ဘားအံမြို့တွင် နေအိမ် ၃ လုံး မီးလောင်ကျွမ်း (ရုပ်သံ)
DVB
·
November 26, 2015

နိုဝင်ဘာ ၂၅ ရက်ည ၇ နာရီကျော်လောက်က ဘားအံမြို့ အမှတ် ၅ ရပ်ကွက် ဥယျာဉ် ၂ လမ်းမှာ လူနေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။
မီးစလောင်းကျွမ်းပြီး ၁၅ မိနစ်လောက်မှာ မီးသတ်ကား ၄ စီး၊ မြို့မိမြို့ဖ မီးသတ်ယာဉ် ၂ စီး လာရောက် ငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်ကျွမ်းခံရတဲ့ အိမ်ပိုင်ရှင်ဖြစ်သူကတော့ အခင်းဖြစ်ပွားချိန် နေအိမ်မှာ ရှိမနေခဲ့ပါဘူး။
ဒါကြောင့် တံခါးပိတ်ထားတဲ့ နေအိမ် လောင်ကျွမ်းခဲ့တာကို မီးသတ်တပ်ဖွဲ့တွေနဲ့ ဘေးပတ်ဝန်းကျင်က ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ကြရပါတယ်။
နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ရပြီး သေဆုံးဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ ဘေးအိမ်နီးချင်းတွေ ပြောပြချက်အရ မီးအားမြှင့်စက် အသံမြည်ပြီး သိပ်မကြာခင်မှာပဲ မီးလောင်ကျွမ်းတာကို မြင်ရတာလို့ သိရပါတယ်။
ရုပ်သံ - ဇော်ရဲထက်