A d v e r t i s e m e n t With Us

ကေအိုင်​အေက ထိန်း​ချုပ်​မြေထဲဝင်လာသူများ​ကို စစ်​ဆေး

အခုလ (၉) ရက်​နေ့​က ကချင်ပြည်နယ် မံစီမြို့​နယ် ပ​လောင်ဒိန်ဆာရွာအနီး​မှာ ​မော်​တော်ယာဉ်နဲ့​ စီး​နင်း​လာသူ အရပ်သား​ (၁၂) ဦး​ကို လမ်း​လုံခြုံ​ရေး​ယူထား​တဲ့​ ​ကေအိုင်​အေတပ်က ​ခေါ်ယူ​မေး​မြန်း​ခဲ့​ပြီး​တဲ့​နောက် ပြန်ခွင့်​ပေး​လိုက်ပြီလို့​ ​ကေအိုင်​အေက ​ပြောပါတယ်။ ကေအိုင်အို​ပြောခွင့်​ရသူ ဦး​လနန်း​က “မံစီမြို့​နယ် ကိုက်ထိပ်ဘက်မှာ သူတို့​ရဲ့​ ကုန်ကား​ထင်တယ်။ လမ်း​မှာပျက်သွား​လို့​ သွား​ဆွဲယူဖို့​ လာကြတယ်။ သူတို့​ အုပ်စုလိုက်ကြီး​ ကား​နဲ့​ဝင်လာ​တော့​ ဘယ်လိုလဲဆိုပြီး​တော့​ ရပ်ပြီး​တော့​ ​မေး​မြန်း​ပြီး​ အထက်ကို တင်ပြပါတယ်။ ​မေး​မြန်း​ပြီး​ အဲဒီညက မိုး​ချုပ်သွား​တော့​ တညအိပ်တယ်။ မ​နေ့​က​ပေါ့​နော် ပြန်လွှတ်လိုက်ပါပြီ။ သူတို့​တပ်ဖွဲ့​ဝင်​တွေ မဟုတ်ပါဘူး​” လို့​ ​ပြောပါတယ်။ အဲဒီ ၁၂ ဦး​ထဲမှာ မံစီပြည်သူ့​စစ် စီး​ပွား​ရေး​ဌာနက ဝန်ထမ်း​ (၃) ဦး​နဲ့​ အရပ်သား​ (၉) ဦး​ ဖြစ်တယ်လို့​ ဆိုပါတယ်။ စစ်အစိုး​ရလက်ထက် အပစ်ရပ်အဖွဲ့​တွေ နယ်ခြား​စောင့်​တပ် ​ပြောင်း​လဲ​ရေး​ စီမံကိန်း​ရဲ့​ ရလဒ်အဖြစ် လက်ရှိအစိုး​ရတပ်နဲ့​ ​ကေအိုင်အိုကြား​ ဇွန် (၉) ရက်​နေ့​က စတင်တိုက်ခိုက်​နေတာဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​နိုင်ဖို့​ နှစ်ဘက်တာဝန်ရှိသူ​တွေ သုံး​ကြိမ်ထက်မနည်း​ ​တွေ့​ဆုံပြီး​ဖြစ်​ပေမယ့်​ အပစ်ရပ်​ရေး​ ​ဆွေး​နွေး​တဲ့​အဆင့်​ မ​ရောက်​သေး​ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up