Homeမွနျမာသတငျးမျိုးစပါးစီစဉ်ပေးရန် လယ်သမားများ တောင်းဆို

လွန်ခဲ့တဲ့ဇွန်လအတွင်းက မိုးသည်းထန်လို့ လယ်တွေထဲ ရေဝင်ပြီး စပါးပျိုးပင်တွေ ဆုံးရှုံးပျက်စီးခဲ့တဲ့ ရန်ကုန်တိုင်း ခရမ်းမြို့နယ် လယ်သမားတွေက ဈေးနှုန်းချိုသာစွာနဲ့ မျိုးစပါးရောင်းချပေးဖို့ သမ္မတထံမှာ စာရေးတောင်းဆိုပါတယ်။
ခရမ်းသုံးခွက လယ်သမားတွေ စုပေါင်းလက်မှတ် ရေးထိုးတောင်းဆိုတဲ့စာကို အခုလ (၈) ရက်နေ့တုန်းက သမ္မတဦးသိန်းစိန်ထံ ပေးပို့လိုက်ပြီလို့ လယ်သမားတဦးက ပြောပါတယ်။
“ပလူကန်ကျေးရွာက လယ်သမား ၁၂၁ ဦးရယ်၊ ကမာပလူကျေးရွာက လယ်သမား ၁၄၅ ဦးရယ်၊ ပန်းတော်ချောင်ကျေးရွာက ၂၂၂ ဦးပေါ့။ အဲဒါတွေက စုပြီးတော့ မျိုးစပါးမရှိဘူးပေါ့။ ရေကြီးတော့ မျိုးစပါးက သုံးကြိမ်သုံးခါရေမြုပ်တယ်။ အဲဒီတော့ နိုင်ငံတော်သမ္မတဆီကို မျိုးကောင်းမျိုးသန့်စပါးတွေ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးဖို့ စာတင်တယ်။”
မိတ္တူကို ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနတို့ကိုလည်း မိတ္တူပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လက မိုးသည်းထန် ရေကြီးမှုကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကျန်တိုင်းနဲ့ပြည်နယ်တချို့မှာ လယ်မြေတွေထဲရေဝင်ပြီး ပျိုးပင်တွေ ပျက်စီးခဲ့ရပါတယ်။