A d v e r t i s e m e n t With Us

စစ်​ပြေး​ဒုက္ခသည်က​လေး​ငယ်များ​ ဝမ်း​ပျက်ဝမ်း​လျှော​ရောဂါဖြစ်၊​ သုံး​ဦး​သေဆုံး

တရုတ်-မြန်မာနယ်စပ်ကို ထွက်​ပြေး​တဲ့​ စစ်​ပြေး​ဒုက္ခသည်က​လေး​ငယ်​တွေအကြား​ ဝမ်း​ပျက် ဝမ်း​လျှော​ရောဂါ ကူး​စက်ပျံ့​နှံ့​နေပြီး​ က​လေး​သုံး​ဦး​ ​သေဆုံး​ခဲ့​ပြီး​ပြီလို့​ ဒုက္ခသည်​တွေကို ​စောင့်​ရှောက်ထား​တဲ့​ ​ကေအိုင်အို​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။ “က​လေး​က​တော့​ နှစ်​ယောက်ဆုံး​သွား​တယ်။ အသက် ငါး​နှစ်​လောက်အရွယ်နဲ့​ နှစ်နှစ်​လောက်ရှိတဲ့​အရွယ် တ​နေ့​တည်း​မှာ ဆုံး​သွား​ပါတယ်။ စုစု​ပေါင်း​ ဆုံး​သွား​တာ သုံး​ယောက်ရှိသွား​ပြီ။ ပထမဆုံး​သွား​တဲ့​က​လေး​ အဆုတ်အ​အေး​မိပြီး​ ​ရောက်လာတဲ့​က​လေး​။ ​နောက် က​လေး​နှစ်​ယောက်က ဝမ်း​ရောဂါနဲ့​ပဲ ဆုံး​တယ်။” တရုတ်အစိုး​ရက အိုး​အိမ်စွန့်​ခွာ ထွက်​ပြေး​သူ​တွေကို စစ်​ပြေး​ဒုက္ခသည်အဖြစ် တရား​ဝင် အသိအမှတ်မပြု​သေး​တာ​ကြောင့်​ ဒုက္ခသည်ကယ်ဆယ်​ရေး​အဖွဲ့​တွေ ဝင်​ရောက်နိုင်​ရေး​မှာ အခက်ကြုံ​နေပါတယ်။ အစိုး​ရတပ်​တွေနဲ့​ တိုက်ပွဲပြန်ဖြစ်တဲ့​ လွန်ခဲ့​တဲ့​ တလခန့်​ကတည်း​က နယ်စပ်ကို ထွက်​ပြေး​လာတဲ့​ ဒုက္ခသည်​တွေကို ​ကေအိုင်အိုဌာနချုပ်ရဲ့​ ဂို​ဒေါင်​တွေမှာ ​နေရာချထား​ပေး​ထား​တာပါ။ ဒုက္ခသည်​တွေဟာ ​သောက်သုံး​ရေး​ မသန့်​ရှင်း​မှုအကျိုး​ဆက်၊​ မိလ္လာစနစ် မ​လောက်ငတဲ့​ပြဿနာနဲ့​ ရင်ဆိုင်​နေရသလို လတ်တ​လော ​ဆေး​ရုံမှာ က​လေး​လူနာ သုံး​ရာ​လောက် ​ရောက်ရှိ​နေတယ်လို့​ ​ကေအိုင်အို ​ပြောခွင့်​ရ ဦး​လနန်း​က ​ပြောပါတယ်။ “အခု အဓိကဖြစ်တာက က​လေး​တွေ တုပ်​ကွေး​ဖြစ်​နေကြတယ်။ ဝမ်း​ပျက်တယ်၊​ အဲလို ပြဿနာ​တွေက အများ​ကြီး​ပေါ်​နေကြတယ်။ ဒီထက်ပို ​ရေရှည်မှာ​တော့​ ကျန်း​မာ​ရေး​ပြဿနာက အများ​ကြီး​ ကြုံ​တွေ့​လာနိုင်တယ်။ တရက်ကိုဆိုရင် ​ဆေး​ရုံမှာ ​ဆေး​ခန်း​လာပြတဲ့​လူနာ ပျမ်း​မျှ ၃၀၀ ​လောက်ရှိတယ်။ တုပ်​ကွေး​က ခြင်​ကြောင့်​၊​ ဝမ်း​က ​ရေ​ကြောင့်​ဖြစ်တာပါ။” ဒုက္ခသည်​တွေဟာ တလနီး​ပါး​ကြာတဲ့​တိုင်​အောင် ဖြစ်သလို စား​သောက်​နေထိုင်လို့​ရ​ပေမယ့်​ ခန်း​မတခုတည်း​မှာ လူ​ပေါင်း​များ​စွာကို ​နေရာချထား​ပေး​ရတဲ့​အတွက် က​လေး​တဦး​မှာ ကူး​စက်​ရောဂါဖြစ်ရင် ကျန်က​လေး​တွေကို ကူး​စက်နိုင်တယ့်​ အ​ခြေအ​နေ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ခုလက်ရှိ ကာလအထိ ကူညီ​ထောက်ပံ့​တဲ့​ အဖွဲ့​အစည်း​ တသင်း​တဖွဲ့​မှ မဆက်သွယ်လာ​သေး​ဘူး​လို့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူက ​ပြောပါတယ်။ စစ်ပွဲတလအကြာမှာ စစ်​ပြေး​ဒုက္ခသည် နှစ်​သောင်း​ဝန်း​ကျင်​လောက် ​ရောက်​နေပြီလို့​ ​ကေအိုင်အိုက ထုတ်ပြန်ထား​ပါတယ်။ ဝိုင်း​မော်မြို့​နယ် ပန်​ဖော်​ကျေး​ရွာက​နေ ထွက်​ပြေး​လာပြီး​ လိုင်ဇာ​ရောက်​နေတဲ့​ စစ်​ပြေး​ဒုက္ခသည် အမျိုး​သမီး​တဦး​က ဒုက္ခသည်​တွေအဖို့​ ထွက်​ပေါက်မပိတ်​အောင် ခွင့်​ပြု​စေချင်တာကို ခုလို ​ပြောပြပါတယ်။ “မြန်မာစစ်တပ်နဲ့​တွေ့​မှာစိုး​လို့​ရှင့်​။ သူတို့​တွေ့​ရင် ကျမတို့​ကို မုဒိမ်း​ကျင့်​မှာ​ကြောက်တယ်။ ​ပေါ်တာဆွဲမှာ​ကြောက်တယ်။ ဟိုအရင် စစ်ဖြစ်တုန်း​ကအ​ကြောင်း​ မိဘ​တွေလက်ထက်တုန်း​က နှိပ်စက်တာ​တွေ ​ပြောပြထား​တော့​ ကျမတို့​က ​ကြောက်လို့​ ထွက်​ပြေး​လာခဲ့​ကြတာ။” ဒုက္ခသည်​တွေ စတင်​ပြေး​ကာစက တရုတ်အ​ခြေစိုက် အစိုး​ရမဟုတ်တဲ့​ အဖွဲ့​တခုက ခြင်​ထောင်​တွေ ​စောင်​တွေ လာလှူဖူး​ပြီး​ ​နောက်ပိုင်း​ ဘယ်အဖွဲ့​အစည်း​မှ လာ​ရောက်ကူညီတာမရှိ​တော့​ဘဲ ​ကေအိုင်အိုက ​တောက်​လျှောက် တာဝန်ယူ ​ကျွေး​မွေး​နေရတာလို့​ ဦး​လနန်း​က ​ပြောပါတယ်။ ကချင်​ဒေသနဲ့​ ရှမ်း​မြောက်ဘက်က စစ်​ပြေး​ဒုက္ခသည်​တွေဟာ ထိုင်း​-မြန်မာ နယ်စပ်တ​လျှောက်မှာလို အစိုး​ရမဟုတ်တဲ့​ အဖွဲ့​အစည်း​တွေက ကူညီ​ဆောင်ရွက်တာ မ​တွေ့​ရ​သေး​သလို တရုတ်အစိုး​ရကိုယ်တိုင်ကလည်း​ ဒုက္ခသည်အဖြစ် အသိအမှတ်မပြု​သေး​ဘူး​လို့​ ​ကေအိုင်အို ​ပြောခွင့်​ရသူ ဦး​လနန်း​က ​ပြောပါတယ်။ “ အခုအချိန်မှာ တရုတ်အစိုး​ရက​နေပြီး​တော့​ ဒီမှာ​ရောက်လာတဲ့​ စစ်​ကြောင့်​ ​ရောက်လာတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကို အသိအမှတ်မပြု​သေး​ဘူး​။ နယ်စပ်တ​လျှောက်မှာ တိုက်ပွဲ​တွေ ပြင်း​ပြင်း​ထန်ထန်မရှိ​သေး​ဘူး​။ ဒါ​ကြောင့်​ ဝင်လာတဲ့​လူ​တွေကလည်း​ ဒုက္ခသည်​တွေမဟုတ်ဘူး​ဆိုပြီး​ ဒုက္ခသည်အဖြစ် သတ်မှတ်ခြင်း​ မပြု​သေး​ဘူး​။ အခုထက်ထိ ပြည်နယ်အစိုး​ရလို့​ ​ပြောရမလား​၊​ ခရိုင်အစိုး​ရလို့​ပြောရမလား​၊​ ဒုက္ခသည်နဲ့​ပတ်သက်ပြီး​တော့​ တရား​ဝင် လာကြည့်​တာမျိုး​၊​ စုံစမ်း​တာမျိုး​၊​ သတင်း​မေး​တာမျိုး​ မရှိ​သေး​ဘူး​။” ဒီလို တဖက်က စစ်တိုက်​နေသလို တဖက်ကလည်း​ ဒုက္ခသည်​ထောင်​ပေါင်း​များ​စွာကို ​ကျွေး​မွေး​ထား​တဲ့​ ​ကေအိုင်​အေအဖွဲ့​ကို အစိုး​ရက သုံး​ကြိမ်ထက်မနည်း​ အပစ်အခတ်ရပ်စဲဖို့​ လူလွှတ်ကမ်း​လှမ်း​ခဲ့​ပေမယ့်​ အပစ်အခတ် ရပ်စဲ​ရေး​ ​ဆွေး​နွေး​ပွဲအဆင့်​ကို မ​ရောက်​သေး​ပါဘူး​။ သုံး​ကြိမ်​တွေ့​ဆုံပွဲ​တွေမှာ ​နေအိမ်လယ်ယာပိုင်ဆိုင်မှု​တွေနဲ့​ စာသင်​ကျောင်း​တွေကို စွန့်​လွှတ်ခဲ့​တဲ့​ ဒုက္ခသည်အ​ရေး​ကိစ္စကိုလည်း​ ထည့်​သွင်း​ဆွေး​နွေး​ခြင်း​ မရှိ​သေး​ပါဘူး​။ ဒီဒုက္ခသည်​တွေကို ကချင်အမျိုး​သား​အဖွဲ့​( ​ကေအန်အို) က ဦး​စီး​ပြီး​ အကူညီ​ထောက်ပံ့​ရ​အောင် ​ဆောင်ရွက်​နေပါတယ်။ လွန်ခဲ့​တဲ့​ ဇွန်လကုန်ပိုင်း​မှာ ​ကေအန်အို​ခေါင်း​ဆောင်ပိုင်း​ဟာ united kingdom နိုင်ငံခြား​ရေး​ဌာနက တာဝန်ရှိသူ​တွေနဲ့​ သွား​ရောက်​တွေ့​ဆုံပြီး​ အစိုး​ရနဲ့​ ​ကေအိုင်အိုအကြား​ ဖြစ်ပွား​နေတဲ့​အ​ခြေအ​နေကို ရှင်း​လင်း​ခဲ့​သလို ဒုက္ခသည်​တွေအ​ခြေအ​နေကိုလည်း​ ထည့်​သွင်း​ပြောဆိုခဲ့​ပါတယ်။ ကေအန်အို-ယူ​ကေ အဖွဲ့​တာဝန်ခံ အယ်လ်ဂွန်း​တောင်က အဲဒီ​တွေ့​ဆုံပွဲမှာ ယူ​ကေအစိုး​ရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြု​ရေး​ တရုတ်ကို ဖိအား​ပေး​ရေး​အပါအဝင် တင်ပြချက်သုံး​ခုကို ခုလို ​ပြောပါတယ်။ “ကျ​နော်တို့​ ​တောင်း​ဆိုတာ​တော့​ အချက် (၃) ချက်​ပေါ့​လေ။ မြန်မာအစိုး​ရကို ထိုး​စစ်​တွေရပ်ဆိုင်း​ဖို့​၊​ ​နောက်ပြီး​တော့​ အခုဖြစ်ပျက်​နေတဲ့​ ဒုက္ခသည်ကိစ္စနဲ့​ပတ်သက်လို့​ ယူ​ကေအစိုး​ရက​နေ စစ်​ပြေး​ဒုက္ခသည်​တွေကို ကူညီဖို့​၊​ ​နောက်တခုက​တော့​ တရုတ်ပြည်ကိုလည်း​ ဒုက္ခသည်အ​ရေး​နဲ့​ပတ်သက်ပြီး​ လက်ခံ​ပေး​ဖို့​အတွက် ဖိအား​ပေး​ဖို့​ ယူ​ကေအစိုး​ရကို တိုက်တွန်း​ထား​တာ​တွေရှိတယ်” လို့​ ​ပြောပါတယ်။ မကြာ​သေး​ခင်ကတင် ​ကေအန်အို-ယူ​ကေ က ကချင်ကယ်ဆယ်​ရေး​ရန်ပုံ​ငွေအဖွဲ့​ (kachin relief fund) အမည်နဲ့​ ယူ​ကေအစိုး​ရထံမှာ မှတ်ပုံတင်ထား​လိုက်ပြီလို့​ ​ပြောပါတယ်။ ကေအန်အိုဟာ အာရှ၊​ ဥ​ရောပနဲ့​ အ​မေရိကန် စတဲ့​နိုင်ငံ ခုနှစ်နိုင်ငံမှာ ရုံခွဲ​တွေ ဖွင့်​လှစ်ပြီး​ ကချင်ဒုက္ခသည်​တွေအတွက် အလှူ​ငွေ ​ကောက်ခံလှူဒါန်း​နေပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ ဒုက္ခသည်​တွေလိုပဲ နှစ်​ပေါင်း​ ၂၀ ​ကျော် ထိုင်း​-မြန်မာနယ်စပ်မှာလည်း​ စစ်​ပြေး​ဒုက္ခသည် တသိန်း​သုံး​သောင်း​လောက် ​ရောက်ရှိခိုလှုံ​နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up