DVB Logo
Home
မြန်မာသတင်း
စသုံးလုံးအရာရှိ ၂ ဦးကို မူးယစ်မှုဖြင့် ခေါ်ယူစစ်ဆေး
DVB
·
December 10, 2015
စသုံးလုံးအရာရှိ ၂  ဦးကို မူးယစ်မှုဖြင့် ခေါ်ယူစစ်ဆေး
Donate to DVB

ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးအမှုတခုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က အရာရှိ ၂ ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။

ပထမတဦးကတော့ စသုံးလုံးက စုံစမ်းရေးမှူး ကိုသူရဝင်းဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ရှမ်းပြည်နယ် ပင်လောင်း၊ မှော်ဘီဘက်သွားတဲ့ ကားလမ်း မိုင်တိုင်အမှတ် ၄၂/၃ အနီးမှာ သူမောင်းနှင်တဲ့ကားက ကျပ်သိန်း ၄၈၀၀၀ ကျော်ရှိတဲ့ ဘိန်းညိုမှုန့် ဆာလာအိတ် ၃၀ နဲ့အတူ လက်နက်နဲ့ကျည်ဆန်တွေပါ တွေ့ရလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်မှာတော့ သူနဲ့အတူပါလာတဲ့ ဦးမောင်မောင်ဆိုသူကို စစ်ဆေးရာမှာ အရပ်သား ၂ ဦးကိုပါ ကွင်းဆက်အဖြစ် ထပ်ဖမ်းထားပြီး နေပြည်တော်မှ စသုံးလုံးအရာရှိ တဦးလည်း ထပ်မံထိန်းသိမ်း စစ်ဆေးနေတာပါ။

အခုစစ်ဆေးနေတဲ့ စသုံးလုံးက စုံစမ်းရေးမှူး ကိုသူရဝင်းနဲ့ ကိုအောင်စိုးမိုးတို့ကတော့ မူးယစ်ဆေးဝါး သယ်ဆောင်ရာမှာ ပါဝင်ကူညီသူတွေ ဖြစ်တယ်လို့ နေပြည်တော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့မှ ဒု-ရဲမှူးကြီး စိုးလင်းအေးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013