A d v e r t i s e m e n t With Us

နိုင်ငံရေး အကျဉ်းသူ တဦး ကျန်း​မာ​ရေး​ စိုး​ရိမ်ရ

အင်းစိန် အက်ဥ်းေထာင်္ (ဓာတ်ပ့ု-ေအအကအက်ဖ်ပီ)
ဖခင်ရဲ့​ နိုင်ငံ​ရေး​လှုပ်ရှား​မှု​ကြောင့်​ မိသား​စုအလိုက် ​ထောင်ကျခံ​နေရတဲ့​ ရခိုင်ပြည်နယ် ဘူးသီး​တောင်မြို့​နယ်အမတ် ဦး​ကျော်မင်း​ရဲ့​ သမီး​ကြီး​ မခင်ခင်နုဟာ အင်း​စိန်​ထောင်တွင်း​ ​ဆေး​ရုံမှာ တက်​ရောက် ကုသ​နေရပါတယ်။ [caption id="attachment_12543" align="alignleft" width="310" caption="အင်း​စိန်​ထောင်(ဓာတ်ပုံ-အေအက်ဖ်ပီ)"][/caption] အင်း​စိန်​ထောင်နဲ့​ နီး​စပ်သူတဦး​က “မခင်ခင်နုက အသည်း​ရောင် အသား​ဝါ စီပိုး​ဖြစ်တယ်လို့​ ​ပြောတယ်။ အင်း​စိန်​ထောင်​ဆေး​ရုံမှာပဲ။ အ​ခြေအ​နေ မ​ကောင်း​ဘူး​လို့​ ​ပြောတယ်ခင်ဗျ။ ​ရေ​တောင်မှ မဝင်ဘူး​လို့​ ​ပြောတယ်ခင်ဗျ။ သုံး​လေး​ရက်ရှိ​နေပြီခင်ဗျ” လို့​ ​ပြောပါတယ်။ မခင်ခင်နုဟာ စစ်အစိုး​ရက ပညာတတ်ဖခင် ဦး​ကျော်မင်း​ရဲ့​ နိုင်ငံ​ရေး​ လုပ်​ဆောင်ချက်​တွေကို အငြိုး​အ​တေး​ထား​ပြီး​ မိသား​စုလိုက် ပြစ်ဒဏ်စီရင်ရာမှာ ​ထောင်ဒဏ် စီရင်ခံရသူတဦး​ ဖြစ်ပါတယ်။ အမျိုး​သား​လူ့​အခွင့်​အ​ရေး​နဲ့​ ဒီမိုကရက်ပါတီဝင် ရခိုင်ပြည်နယ် ဘူး​သီး​တောင် မြို့​နယ် အမတ် ဦး​ကျော်မင်း​ကို ပြည်သူ့​လွှတ်​တော် ကိုယ်စား​ပြု​ကော်မတီဝင် အဖြစ်က​နေ နုတ်ထွက်ပြီး​ အမျိုး​သား​ညီလာခံကို တက်​ရောက်ဖို့​ အာဏာပိုင်​တွေက ဖိအား​ပေး​တာကို ငြင်း​ဆန်ခဲ့​ပြီး​ ​နောက်မှာ သူ့​ကို ၂၀၀၅ ခုနှစ် မတ်လမှာ ဖမ်း​ဆီး​ခဲ့​သလို သူ့​ဇနီး​ ​ဒေါ်​ကေသီဇာနဲ့​သား​ ကို​အောင်နိုင်၊​ သမီး​ကြီး​ မခင်ခင်နု၊​ သမီး​ငယ် မ​ဝေ​ဝေနုတို့​ကို အဲဒီနှစ်​မေလမှာ ဖမ်း​ဆီး​ခဲ့​ပါတယ်။ ဖခင်ဦး​ကျော်မင်း​ကို လဝက အက်ဥပ​ဒေပုဒ်မ ၁၈၊​ နိုင်ငံ​တော်လုံခြုံ​ရေး​ အက်ဥပ​ဒေ​တွေနဲ့​ ​ထောင်ဒဏ် ၄၇ နှစ်စီရင်ခဲ့​သလို ဇနီး​နဲ့​သား​သမီး​ ၃) ဦး​ကိုလည်း​ လဝက အက်ဥပ​ဒေပုဒ်မ (၁၈) နဲ့​ ​ထောင်ဒဏ် ၁၇ နှစ်စီရင်ခဲ့​ပြီး​ အင်း​စိန်​ထောင်မှာ ချုပ်​နှောင်ထား​တာဖြစ်ပါတယ်။ ဦး​ကျော်မင်း​ဟာ နိုင်ငံသား​တွေကို သာခွင့်​ပြုတဲ့​ ရန်ကုန်စီး​ပွား​ရေး​ တက္ကသိုလ်က ဘွဲ့​ရသလို ရန်ကုန်ပညာ​ရေး​တက္ကသိုလ်ကပါ ဘီအီး​ဒီဘွဲ့​ လက်မှတ်ရခဲ့​သူ ဖြစ်ပါတယ်။ သူဟာ မြို့​နယ်လက်​ထောက်ပညာ​ရေး​မှူး​၊​ အလယ်တန်း​ကျောင်း​အုပ်ကြီး​ စတဲ့​ တာဝန်​တွေကို ထမ်း​ခဲ့​ဖူး​သူ ဖြစ်​ပေမယ့်​ တရား​ရုံး​က လူဝင်မှုကြီး​ကြပ်​ရေး​ အက်ဥပ​ဒေနဲ့​ စွဲဆိုပြစ်ဒဏ်ချထား​တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up