A d v e r t i s e m e n t With Us

နှိပ်စက်ခံက​လေး​ ​မောင်ထိပ်ကွက်အမှု ဇူလိုင် ၁၃ ရက် အမိန့်​ချမည်

မောငျထိပျကှကျ (​ချေါ) စိုး​ထကျ​အောငျ
ဧရာဝတီတိုင်း​ ဟင်္သာတမြို့​က ၉ နှစ်အရွယ် မိဘမဲ့​က​လေး​ငယ် ​မောင်ထိပ်ကွက် (​ခေါ်) စိုး​ထက်​အောင် အပြင်း​အထန် နှိပ်စက်ခံရမှုနဲ့​ ပတ်သက်ပြီး​ ဒီ​နေ့​ နှစ်ဖက်စလုံး​ရဲ့​ အပြီး​သတ်​လျှောက်လဲချက်ကို ကြား​နာခဲ့​ပါတယ်။ [caption id="attachment_12556" align="alignleft" width="310" caption="​မောင်ထိပ်ကွက် (​ခေါ်) စိုး​ထက်​အောင်"][/caption] လာမယ့်​ ဇူလိုင်လ ၁၃ ရက်​နေ့​မှာ တရား​ရုံး​က​နေ အမိန့်​ချမှတ်မယ်လို့​ ​မောင်ထိပ်ကွက်ဘက်က နိုင်ငံ​တော်​ရှေ့​နေ လိုက်​ပေး​တဲ့​ ဦး​မောင်​မောင်ကြည်ဝင်း​က ​ပြောပါတယ်။ တရား​ရုံး​က အမိန့်​ချမှတ်တဲ့​အ​ပေါ်မှာ မူတည်ပြီး​ ခရိုင်တရား​ရုံး​ကို ဆက်တက်သင့်​ မသင့်​ ဆုံး​ဖြတ်မယ်လို့​ ဦး​မောင်​မောင်ကြည်ဝင်း​က ​ပြောပါတယ်။ “အမှုအ​ခြေအ​နေက​တော့​ ​လျှောက်လဲချက် ​ပေး​ထား​တဲ့​ အဆင့်​ပါပဲ။ တရား​ခံဘက်ကလည်း​ သူ့​တရား​ခံ သက်သာဖို့​အတွက်ကို ​ဆောင်ရွက်​ပေး​နေတာ။ ဒါ​ပေမယ့်​ ဥပ​ဒေနဲ့​အညီ ပြစ်ဒဏ်ကျခံနိုင်​ရေး​ကို ကျ​နော်တို့​ ဥပ​ဒေရုံး​အ​နေနဲ့​ ​ဆောင်ရွက်​နေပါတယ်။ ပြစ်ဒဏ်ချမှတ်တာနဲ့​ ပတ်သက်လို့​ ကျ​နော်တို့​ သ​ဘောမတူတဲ့​ဘက်က (နိုင်ငံ​တော်ဘက်က) ဥပ​ဒေရုံး​က​နေပြီး​ ပြစ်ဒဏ်နဲ့​ပတ်သက်လို့​ နည်း​တယ်လို့​ ယူဆရှိရင် အထက်ရုံး​ကို ပြင်ဆင်မှုတက်ပါမယ်။ တကယ်လို့​ တရား​ခံဘက်က များ​တယ်လို့​ ယူဆရင် သူက ခရိုင်ရုံး​ကို အယူခံတက်ပါလိမ့်​မယ်။” မိဘမဲ့​က​လေး​ ​မောင်ထိပ်ကွက်ဟာ you and me လက်ဖက်ရည်ဆိုင်မှာ စား​ပွဲထိုး​အဖြစ်လုပ်ကိုင်ပြီး​ ဆိုင်ရှင်သမက် ကိုစနိုး​က ကြိုး​တုပ်ရိုက်နှက်၊​ မီး​ပူနဲ့​ ကိုယ်လုံး​တွေကို ကပ်လို့​ ဒဏ်ရာ အပြင်း​အထန် ရခဲ့​ပါတယ်။ ဒီကိစ္စမှာ ကိုစနိုး​ရဲ့​ ဇနီး​သည်ပါ ပါဝင်တယ်လို့​ ကာယကံရှင် က​လေး​ငယ်က ​ပြောပါတယ်။ သူ့​အတွက် အမှတ် (၁) ရဲစခန်း​က တရား​လိုအဖြစ် အမှုဖွင့်​ ​ဆောင်ရွက်ခဲ့​တာဖြစ်ပြီး​ နှိပ်စက်သူ ကိုစနိုး​ကို ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၃၂၆ အပြင်း​အထန် နာကျင်​စေမှုနဲ့​ ပုဒ်မ ၃၄၂ မတရား​ချုပ်​နှောင်မှု စတဲ့​ ပုဒ်မနှစ်ခုနဲ့​ တရား​စွဲဆိုထား​တာ ဖြစ်ပါတယ်။ အခုလ ၄ ရက်​နေ့​က အမှု စတင်စစ်​ဆေး​ခဲ့​တာ ဖြစ်ပြီး​ ဒီ​နေ့​မှာ​တော့​ ​နောက်ဆုံး​ အပြီး​သတ် ​လျှောက်လဲချက်ပေး​ပြီး​ လာမယ့်​ ၁၃ ရက်​နေ့​ အမိန်ချမှတ်ဖို့​ ချိန်း​ဆိုထား​တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up