့​တဲ့​လက ကျင်း​ပပြုလုပ်ခဲ့​တဲ့​ ပြည်နယ်တိုင်း​ လွှတ်​တော်အစည်း​အ​ဝေး​တွေမှာ ချင်း​လွှတ်​တော်ကိုယ်စား​လှယ်​တွေကို မီဒီယာ​တွေနဲ့​ စကား​မ​ပြောဖို့​ သတိ​ပေး​ခဲ့​တယ်လို့​ သတင်း​ထွက်​ပေါ်ခဲ့​ပါတယ်။ ဒီအ​ခြေအ​နေ​တွေနဲ့​ပတ်သက်လို့​ ချင်း​အမျိုး​သား​ပါတီဥက္ကဋ္ဌ ဦး​ဇိုဇမ်ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ မီဒီယာကို လွှတ်​တော်အမတ်​တွေက ​ပြောသင့်​တာက ဘယ်လိုဟာမျိုး​၊​ မ​ပြောသင့်​တာက ဘယ်လိုဟာမျိုး​ ဦး​ဇိုဇမ် ဘယ်လို မြင်ထား​လဲခင်ဗျ။ “ပြည်နယ်တိုင်း​ဒေသကြီး​တွေရဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေရဲ့​ သူတို့​ လိုက်နာရမယ့်​ နည်း​ဥပ​ဒေ​တွေ ရှိတယ်။ အဲဒီအထဲမှာ​တော့​ လွှတ်​တော်ထဲမှာ ​ပြောဆိုတဲ့​ဟာ​တွေ လျှို့​ဝှက်ထား​သင့်​တဲ့​ ဟာ​တွေ​ပေါ့​ဗျာ အဲဒါပါ။ လွှတ်​တော်ထဲမှာ ​ပြောတဲ့​ဟာ​တွေက အား​လုံး​ မပါပါဘူး​ခင်ဗျ။” ပိုပြီး​ရှင်း​သွား​အောင် ဥပမာ ၁ ခု၊​ ၂ ခု​လောက် ​ပြောပြပါခင်ဗျ။ “ဒီဟာ​တော့​ဖြင့်​ ပြင်ပကို လုံး​ဝ မ​ပေါက်ကြား​စေနဲ့​ ဆိုတာမျိုး​ မှာကြား​ခြင်း​မျိုး​ ရှိနိုင်ပါတယ်။ နို့​မို့​ရင် လွှတ်​တော်ဆိုတာ ပြည်သူအများ​ Play လုပ်ထား​တဲ့​ Play ground တခု ဖြစ်ပါတယ်။ ကစား​ကွင်း​ကြီး​တခု ဖြစ်ပါတယ်။ အများ​ပြည်သူနဲ့​ ကင်း​လို့​တော့​ မရပါဘူး​။ ဒါ​ပေမယ့်​ အများ​ပြည်သူ သိစရာမလိုတဲ့​ ကိစ္စ။ သ​ဘောတခု ကျ​နော် ​ပြောပြမယ်ဗျာ။ ကျ​နော့်​ နိုင်ငံ​တော်ပဲ ဖြစ်ဖြစ်၊​ ကိုယ့်​ရဲ့​ပြည်နယ် အတွက်ပဲ ဖြစ်ဖြစ် လုံခြုံ​ရေး​ကိစ္စ အဲဒါမျိုး​ဆိုရင် ကျ​နော် ပြည်သူထဲကို ​ပြောလို့​ မရဘူး​လေဗျာ ဟုတ်တယ်မဟုတ်လား​။ အများ​ နား​လည်နိုင်တဲ့​ ကိစ္စကို ကျ​နော် ​ပြောတာပါ။ ဥပမာ ကျ​နော်တို့​ တိုင်း​ပြည်ရဲ့​ လုံခြုံ​ရေး​ ကိစ္စပဲ ဖြစ်ဖြစ်၊​ ပြည်သူရဲ့​ လုံခြုံ​ရေး​ဖြစ်​စေ အဲဒါမျိုး​ ကိစ္စဆိုရင်​တော့​ ကျ​နော်တို့​က လွှတ်​တော်ထဲမှာ ဒါ အများ​ပြည်သူ မသိသင့်​ပါဘူး​ ဆိုပြီး​တော့​ သတ်မှတ်ချက်တခု​တော့​ ရှိသင့်​တာ​ပေါ့​ဗျာ။” ပြည်နယ်လွှတ်​တော် ဥက္ကဋ္ဌက မှာကြား​ချက်အ​ပေါ်ကို ဦး​ဇိုဇမ်တို့​က အဲဒီလို နား​လည်ထား​လိုက်ပြီ ဆို​တော့​ ဆက်ပြီး​တော့​ ကျ​နော်တို့​ မီဒီယာနဲ့​ ​ပြောဖို့​ကော ဦး​ဇိုဇမ် စိတ်ကူး​လား​ဗျာ။ ဘယ်လို ကိစ္စမျိုး​တွေ ဆက်​ပြောမလဲ။ “စိတ်ကူး​ ရရုံမကပါဘူး​၊​ ပွင့်​ပွင့်​လင်း​လင်း​ ဒီကိစ္စကို မီဒီယာ​နေတဆင့်​ ကျ​နော်က ရှင်း​လင်း​ဖို့​ တာဝန်ရှိပါတယ်။ အဲဒါ​ကြောင့်​ ​နောက်ဆုံး​မှာ ကျ​နော်တို့​ကို သူကလည်း​ သတိ​ပေး​တာလား​၊​ အသိ​ပေး​တာလား​ မ​ပြောတတ်ဘူး​ဗျာ။ ဘာ​ကြောင့်​ ကျ​နော်တို့​ကို သတိ​ပေး​တာလဲ။ ဒါမှမဟုတ် သတိ​ပေး​တာလား​၊​ အသိ​ပေး​တာလား​ ဟုတ်တယ် မဟုတ်လား​ သ​ဘောက။ ကျ​နော်လက်ခံထား​တာ သတိ​ပေး​တယ်လို့​ ကျ​နော် မယူဆဘူး​။ ရှိလက်စ regulation ​တွေကို သူက အသိ​ပေး​တယ်၊​ remind လုပ်တယ် ဆိုတဲ့​ သ​ဘောမျိုး​နဲ့​ ကျ​နော်က လက်ခံထား​ပါတယ်။ မီဒီယာနဲ့​လည်း​ ပွင့်​ပွင့်​လင်း​လင်း​ပဲ ကျ​နော့်​ရဲ့​ ရပ်တည်ချက်၊​ ကျ​နော့်​ ပါတီရဲ့​ ရပ်တည်ချက်၊​ ပြည်သူရဲ့​ ရင်ခုန်သံ​တွေ၊​ ပြည်သူ​တွေရဲ့​ ရင်ဖွင့်​သံ​တွေ ကျ​နော်တို့​က မီဒီယာက​နေတဆင့်​ အစိုး​ရဆီကို တင်ပြမှာ ဖြစ်တယ်။ ​နောက်တခုက အစိုး​ရပဲ ​ပြော​ပြော၊​ ဌာနဆိုင်ရာ ပုဂ္ဂိုလ်​တွေပဲ ​ပြော​ပြော သူတို့​ရဲ့​ လုပ်တာကိုင်တာ​တွေ နည်း​လမ်း​ စနစ်မကျတာမျိုး​ ဖြစ်ခဲ့​လို့​ရှိရင်လည်း​ ကျ​နော့်​တာဝန်က အဲဒါ ​ထောက်ပြဖို့​၊​ တည့်​မတ်​ပေး​ဖို့​ ဒါလွှတ်​တော်ကိုယ်စား​လှယ်​တွေရဲ့​ တာဝန်ပါ။” နောက်တခုက တခြား​ပြည်နယ်တိုင်း​ အား​လုံး​ ရှိတဲ့​အထဲမှာ ချင်း​ပြည်နယ်က ဘာဖြစ်လို့​ အခုလိုမျိုး​ မီဒီယာနဲ့​ မ​ပြောဖို့​ အသိ​ပေး​တာတို့​ ဘာတို့​ လုပ်တာလဲ။ “ကျ​နော် ​မေး​ကြည့်​ပါတယ်။ ဒီကိစ္စ ကျ​နော်တို့​ ချင်း​ပြည်နယ် တခုတည်း​လား​ ဒါမှမဟုတ် တိုင်း​နဲ့​ ပြည်နယ် အား​လုံး​လား​လို့​ ​မေး​ကြည့်​တော့​ လိုအပ်တဲ့​ ​နေရာပဲ ​ပြောခိုင်း​တာပါလို့​ ကျ​နော့်​ကို ​ဖြေပါတယ်။ သက်ဆိုင်တဲ့​ ပုဂ္ဂိုလ်က။ ဆိုတဲ့​အခါကျ ကျ​နော် ​ပြောလိုက်ပါတယ်။ အဲဒီလို ဆိုလို့​ရှိရင်​တော့​ ဒီကိစ္စ​တော့​ ကျ​နော် စိတ်ဝင်စား​ပါတယ်လို့​ ​ဖြေလိုက်ပါတယ်။” ကျ​နော်တို့​ မ​နေ့​တ​နေ့​ကပဲ ​ပေါ်လာတဲ့​ စစ်တမ်း​အရ ဆင်း​ရဲ့​ဖွံ့​ဖြိုး​မှု ​နောက်အကျဆုံး​မှာ ​ရှေ့​ဆုံး​က ပါ​နေတဲ့​ ချင်း​ပြည်နယ်က လွှတ်​တော် ဥက္ကဋ္ဌ က​နေပြီး​တော့​ ဒီလိုတား​တာက ချင်း​ပြည်နယ် ​နောက်တန်း​ကို ​ရောက်သထက် ​ရောက်သွား​နိုင်တယ်လို့​ကော မြင်မိ​သေး​လား​။ “အဲ ကျ​နော် အဲဒီလိုပဲ မြင်ပါတယ်။ အဓိကက​တော့​ ပုဂ္ဂိုလ်အား​လုံး​ကို ကျ​နော် ​ပြောချင်ပါတယ်။ မစိုး​ရိမ်ပါနဲ့​ မီဒီယာ​လောက စနစ်တကျ ဖွံ့​ဖြိုး​မှသာလျှင် ကျ​နော်တို့​ ချင်း​ပြည်နယ်ကဲ့​သို့​ ​နောက်ကျန်​နေတဲ့​ ပြည်နယ်​တွေဟာ ​ရှေ့​တန်း​ရောက်လာမှာ ဖြစ်ပါတယ်။ ချင်း​ပြည်နယ်အစိုး​ရအ​နေနဲ့​လည်း​ ပိုပြီး​တော့​ ​ကောင်း​ကောင်း​မွန်မွန် အလုပ်လုပ်လို့​ ​ကောင်း​လာလိမ့်​မယ်ဆိုပြီး​တော့​ ကျ​နော် သူတို့​ကို အကြံ​ပေး​ချင်ပါတယ်။ ကျ​နော့်​ရဲ့​ ​ပေါ်လစီမှာ​တော့​ မီဒီယာဆိုတာ လက်နက်မဟုတ် ပါဘူး​။ မီဒီယာဆိုတာ ဒီမိုက​ရေစီဝါဒ တည်​ဆောက်ဖို့​အတွက် မရှိအဖြစ် လိုအပ်တဲ့​ တန်ဆာပလာတခု ဖြစ်ပါတယ် ဆိုတာ အသိ​ပေး​ချင်ပါတယ်။ ဒီ မီဒီယာကို​တော့​ မစိုး​ရိမ်ပါနဲ့​၊​ သပ်သပ်ရပ်ရပ်နဲ့​ ဖွံ့​ဖွံ့​ဖြိုး​ဖြိုး​ ဖြစ်လာရင် အကျိုး​အများ​ကြီး​ ရှိလာမယ် ဆိုတာ ကျ​နော် ​ပြောချင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up