နှိပ်စက်ခံကလေးငယ်ကို ကူညီချင်သူများသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်
DVB
·
July 8, 2011
ဟင်္သာတမြို့က နှိပ်စက်ခံရတဲ့ ၉ နှစ် အရွယ် ကလေးငယ်ရဲ့ ဖြစ်အင်ကို စာနာပြီး အကူအညီပေးလိုတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဟင်္သာတမြို့မှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ဥာဏာလင်္ကာရ ဖုန်းနံပါတ် ၀၉ ၈၅၈၀ ၂၀၄ ကို တိုက်ရိုက် ဆက်သွယ်ပြီး ကူညီနိုင်ပါတယ်။ ဆရာတော် အရှင်ဥာဏာလင်္ကာရဟာ ဟင်္သာတမြို့မှာ အခမဲ့စာသင်ကျောင်းဖွင့်လှစ်ခြင်း၊ အောက်ဆီဂျင်နဲ့ သွေး အခမဲ့ လှူဒါန်းနေခြင်း၊ နှလုံးလှ နာရေးကူညီမှုအသင်း ထူထောင်ကူညီခြင်းတွေကို လက်ရှိ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။