DVB Logo
Home
မြန်မာသတင်း
တပ်​ပြေး​ က​လေး​စစ်သား​ကို ပြန်လည်ဖမ်း​ဆီး​နှိပ်စက်
DVB
·
July 11, 2011
တပ်​ပြေး​ က​လေး​စစ်သား​ကို ပြန်လည်ဖမ်း​ဆီး​နှိပ်စက်
Donate to DVB

က​လေး​စစ်သား​အဖြစ် အဓမ္မစု​ဆောင်း​ခံရပြီး​ မိဘဆီ ပြန်လည်ထွက်​ပြေး​လာတဲ့​ အသက် ၁၅ နှစ်အရွယ် ​မောင်​ရေချမ်း​ကို တပ်က ပြန်လည်ဖမ်း​ဆီး​နှိပ်စက်​နေတယ်လို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။

ရန်ကုန်တိုင်း​ လှိုင်သာယာ အမှတ် ၁၂ ရပ်ကွက်မှာ​နေတဲ့​ ဦး​ညီညီနိုင်နဲ့​ ​ဒေါ်စပယ်ရဲ့​သား​ကြီး​ ​မောင်​ရေချမ်း​ဟာ ဖခင်နဲ့​စကား​များ​ပြီး​ အိမ်က​နေထွက်​ပြေး​ချိန် က​လေး​စစ်သား​အဖြစ် စု​ဆောင်း​ခံခဲ့​ရပါတယ်။

အိမ်ကထွက်သွား​ပြီး​ ၄ လကြာမှ မိဘ​တွေကို သူဟာ သထုံ​လေ့​ကျင့်​ရေး​ တပ်စု ၁ မှာ ​ရောက်ရှိ​နေ​ကြောင်း​ ​ပြောပါတယ်။ ၂၀၀၉ ခုနှစ်က စစ်တပ်ထဲ သွတ်သွင်း​ခံရချိန် ​မောင်​ရေချမ်း​ဟာ အသက် ၁၃ နှစ်သာ ရှိ​သေး​ပေမယ့်​ စစ်တပ်က ပြန်လည်​ခေါ်ယူခွင့်​ မ​ပေး​ဘဲ ရှမ်း​ပြည် ခမရ ၃၁၂ ကို ပို့​ခဲ့​တယ်လို့​ မိခင်ဖြစ်သူ ​ဒေါ်စပယ် က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ၂၀၁၁ ခုနှစ် ​မေလမှာ ​မောင်​ရေချမ်း​ဟာ တပ်က​နေ အိမ်ကို ပြန်​ရောက်လာခဲ့​ပြီး​ ၁၂ ရက်အကြာမှာ လှိုင်သာယာရဲနဲ့​ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​က ဖမ်း​ဆီး​ပြီး​ လှိုင်သာယာ ရဲအချုပ်မှာ မိခင်နဲ့​ ​တွေ့​ခွင့်​မ​ပေး​ဘဲ ချုပ်​နှောင်ပြီး​ တပ်ထဲ ပြန်သွင်း​ခဲ့​ပါတယ်။

ဇွန်လမှာ ​မောင်​ရေချမ်း​ဟာ ​နောက်ခါ တပ်က​နေ ပြန်ထွက်​ပြေး​လာခဲ့​ပြီး​ အိမ်မှာ ၁ လ​လောက် ​နေရချိန် ဇူလိုင်လ ၅ ရက်​နေ့​မှာ လှိုင်သာယာရဲ၊​ ကြက်​ခြေနီ၊​ မီး​သတ်နဲ့​ ရယက​တွေ အပါအဝင် အင်အား​ ၅ဝ ​လောက်နဲ့​ ​နေအိမ်မှာ လာ​ရောက် ဝိုင်း​ဝန်း​ဖမ်း​ဆီး​သွား​ပြီး​ ခုချိန်ထိ သား​ဖြစ်သူကို ​တွေ့​ခွင့်​မရဘူး​လို့​ ​မောင်​ရေချမ်း​ရဲ့​ အ​မေ ​ဒေါ်စပယ်က ​ပြောပါတယ်။

“၇ လပိုင်း​၊​ ၅ ရက်​နေ့​ ည ၁၁ နာရီမှာ ဖမ်း​ဆီး​သွား​ခဲ့​ပါတယ်။ ရပ်ကွက် လူကြီး​ရယ်၊​ ​နောက် မီး​သတ်တပ်ကြပ်ကြီး​တွေရယ် ဝိုင်း​ပြီး​ ရိုက်ပုတ်၊​ ဖမ်း​ဆီး​ပြီး​တော့​ လှိုင်သာယာရဲစခန်း​ကို ပို့​လိုက်ပါတယ်။ ရဲစခန်း​က​နေ ၃ ရက်အကြာမှာ အုတ်ကျင်း​တပ်ထိန်း (၃) ကို ​မောင်​ရေချမ်း​ကို ပို့​ခဲ့​ပါတယ်။ အချုပ်ခန်း​ကို ကျမက ​တောင်း​ပန်ပြီး​တော့​ လိုက်သွား​ပါတယ်။ စစ်တပ်ထဲကို ပြန်​ခေါ်သွား​ရင် သူ့​ကိုယ်သူ သတ်​သေမယ်လို့​ ကျမသား​လေး​က ​ပြောခဲ့​ပါတယ်။ အဲဒီမှာလည်း​ နှိပ်စက်ညှဉ်း​ပန်း​ခံရတယ်။”

မောင်​ရေချမ်း​ဟာ တပ်က​နေ ထွက်​ပြေး​တာ ဒီတကြိမ်နဲ့​ဆိုရင် သုံး​ကြိမ်ရှိသွား​ပြီ ဖြစ်ပြီး​ ပထမနဲ့​ ဒုတိယအကြိမ်​တွေမှာလည်း​ ပြန်လည် ဖမ်း​ဆီး​သွား​ပြီး​ ညှဉ်း​ပန်း​နှိပ်စက်တာကို ခံခဲ့​ရတယ်လို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။

အသက် ၁၅ နှစ်ပဲရှိ​သေး​တဲ့​ ​မောင်​ရေချမ်း​ကို တပ်မ​တော်အရာရှိ​တွေက ပြန်လွှတ်​ပေး​ဖို့​လည်း​ မိခင်ဖြစ်သူက ​တောင်း​ဆိုပါတယ်။

“ကျမအ​နေနဲ့​က​တော့​ ကျမသား​လေး​ကို လွတ်လွတ်ကျွတ်ကျွတ်နဲ့​ ​နေ​စေချင်တယ်။ တပ်မ​တော်မှာ တာဝန်ထမ်း​ဆောင်တာကို လွတ်​စေချင်တယ်။ အကူအညီ​တောင်း​ချင်တယ်။ အခုလို ကျမခံစား​သလို သူတို့​မခံစား​ရပါ​စေနဲ့​လို့​၊​ ကျမသား​လေး​ကိုလည်း​ လွတ်လွတ်လပ်လပ်နဲ့​ သွား​လာနိုင်ပါ​စေလို့​ ဆု​တောင်း​ပါတယ်။ ​နောက်တခါ က​လေး​တွေကို ဒီလိုမလုပ်ပါနဲ့​လို့​ ကျမ ​တောင်း​ဆိုချင်ပါတယ်။”

မောင်​ရေချမ်း​ ပြန်လည်လွတ်​မြောက်ဖို့​အတွက်လည်း​ က​လေး​စစ်သား​အ​ရေး​ ကူညီ​ဆောင်ရွက်​နေတဲ့​ HRDP လူ့​အခွင့်​အ​ရေး​အဖွဲ့​ကလည်း​ အိုင်အယ်လ်အိုကို ကူညီ တိုင်ကြား​ပေး​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013