A d v e r t i s e m e n t With Us

တနင်္သာရီတိုင်း​ဒေသကြီး​အစိုး​ရ ဆန်တင်သွင်း​ခွင့်​ပိတ်ပင်

သမ္မတအစိုး​ရအဖွဲ့​ရဲ့​ ​ဒေသဆိုင်ရာ အစိုး​ရအဖွဲ့​တွေထဲက တနင်္သာရီတိုင်း​ဒေသကြီး​အစိုး​ရ အဖွဲ့​က ​ဒေသတွင်း​ ဆန်တွင်သွင်း​ခွင့်​တွေကို ထား​ဝယ်၊​ ​ကော့​သောင်း​အပါအဝင် မြို့​အချို့​မှာ ပိတ်ပင်လိုက်ပါတယ်။ တိုင်း​ဒေသကြီး​အစိုး​ရက ဒီလ ၆ ရက်​နေ့​မှာ ဆန်ကုန်သည်​တွေကို ​ခေါ်ယူပြီး​ တင်သွင်း​ခွင့်​မရှိ​ကြောင်း​နဲ့​ ​အောင်မြင်သူကုမ္ပဏီတခုတည်း​ပဲ တင်သွင်း​ခွင့်​ရှိ​ကြောင်း​ တကယ်လို့​ တင်သွင်း​ခဲ့​မယ်ဆိုရင် ဆန်အပါအဝင် သယ်​ဆောင်လာတဲ့​ ယာဉ်ပါ အ​ရေး​ယူခံရမယ်လို့​ တိုင်း​ဒေသကြီး​အစိုး​ရ ဝန်ကြီး​ချုပ် ဦး​ခင်​ဇော်ကိုယ်တိုင် ထုတ်ပြန်​ကြေညာလိုက်တာ ဖြစ်ပါတယ်။ ထား​ဝယ်မြို့​ ဆန်ကုန်သည်တဦး​က အခုလို “အဲဒီအစည်း​အ​ဝေး​ခန်း​ထဲမှာ သူတို့​ပြောတဲ့​ ကုန်သည်များ​အ​နေနဲ့​တော့​ တိုက်ရိုက်ဝယ်ယူခွင့်​ မရှိဘူး​။ ​အောင်မြင်သူကုမ္ပဏီထံမှ လက်ငင်း​စနစ်ဖြင့်​ ဝယ်ယူရမည်ဖြစ်​ကြောင်း​ အဲလို​ပြောတယ်။ ​နောက်ပြီး​တော့​ ဆန်ကို လွတ်လပ်စွာ ​ရောင်း​ဝယ်ခွင့်​ရှိသည်ဆိုတာက ထား​ဝယ်မြို့​မှာ ကန့်​သတ်​ဒေသဖြစ်လို့​ ၎င်းခွင့်​ပြုချက်တွင် ထား​ဝယ်မြို့​မပါဝင်​ကြောင်း​ ကုမ္ပဏီမှ ​ရောင်း​ချမည့်​ ဆန်​ဈေး​နှုန်း​များ​ကိုလည်း​ ဝန်ကြီး​ဦး​ခင်​ဇော်မှ သတ်မှတ်​ပေး​မည်ဖြစ်​ကြောင်း​။ ​နောက်ပြီး​ တိုက်ရိုက်သယ်ယူမှုများ​ ရှိခဲ့​ပါက သက်ဆိုင်ရာ ဥပ​ဒေပုဒ်မများ​ဖြင့်​ ကုန်သည်များ​အား​ အ​ရေး​ယူမည်ဖြစ်​ကြောင်း​ တင်သွင်း​လာ​သော ဆန်များ​နှင့်​ ကား​များ​ကိုလည်း​ ဖမ်း​ဆီး​သိမ်း​ယူမည်ဖြစ်​ကြောင်း​၊​ ​ဒေသတွင်း​ ဆန်​ဈေး​နှုန်း​သက်သာရန် ရည်ရွယ်၍ ​အောင်မြင်သူ ကုမ္ပဏီတခုတည်း​ကိုသာ သယ်ယူခွင့်​ပြု​ကြောင်း​နှင့်​ ယခုအစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်များ​ကိုလည်း​ ​ဒေသစား​သုံး​သူများ​ ​ဈေး​နှုန်း​သက်သာစွာဖြင့်​ ဝယ်ယူစား​သုံး​နိုင်ရန် ရည်ရွယ်​ကြောင်း​ ပါရှိသည်။” တိုင်း​ဒေသကြီး​အစိုး​ရက ​ဈေး​နှုန်း​သက်သာ​စေဖို့​လို့​ ဆို​ပေမယ့်​လည်း​ လက်ရှိအ​ခြေအ​နေမှာ​တော့​ သုံး​တင်း​ဝင် ဆန်တအိတ်ကို အမျိုး​အစား​အလိုက် ကုမ္ပဏီ​ရောင်း​ဈေး​က ငါး​ရာကျပ်ဝန်း​ကျင်​လောက် မြင့်​နေတယ်လို့​ ဆိုပါတယ်။ တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​ရဲ့​ အာဏာသုံး​ အမိန့်​ထုတ်ပိတ်ပင်တဲ့​အ​ပေါ်ကိုလည်း​ အဲ့​ဒီဆန်ကုန်သည်ကပဲ အခုလို ​ပြောပါတယ်။ “ကုန်သည်​တွေကို ပြည်သူ​တွေ ​ဈေး​နှုန်း​သက်သာ​အောင်လို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ သူတို့​အခု​ရောင်း​နေတဲ့​ ​ဈေး​နှုန်း​က​တော့​ ကျ​နော်တို့​မြို့​က ကုန်သည်​တွေ ​ရောင်း​တဲ့​ဈေး​နှုန်း​ထက် ၅၀၀ ​လောက် မြင့်​နေပါတယ်။ ​နောက်ပြီး​ အရည်အ​သွေး​ကလည်း​ မ​ကောင်း​ပါဘူး​။ အာဏာနဲ့​ ခြိမ်း​ခြောက်​နေတယ်လို့​ ထင်တယ်။ သူတို့​ ​အောင်မြင်သူ ကုမ္ပဏီနဲ့​ ပူး​ပေါင်း​ပြီး​တော့​ ကျ​နော်တို့​ကို ခြိမ်း​ခြောက်တယ်လို့​ ထင်တယ်။ ကျ​နော်တို့​ လိုချင်တဲ့​ပုံစံက သူတို့​လည်း​ချ ရပါတယ်။ ကျ​နော်တို့​လည်း​ လွတ်လပ်စွာသယ်ယူ​ရောင်း​ချခွင့်​ ​ပေး​တာလိုချင်ပါတယ်။ အခုက နည်း​လမ်း​ကျတဲ့​ နည်း​စနစ်နဲ့​ ကျ​နော်တို့​ကို ​ဖော်ပြ​ပေး​ပေါ့​နော်။ ကျ​နော်တို့​ကို မ​ရောင်း​ချရဘူး​။ မလုပ်ရဘူး​။ ​နောက်ပြီး​ထိမယ်ဆိုပြီး​ အဲလိုပုံစံမျိုး​နဲ့​တော့​ ကျ​နော်တို့​ လက်မခံချင်ပါဘူး​။ ကျ​နော်တို့​ဘက်ကလည်း​ နည်း​လမ်း​ကျကျ ​ရောင်း​ချချင်ပါတယ်။” သမ္မသစ်ဖြစ်လာတဲ့​ ဦး​သိန်း​စိန်က​တော့​ သူ့​ရဲ့​ မိန့်​ခွန်း​တွေထဲမှာ စီး​ပွား​ရေး​နဲ့​ပတ်သက်ပြီး​ ​ဈေး​ကွက်စီး​ပွား​ရေး​ကရလာတဲ့​ အကျိုး​စီး​ပွား​တွေကို အ​ခြေခံ လူတန်း​စား​ ​အောက်​ခြေအဆင့်​ အထိပျံ့​နှံ့​စေရမယ်၊​ လက်ဝါး​ကြီး​အုပ် စနစ်မဖြစ်​အောင် အစိုး​ရက အတိုင်း​အတာ တခုအထိ ထိန်း​ပေး​မှာ ဖြစ်​ပေမယ့်​ တတ်နိုင်သမျှ ဝင်​ရောက် စွက်ဖတ်မှု၊​ ထိန်း​ချုပ်မှု အနည်း​ဆုံး​ ဖြစ်​အောင် ​ဆောင်ရွက်မယ်လို့​ ​ပြောကြား​ထား​ပေမယ့်​ အစိုး​ရအဖွဲ့​သစ်ရဲ့​ တိုင်း​ဒေသကြီး​အစိုး​ရတခုက အခုလို လုပ်​ဆောင်လိုက်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up