DVB Logo
Home
မြန်မာသတင်း
ပုဂံ​ဒေသထိန်း​သိမ်း​ပြုပြင်​ရေး​ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်ပြုလုပ်မည်ဟုဆို
DVB
·
July 11, 2011
ပုဂံ​ဒေသထိန်း​သိမ်း​ပြုပြင်​ရေး​ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်ပြုလုပ်မည်ဟုဆို
Donate to DVB

မိသား​စုပုဂံဘုရား​ဖူး​ ခရီး​စဉ်က ပြန်လာတဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ပုဂံမြို့​ဟောင်း​နဲ့​ ပတ်ဝန်း​ကျင်​ဒေသ​တွေမှာ ပြုပြင်ထိန်း​သိမ်း​ရေး​လုပ်ငန်း​တွေကို ဦး​ဆောင်ပြုလုပ်မယ်လို့​ ​ပြောကြား​လိုက်ပါတယ်။

[caption id="attachment_12575" align="alignleft" width="310" caption="​ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူး​ခရီးစဉ်အတွင်း​ ပုပ္ပါးကျေးရွာ သစ်တောဦးစီးဌာနကို ​လေ့လာနေစဉ်"][/caption]

မြန်မာ့​ရှေး​ဟောင်း​ယဉ်​ကျေး​မှု အ​မွေအနှစ်မြို့​တော် ပုဂံမြို့​ဟောင်း​နဲ့​ အနီး​ပတ်ဝန်း​ကျင် ​ဒေသ​တွေမှာ ယဉ်​ကျေး​မှုပိုင်း​ဆိုင်ရာ ပြုပြင်ထိန်း​သိမ်း​မှု​တွေနဲ့​ အတူ သဘာဝပတ်ဝန်း​ကျင် အပါအဝင် လူမှု​ရေး​မြှင့်​တင်မှု လုပ်ငန်း​တွေကို ပြုလုပ်လိုတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

သူရဲ့​ ၄ ရက်ကြာ မိသား​စု ပုဂံဘုရား​ဖူး​ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ ဒီက​နေ့​ ​နေအိမ်မှာ ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်တာပါ။

ယဉ်​ကျေး​မှု၊​ သဘာဝပတ်ဝန်း​ကျင်နဲ့​ လူမှု​ရေး​တွေ အတွက် ပုဂံမိတ်​ဆွေများ​လို အဖွဲ့​အစည်း​တခု တည်​ထောင်ပြုလုပ်လိုပြီး​ အစိုး​ရဝန်ကြီး​ဌာန​တွေ အပါအဝင် နိုင်ငံတကာ အဖွဲ့​အစည်း​တွေနဲ့​ ပူး​ပေါင်း​ပြုလုပ်ဖို့​ ​ပြောကြား​လိုက်ပါတယ်။

“friends of Bagan လိုဟာမျိုး​ လုပ်ရင်​ကောင်း​မလား​လို့​ စဉ်း​စား​တယ်။ အဲ​တော့​ ပုဂံကို ​ရောက်ဖူး​တဲ့​လူ​တွေ ​ရှေး​ဟောင်း​ အ​မွေအနှစ်​တွေကို တန်ဖိုး​ထား​တဲ့​ လူ​တွေက ဝိုင်း​စုပြီး​တော့​ တကယ့်​ ကျွမ်း​ကျင်သူ​တွေနဲ့​ အ​ကောင်း​ဆုံး​ ဖြစ်​အောင် လုပ်ချင်တယ်။ ​နောက် ပုဂံရဲ့​ ယဉ်​ကျေး​မှုကို ဘယ်လိုအား​ပေး​နိုင်မလဲ။ ပုဂံကို ကူညီတယ်ဆိုတာ ပုဂံအ​ဆောက်အဦ​တွေတင် မဟုတ်ဘူး​။ ပုဂံကို မှီပြီး​တော့​ အသက်​မွေး​ဝမ်း​ကြောင်း​ ရှာ​နေတဲ့​ လူ​တွေကိုလည်း​ နည်း​အမျိုး​မျိုး​နဲ့​ ကူညီနိုင်​အောင်လို့​ အဲလိုဟာမျိုး​ လုပ်ချင်တယ်။ ပုဂံနဲ့​ ​နောက်ပုပ္ပါး​ပတ်ဝန်း​ကျင်မှာ၊​ ပုပ္ပါး​ပတ်ဝန်း​ကျင်ကျ​တော့​ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​နဲ့​ ​ရှေး​ဟောင်း​အ​ဆောက်အဦ ထိန်း​သိမ်း​ရေး​ကို ကျွမ်း​ကျင်သူ​တွေနဲ့​ တိုင်ပင်ပြီး​တော့​ အဲဒီဟာကို စပြီး​တော့​ လုပ်ချင်တယ်။ အစိုး​ရနဲ့​ ပူး​ပေါင်း​နိုင်ရင် အ​ကောင်း​ဆုံး​ပေါ့​။ ယူနက်စကိုနဲ့​လည်း​ တိုင်ပင်မယ်လို့​ စဉ်း​စား​တယ်။ သူတို့​က​တော့​ ဘယ်​လောက် ပါဝင်နိုင်မယ် မသိ​သေး​ဘူး​။”

ဒီက​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဘုရား​ဖူး​ခရီး​စဉ် အတွင်း​ သူမြင်​တွေ့​ခဲ့​ရတဲ့​ ပုဂံရှိ ​ရှေး​ဟောင်း​ အ​ဆောက်အအုံ​တွေကို ပြုပြင် ထိန်း​သိမ်း​ရေး​တွေနဲ့​ အတူ သဘာဝပတ်ဝန်း​ကျင် ပျက်စီး​မှု အ​ခြေအ​နေ​တွေနဲ့​ ပုဂံအနီး​ ပတ်ဝန်း​ကျင် ​ဒေသပြည်သူ​တွေရဲ့​ လူမှု​ရေး​ အ​ခြေအ​နေ စတာ​တွေကို သတင်း​ထောက်​တွေကို အ​သေး​စိတ်ရှင်း​လင်း​ ​ပြောကြား​ခဲ့​ပါတယ်။

ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်က ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အတွက် မကြာခင် စတင်အ​ကောင်အထည် ​ဖော်တဲ့​နေရာမှာလည်း​ ပြည်သူလူထု တရပ်လုံး​အ​နေနဲ့​ အင်တိုက်အား​တိုက် တက်တက်ကြွကြွ ပါဝင်ကူညီ​ဆောင်ရွက် ကြဖို့​လိုတယ်လို့​လည်း​ ထည့်​သွင်း​ ​ပြောကြား​ခဲ့​ပါတယ်။၏

ဒေါ်​အောင်ဆန်း​စုကြည်က ခရီး​စဉ်အတွင်း​ အာနန္ဒာ၊​ သ​ဗ္ဗေညု၊​ မြ​စေတီနဲ့​ မနူဟာဘုရား​တွေကို ဖူး​မြော်ရတဲ့​ ရည်ရွယ်ချက်​တွေကိုလည်း​ အခုလို ​ပြောကြား​ခဲ့​ပါတယ်။

“တခုချင်း​ ​ပြောရမယ်ဆိုရင် အာနန္ဒာ ဘုရား​ကို သွား​ဖူး​ရတဲ့​အ​ကြောင်း​က သူက ကျန်စစ်သား​ကို ရှိခဲ့​တဲ့​ ဗမာဘုရင်​တွေထဲမှာ သ​ဘောကျတယ်။ သူ့​စိတ်ဓာတ်၊​ သူ့​ပြည်သူ​တွေအ​ပေါ်မှာ ထား​တဲ့​မေတ္တာ၊​ ​နောက် သူ့​မှာ သစ္စာတရား​လည်း​ ရှိတယ်။ တကယ်​တော့​ အား​လုံး​သိတဲ့​အတိုင်း​ပဲ ​ရှေး​ရာဇဝင် စာ​တွေထဲမှာ ဘယ်လိုပဲ​ပြော​ပြော၊​ ​နောက်ပိုင်း​ သု​တေသန​တွေထဲမှာ​တော့​ ကျန်စစ်သား​က အ​နော်ရထာနဲ့​ ဘာမှ အမျိုး​တော်တာလည်း​ မဟုတ်ဘူး​။ အင်မတန်​တော်တဲ့​ စစ်သူကြီး​တ​ယောက် ဖြစ်ခဲ့​ပုံရတယ်။ အဲ​တော့​ ကျန်စစ်သား​က သစ္စာရှိလို့​ အ​နော်ရထာရဲ့​ သား​တော်ကို မပုန်ကန်တာ​ပေါ့​။ သစ္စာတရား​လည်း​ ရှိတယ်။ ပြည်သူ​တွေအ​ပေါ်မှာလည်း​ ​မေတ္တာရှိတယ်။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​ ​သွေး​စည်း​ညီညွတ်​ရေး​အတွက် အင်မတန်ကို အ​မြော်အမြင်ရှိတယ်။ အဲဒါ မြ​စေတီ​ကျောက်စာကို ကြည့်​ရင် သိနိုင်တယ်။ ​နောက်ပြီး​တော့​လည်း​ အ​ရေး​ကြီး​ဆုံး​တခုက ဆက်ခံ​ရေး​၊​ သူမရှိတဲ့​အခါကျရင် ဆက်ခံမှုက ​ချော​ချော​မော​မော ဖြစ်​အောင်လို့​ သူ့​လောက် လုပ်သွား​နိုင်တဲ့​လူ မရှိဘူး​လို့​ ကျမထင်တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဗမာသမိုင်း​မှာဆိုရင် ဘုရင်တ​ယောက် မရှိ​တော့​ဘူး​ဆိုရင် တ​ယောက်နဲ့​ တ​ယောက် သတ်လား​ဖြတ်လား​၊​ ပုလ္လင်ကို လုလား​ဆိုတာ အင်မတန် များ​တယ်။ အ​လောင်း​စည်သူကို ဘယ်လိုပဲ ​တော်တယ်​ပြော​ပြော၊​ ​နောက်ဆုံး​ကျ​တော့​ သူ့​သား​က နန်း​လိုချင်လို့​ သူ့​ကို ပြန်ပြီး​တော့​ သတ်တဲ့​အဆင့်​ဖြစ်တယ် မဟုတ်လား​။ ကျန်စစ်သား​ဆိုရင် သူ့​နန်း​တော် သူ့​ရဲ့​ ​မြေး​ကို သူ​ပေး​ခဲ့​တယ်။ အဲဒီဟာလည်း​ တိုင်း​ရင်း​သား​ စည်း​လုံး​ညီညွတ်​ရေး​နဲ့​ ဆိုင်တယ်လို့​ ထင်တယ်။ မွန်​တွေကို စည်း​ရုံး​တဲ့​အ​နေနဲ့​ ဒီက​လေး​ကို ​ရွေး​ခဲ့​တယ်၊​ နန်း​တင်ခဲ့​တယ်။ ဒါ​ပေမယ့်​ သူ့​သား​က ရာဇကုမာရက လုံး​ဝခါး​သီး​တဲ့​ ပုံစံမ​ပေါ်ဘူး​။ ဒီဆက်ခံမှုကို ဘယ်လိုစီစဉ်လည်း​ မသိဘူး​။ အား​လုံး​က​နေ ကြည်ကြည်ဖြူဖြူနဲ့​ လက်ခံ​အောင် စီစဉ်နိုင်ခဲ့​တယ်ဆိုတာ ဒါက အင်မတန် ထူး​ခြား​တဲ့​ အရည်အချင်း​၊​ အထူး​သဖြင့်​ မြန်မာသမိုင်း​မှာ အင်မတန် ထူး​ခြား​တဲ့​ အရည်အချင်း​လို့​ ထင်လို့​ ဒါ​ကြောင့်​မို့​လို့​ အာနန္ဒာကို သွား​ဖူး​တယ်ဆိုတာ ကျန်စစ်မင်း​ကို ​လေး​စား​တဲ့​အ​နေနဲ့​ ဖူး​တာ။

“​နောက် မနူဟာဘုရား​ဆိုတာ အား​လုံး​သိတဲ့​အတိုင်း​ပဲ မနူဟာဘုရင်က မွန်ဘုရင်လည်း​ ဖြစ်တယ်။ ဒါ​ပေမယ့်​ ​သေချာစဉ်း​စား​ကြည့်​ရင် စစ်ရှုံး​ပြီး​တော့​ ပါလာတဲ့​ မွန်ဘုရင်ဆိုရင် ဗမာဟိုတုန်း​က သမိုင်း​စာအုပ်​တွေထဲမှာ ဖတ်လိုက်ရင် မနူဟာမင်း​ကို အား​လုံး​က ​လေး​စား​ကြတဲ့​ပုံ ရှိတယ်။ ဒီအ​နော်ရထာက​တောင် ​ကြောက်တယ်လို့​ ​ပြောတယ်မလား​။ ပါး​စပ်ထဲက​နေ ဝင်း​ဝင်း​ဝင်း​ဝင်း​နဲ့​ ​ရောင်​တော်​တွေ ထွက်လာတယ်ဆိုတာ။ အဲဒါဟုတ်တာ မဟုတ်တာ​တော့​ ထား​လိုက်။ ဒါ​ပေမယ့်​ သူ့​ရဲ့​ အင်မတန် ဂုဏ်သိက္ခာကြီး​မား​ပုံ၊​ ဘုန်း​ကြီး​ပုံကို အား​လုံး​က လက်ခံတယ်။ စစ်ရှုံး​သွား​တာ​တောင်မှ အင်မတန်မှ ​လေး​စား​ထိုက်တဲ့​ ဘုရင်တပါး​ဆိုတာ သိသာတယ်။ အဲဒါ​ကြောင့်​လည်း​ ​လေး​စား​တာ ဖြစ်တယ်။ ​နောက်ပြီး​တော့​ တိုင်း​ရင်း​သား​လည်း​ ဖြစ်တယ်။ ​နောက်ပြီး​တော့​ အကျဉ်း​ကျ ဘဝကို နား​လည်တယ်။ ကျမတို့​အား​လုံး​က အကျဉ်း​ခံဘဝကို ရခဲ့​တဲ့​သူ​တွေ၊​ အများ​စု အန်အယ်လ်ဒီထဲမှာ ဖြစ်​နေတယ်ဆို​တော့​ အဲဒါ​ကြောင့်​လည်း​ မနူဟာဘုရား​ကို သွား​တာ။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်​မြောက် လာပြီး​နောက် သား​ငယ် ကိုထိန်လင်း​နဲ့​ အတူ ပထမဆုံး​ ရန်ကုန်ပြင်ပ ထွက်ခွာခဲ့​တဲ့​ ပုဂံဘုရား​ဖူး​ ခရီး​စဉ်လည်း​ ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က ဒီက​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ လာမယ့်​ ဇူလိုင်လ (၁၉) ရက်​နေ့​မှာ ကျ​ရောက်မယ့်​ ၆၄ နှစ်​မြောက် အာဇာနည် ​နေ့​အခမ်း​အနား​မှာ ဖခင်ဖြစ်သူ မြန်မာ့​လွတ်လပ်​ရေး​ဗိသုကာ ဗိုလ်ချုပ်​အောင်ဆန်း​ကို အာဇာနည်ကုန်း​မှာ သွား​ရောက်ဂါရပြုခွင့်​ ရမရ မသိရ​သေး​ပေမယ့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှာ ကျင်း​ပမယ့်​ အ​ကြောင်း​နဲ့​ သူ့​ရဲ့​ နိုင်ငံ​ရေး​ ခရီး​စဉ်​တွေကိုလည်း​ အဲ့​ဒီ​နောက်ပိုင်း​ကျမှ စီစဉ်​တော့​မယ့်​ အ​ကြောင်း​တွေကိုလည်း​ ​ပြောကြား​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013