A d v e r t i s e m e n t With Us

ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ်တိုက်ပွဲ ၁၁ ဦး​ ​သေဆုံး

ရှမ်း​ြပည်တပ်မ​ေတာ် တပ်ဖွဲ့​ဝင်တဦး​
ရှမ်း​ပြည်​တောင်ပိုင်း​ လွိုင်လင်-​တောင်ကြီး​ ကား​လမ်း​မ​ပေါ်မှာ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ်တို့​ ပြီး​ခဲ့​တဲ့​ ဇူလိုင်လ ၉ ရက်​နေ့​က တိုက်ပွဲဖြစ်ပွား​ခဲ့​လို့​ နှစ်ဖက် ထိခိုက် ​သေဆုံး​ဒဏ်ရာ ရခဲ့​ပါတယ်။ [caption id="attachment_12565" align="alignleft" width="310" caption="ရှမ်း​ပြည်တပ်မ​တော် တပ်ဖွဲ့​ဝင်တဦး​"][/caption] ပင်လုံရဲစခန်း​က ​ထောင်ကျ တရား​ခံ ၂ ဦး​ကို ​တောင်ကြီး​မြို့​နယ် ​တောင်​လေး​လုံး​ရဲဘက်စခန်း​ကို အပို့​ လွိုင်လင်မြို့​အလွန် ​တောင်​နော့​ဝ်ရွာ အ​ရောက်မှာ ရှမ်း​လက်နက်ကိုင်အဖွဲ့​နဲ့​ တိုး​ပြီး​ ပစ်ခတ်မှု ဖြစ်ပွား​ခဲ့​တာလို့​ ​ဒေသခံ​တွေက ဆိုပါတယ်။ အကူ​ရောက်လာတဲ့​ မိုင်း​ပွန်အ​ခြေစိုက် ခမရ ၅၁၃ နဲ့​ ဆက်လက်တိုက်ပွဲဖြစ်ပြီး​ ပင်လုံစခန်း​မှူး​နဲ့​ အတူ အချုပ်သား​ ၂ ဦး​၊​ ယာဉ်​မောင်း​ ၁ ဦး​ အစိုး​ရတပ်သား​ ၂ ဦး​ စုစု​ပေါင်း​ ၆ ဦး​ ​သေဆုံး​ခဲ့​သလို ရှမ်း​တပ်မ​တော်ဘက်က ပစ်တဲ့​လက်နက်ကြီး​ကြောင့်​ ကား​မီး​လောင်သွား​တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။ အက်စ်အက်စ်​အေ အရာရှိတဦး​က “တိုက်ပွဲဖြစ်ပွား​ခဲ့​တာ မှန်ပါတယ်။ အစိုး​ရ တပ်ဘက်က ၉ ဦး​သေဆုံး​ပြီး​ ရှမ်း​တပ်မ​တော်ဘက်က ၂ ဦး​ ​သေဆုံး​ခဲ့​တယ်။ အ​သေး​စိတ်ကို​တော့​ မ​ပြောနိုင်​သေး​ပါဘူး​” လို့​ ​ပြောပါတယ်။ ဌာ​နေပြည်သူ့​စစ် အသွင်​ပြောင်း​ဖို့​ ငြင်း​ဆန်ခဲ့​တဲ့​ ဝမ့်​ဟိုင်း​အ​ခြေစိုက် ရှမ်း​ပြည် တပ်မ​တော်နဲ့​ အစိုး​ရတပ်​တွေဟာ ဒီနှစ်ဆန်း​ပိုင်း​ကတည်း​က တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေတာပါ။ အစိုး​ရဘက်က ကချင်ပြည်နယ်တွင်း​ တိုက်ပွဲ​တွေရပ်​အောင် ကိုယ်စား​လှယ် လွှတ်ပြီး​ ကချင်လွတ်​မြောက်​ရေး​အဖွဲ့​ (​ကေအိုင်အို)နဲ့​ ​စေ့​စပ်​နေ​ပေမယ့်​လည်း​ ရှမ်း​ပြည်နယ်ထဲက တိုက်ပွဲ​တွေ ရပ်စဲဖို့​အတွက် ကိုယ်စား​လှယ်လွှတ်တာ စကား​ပြောတာ​တွေ မရှိ​သေး​ပါဘူး​။ ဒါနဲ့​ပတ်သက်ပြီး​ ရှမ်း​ပြည်တပ်မ​တော် ​ပြောခွင့်​ရပုဂ္ဂိုလ် ဗိုလ်မှူး​ကြီး​ စဝ်ပိုင်ဖက အခုလို ​ပြောပါတယ်။ “ရှမ်း​ပြည်တပ်မ​တော် အ​နေနဲ့​တော့​ ငြိမ်း​ချမ်း​ရေး​ကို လိုလား​တယ်။ ကျ​နော်တို့​ အမြဲတမ်း​ ကြိုဆိုပါတယ်။ နိုင်ငံ​ရေး​ ပြဿနာကို နိုင်ငံ​ရေး​နည်း​နဲ့​ပဲ ​ဖြေရှင်း​လို့​ရတယ်။ စစ်​ရေး​နဲ့​ဖြေရှင်း​တာက ပိုမိုရှုပ်​ထွေး​စေတယ်။ ကျ​နော်တို့​ ရသင့်​တဲ့​အခွင့်​အ​ရေး​ မရလို့​ လက်နက်နဲ့​ ​ဖြေရှင်း​ခြင်း​ ဖြစ်တယ်။ ကျ​နော်တို့​က အစွန်း​ရောက်သမား​တွေ မဟုတ်ပါဘူး​။ အဲဒါ သူတို့​က နယ်​မြေထဲကို လာပြီး​ ကျူး​ကျော်တယ်။ ပြည်သူလူထုကို လာဒုက္ခ​ပေး​တဲ့​ဟာကို ကျ​နော်တို့​ ကာကွယ်ပိုင်ခွင့်​ ရှိတယ်။”

A d v e r t i s e m e n t With Us

More News
Up