DVB Logo
Home
မြန်မာသတင်း
အစိုး​ရက ရှမ်း​ပြည်တပ်မ​တော်ကို ဗုံး​ကြဲ
DVB
·
July 13, 2011
အစိုး​ရက ရှမ်း​ပြည်တပ်မ​တော်ကို ဗုံး​ကြဲ
Donate to DVB

ရှမ်း​ပြည်နယ်​တောင်ပိုင်း​ ​ကျေး​သီး​မြို့​နယ်တွင်း​မှာ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေအကြား​တိုက်ပွဲမှာ အစိုး​ရတပ်ဘက်က ​လေယာဉ်နဲ့​ ဗုံး​ ကြဲချသွား​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော် ​ပြောခွင့်​ရသူ ဗိုလ်မှူး​ စိုင်း​လောဝ်ဆိုင်က ​ပြောပါတယ်။

အက်စ်အက်စ်​အေတပ်ဖွဲ့​တွေနဲ့​ အစိုး​ရတပ် ခလရ ၂၈၆၊​ ၂၈၇ တို့​နဲ့​ ဝမ်ဟိုင်း​ဌာနချုပ် ဝန်း​ကျင် လွိုင်ဆိုင်း​တောင်၊​ ဝမ့်​ကိုင်ဖိုက် (ကြက်ဖြူရွာ) ရွာအနီး​မှာ ဒီမနက်က​နေ အခုထိ ဆက်လက်ဖြစ်ပွား​နေတုန်း​ပဲလို့​ သူက ​ပြောပါတယ်။

စိုင်း​လောဝ်ဆိုင်က “မ​နေ့​က သူတို့​ထိုင်ထား​တဲ့​ ​ရှေ့​တန်း​စခန်း​ကို ကျ​နော်တို့​က သိမ်း​ဆည်း​ရမိပါတယ်။ သူတို့​က အခု​ပြောတဲ့​ (ဝမ်ဆိုင်း​) ​တောင်​ကြောဘက်ကို ဆုတ်ခွာပါတယ်။ ကျ​နော်တို့​တပ်​တွေက လိုက်ရင်း​နဲ့​ ပိတ်ထား​တဲ့​သ​ဘောဖြစ်ပါတယ်။ သူတို့​ကိုကူညီဖို့​အတွက် ဒီ​နေ့​မွန်း​လွဲပိုင်း​ တနာရီ​ကျော်​လောက်မှာ ​ဝေဟင်က​နေ အမ်အိုင်ဂျီ ၂၆ အမျိုး​အစား​ တိုက်​လေယာဉ်လို့​ယူဆရတဲ့​ ​လေယာဉ်နှစ်စင်း​နဲ့​ ကျ​နော်တို့​ အက်စ်အက်စ်​အေတပ်​တွေကို ဗုံး​ ၁၀ လုံး​ကြဲသွား​တယ်” လို့​ ​ပြောပါတယ်။

တိုက်ပွဲဖြစ်ရာ​နေရာဟာ ဝမ်ဟိုင်း​ဌာနချုပ်ရဲ့​ အ​နောက်​မြောက် ၁၃ မိုင်ခန့်​အကွာမှာ ဖြစ်​နေတာလို့​ ရှမ်း​တပ်မ​တော် တပ်မှူး​ငယ်တဦး​က ​ပြောပြီး​ လက်ရှိ အစိုး​ရတပ်က အင်အား​ ၂၀၀ ​လောက်က လွိုင်စိုင်း​တောင်​ပေါ်​ရောက်​နေပြီး​ ​အောက်မှာ ရှမ်း​တပ်မ​တော် အင်အား​ ၄၀၀ ​လောက်က ပိတ်ထား​တယ်လို့​ ​ပြောပါတယ်။

ဒါ့​အပြင် အစိုး​ရတပ်ကို စစ်ကူလာတဲ့​ ခလရ (၆၄) တပ်ရင်း​ကို ရှမ်း​တပ်က ​ကျေး​သီး​မြို့​နယ် ​နောင်ဆွမ်း​ရွာအနီး​မှာ ဒီမနက် ၂ နာရီခန့်​က တိုက်ခိုက်လို့​ စစ်သား​ ငါး​ဦး​ထက်မနည်း​ ဒဏ်ရာရခဲ့​တယ်လို့​ ​ပြောပါတယ်။

ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ (အက်စ်အက်စ်ပီပီ) ရဲ့​ ​ပြောခွင့်​ရ ဗိုလ်မှူး​တ​ယောက်က​တော့​ အစိုး​ရ​ခြေလျင်တပ်က ကူညီဖို့​ ခက်ခဲသွား​တဲ့​နောက် ​ဝေဟင်က​နေ ရုရှား​လုပ်​လေယာဉ်​တွေနဲ့​ ဗုံး​လာကြဲတာဖြစ်သလို ဒီ​လေယာဉ်​တွေ ပြန်သွား​ပြီး​တဲ့​နောက် ​သေနတ်သံ​တွေ ကြိုး​ကြား​ထွက်​နေတုန်း​ပဲလို့​ပြောပြီး​ ဝမ်ဟိုင်း​နား​က တပ်​တွေ ဆုတ်ခွာဖို့​ ​တောင်း​ဆိုလိုက်ပါတယ်။

“သူတို့​က ကျ​နော်တို့​ ဝမ့်​ဟိုင်း​တ​လျှောက် အဲဒီ သွား​မယ့်​ လမ်း​မှာ အ​ခြေပြုထား​တဲ့​ တပ်​တွေ ရှိတာ​ကော သူတို့​ တဆင့်​ပြီး​တဆင့်​ ​ချေမှုန်း​ပြီး​ ဝမ့်​ဟိုင်း​ကို ဖြိုမယ့်​သ​ဘော ဖြစ်တယ်​လေ။ ဒါ​ကြောင့်​လဲ ကျ​နော်တို့​ ဌာနချုပ် သူတို့​လက်ထဲ မကျ​အောင် ကျ​နော်တို့​က ဖြစ်နိုင်သ​လောက် ကျ​နော်တို့​က ခုခံပြီး​ ကာကွယ်ထား​ရမှာပဲ​ပေါ့​။ ဖြစ်နိုင်ရင်​တော့​ ကျ​နော်တို့​က စစ်​ရေး​နဲ့​ မ​ဖြေရှင်း​ချင်ပါဘူး​။ ကျ​နော်တို့​နယ်​မြေထဲမှာ ထိုး​စစ်ဆင်​နေတဲ့​တပ်​တွေ​ကြောင့်​ ကျ​နော်တို့​ ပြည်လူထုလည်း​ အခုဆိုရင် ပုံမှန်ဆန်​ရေစပါး​ ရှား​ပါး​တဲ့​ အချိန်ဆို​တော့​ ​တော်​တော် ဒုက္ခ​ရောက်​နေတယ်​လေ။ ထိုး​စစ်ဆင်​နေရင် ဘယ်​တော့​မှ ပြီး​ဆုံး​နိုင်မယ် မဟုတ်ဘူး​လို့​ ကျ​နော်တို့​ ခံယူထား​တယ်။”

အစိုး​ရတပ်​တွေက ဝမ့်​ဟိုင်း​ဌာနချုပ်အ​ခြေပြု ရှမ်း​ပြည်တပ်မ​တော်နဲ့​ ဒီနှစ်ဆန်း​ကတည်း​က ဆက်တိုက် တိုက်ပွဲဖြစ်​နေတာပါ။ အစိုး​ရဘက်က ​ကေအိုင်အိုနဲ့​ အပစ်ရပ်ဖို့​ ကြိုး​ပမ်း​တာ ​တွေ့​ရ​ပေမယ့်​ ရှမ်း​တပ်မ​တော်နဲ့​ အပစ်ရပ်ဖို့​ ကြိုး​ပမ်း​တာ မ​တွေ့​ရ​သေး​ပါဘူး​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013